Zawgyi Version…
လုပ်ငန်းသုံးကားများကို ထုတ်လုပ်ဖြန့်ချိလျက်ရှိသည့် Damiler အုပ်စုဝင်တစ်ခုဖြစ်သော FUSO ၏လုပ်ငန်းသုံး ကားများကို ရောင်းချပေးနေသော FUSO Myanmar အနေဖြင့် ယခုနှစ်အတွင်း အရောင်းပြခန်းသစ်ကြီးကို ရန်ကုန်မြို့ အမှတ် ၃ လမ်းမပေါ်၊သစ်ဆိပ်ကုန်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်တွင်ဖွင့်လှစ်တော့မည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က Shwe Pyi Resort တွင်ပြု လုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် FUSO တာဝန်ရှိ သူများမှ အတည်ပြုပြောကြားသွားခဲ့သည်။ အဆိုပါ FUSO 4S အရောင်းပြခန်းသစ်ကြီးတွင် အရောင်း(Sale)၊ အပိုပစ္စည်း(Spare Parts)၊ဝန်ဆောင်မှု(Aftersales service)၊ ဆေးမှုတ်ခြင်း(Body Painting) စသည့်ဝန် ဆောင်မှုများကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်ရောင်းချခဲ့ပြီးနောက် ၂တန်မှ ၆၅တန်အထိ FUSO ကုန်တင် ယာဉ်အသစ်များကို ရန်ကုန်နှင့်မန္တလေးနှစ်မြို့ရှိ FUSO Showroom များတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါတွေ့ဆုံမှုတွင် နှစ် ၁၀၀ ပြည့် Jardine Cycle & Carriage အကြောင်း၊ Cycle & Carriage Myanmar ဖြစ်တည်လာပုံနှင့် Fuso Truck များအကြောင်းကို အပြည့်အစုံရှင်းလင်းပြောကြားသွားခဲ့သည်။ FUSO ကို အရည်အသွေး၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ တိကျလှပပြီး အသုံးဝင်သော ဒီဇိုင်းနှင့် အာမခံချက် ပေးနိုင်သော ဝန်ဆောင်မှုများ ရှိသည့် အဓိကအချက် (၄)ချက်ပေါ်တွင် အခြေခံထုတ်လုပ်ထားသည်ဟု သိရသည်။
FUSO မှလုပ်ငန်းသုံးကားများဖြစ်သော ၂ တန်မှ ၅တန်ထိ ခံနိုင်ဝန်ရှိသော Canter ၁၀ပေ ၁၄ ပေထရပ်ကားများ၊ ၆တန်မှ၈တန်ခံနိုင်ဝန်ရှိသော FA,FI ကုန်တင်ထရပ်ကားများ၊ (6.5 m3 မှ 16m3ထိ) ဝန်သယ်နိုင်သော ၆ဘီး ၁၀ဘီး FI,FJ model Tipper Body ကုန်ကားများ၊ 7m3Mixer, Hook lift, Fuel Tanker, LPG taner, Wind Body box, Refrigerator Box, Dry Box နှင့် Curtain Slider အမျိုးအစားများ၊ ကုန်တင်ယာဉ်မျိုးစုံအပြင် တန်၄၀ မှ ၆၅တန်ထိဆွဲနိုင်သော FZ,FV,TV model ခြောက်ဘီးနှင့် ဆယ်ဘီး ခေါင်းတွဲများကို မြင်းကောင်ရေ (280 Hp မှ 400 Hpထိ)လည်းကောင်း၊ ခရီးသည် ၃၀မှ ၃၄ယောက်စီး ROSA မီနီဘတ်စ်များစသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့်ခရီးသွားလာရေးလုပ်ငန်းသုံးကားအမျိုးမျိုးကိုဖြန့်ချိရောင်းချပေးလျက်ရှိပါသည်။
FUSO သည် Daimler Truck ကုမ္ပဏီအောက်ရှိ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အာရှ၊အာဖရိက၊ လက် တင်အ မေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသ နေရာစုများတွင် သုံးစွဲနေသော အမှတ်တံ ဆိပ်တစ်ခုဖြစ်ပါသည်။ တစ်ဆက်တည်းတွင် FUSO ကားများကို တရုတ်နှစ်သစ် ကူးအထူးအစီ အစဉ်များဖြင့်ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်မှ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့အထိ Heavy Duty Truck များဖြစ်သော TV ဆယ်ဘီးခေါင်းတွဲ၊FZ ခြောက်ဘီးနှင့် ဆယ်ဘီးခေါင်းတွဲများ၊ FV ဆယ်ဘီးခေါင်းတွဲ၊ FJ Tipper,Mixer,Hook Lift,Tanker,Wind Body, Refrigerator Box,Dry Box နှင့် Curtin Slider လုပ်ငန်းသုံးများကို ဝယ်ယူသူတိုင်း ကီလိုမီတာ ၂ သိန်းအထိပြုပြင်ထိန်းသိမ်းမှုကို အခမဲ့ဝန် ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ဒေါ်လာ ၅၈၈၈၈ မှစတင်သည့်အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်ဟုလည်း သိရသည်။







Unicode Version…
FUSO 4S အေရာင္းျပခန္းသစ္ၾကီးကို ယခုႏွစ္အတြင္း ရန္ကုန္ျမိဳ႕တြင္ဖြင္႔လွစ္မည္
လုပ္ငန္းသံုးကားမၽားကို ထုတ္လုပ္ျဖန္႔ခၽိလၽက္ရွိသည့္ Damiler အုပ္စုဝင္တစ္ခုျဖစ္ေသာ FUSO ၏လုပ္ငန္းသံုး ကားမၽားကို ေရာင္းခ်ေပးေနေသာ FUSO Myanmar အေနျဖင့္ ယခုႏွစ္အတြင္း အေရာင္းျပခန္းသစ္ၾကီးကို ရန္ကုန္ျမိဳ႔ အမွတ္ ၃ လမ္းမေပၚ၊သစ္ဆိပ္ကုန္းရပ္ကြက္၊မဂၤလာဒုံျမိဳ႕နယ္တြင္ဖြင္႔လွစ္ေတာ့မည္ဟု ျပီးခဲ့သည့္ ဇန္နဝါရီ ၃၀ ရက္ေန႕က Shwe Pyi Resort တြင္ျပဳ လုပ္ေသာ မီဒီယာမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ FUSO တာဝန္ရွိ သူမ်ားမွ အတည္ျပဳေျပာၾကားသြားခဲ့သည္။ အဆုိပါ FUSO 4S အေရာင္းျပခန္းသစ္ၾကီးတြင္ အေရာင္း(Sale)၊ အပုိပစၥည္း(Spare Parts)၊ဝန္ေဆာင္မွဳ(Aftersales service)၊ ေဆးမွဳတ္ျခင္း(Body Painting) စသည့္ဝန္ ေဆာင္မွဳမ်ားကုိ တစ္ေနရာတည္းတြင္ ျပဳလုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္းလည္း သိရသည္။ ၂၀၁၄ ခုႏွစ္တြင္ ျပည္တြင္းေစၽးကြက္အတြင္းသုိ႔ စတင္ေရာင္းခၽခဲ႔ျပီးေနာက္ ၂တန္မွ ၆၅တန္အထိ FUSO ကုန္တင္ ယာဥ္အသစ္မၽားကို ရန္ကုန္ႏွင့္မႏၱေလးႏွစ္ျမိဳ႕ရွိ FUSO Showroom မၽားတြင္ ေရာင္းခ်ေပးလ်က္ရွိသည္။
အဆုိပါေတြ႕ဆုံမွဳတြင္ ႏွစ္ ၁၀၀ ျပည့္ Jardine Cycle & Carriage အေၾကာင္း၊ Cycle & Carriage Myanmar ျဖစ္တည္လာပုံႏွင့္ Fuso Truck မ်ားအေၾကာင္းကုိ အျပည့္အစုံရွင္းလင္းေျပာၾကားသြားခဲ့သည္။ FUSO ကို အရည္အေသြး၊ စီးပြားေရးအရ တြက္ေျခကိုက္ျခင္း၊ တိကၽလွပျပီး အသံုးဝင္ေသာ ဒီဇိုင္းႏွင့္ အာမခံခၽက္ ေပးႏိုင္ေသာ ဝန္ေဆာင္မွဳမၽား ရွိသည္႔ အဓိကအခၽက္ (၄)ခၽက္ေပၚတြင္ အေျခခံထုတ္လုပ္ထားသည္ဟု သိရသည္။
FUSO မွလုပ္ငန္းသံဳးကားမၽားျဖစ္ေသာ ၂ တန္မွ ၅တန္ထိ ခံနိုင္ဝန္ရွိေသာ Canter ၁၀ေပ ၁၄ ေပထရပ္ကားမၽား၊ ၆တန္မွ၈တန္ခံႏိုင္ဝန္ရွိေသာ FA,FI ကုန္တင္ထရပ္ကားမၽား၊ (6.5 m3 မွ 16m3ထိ) ဝန္သယ္ႏိုင္ေသာ ၆ဘီး ၁၀ဘီး FI,FJ model Tipper Body ကုန္ကားမၽား၊ 7m3Mixer, Hook lift, Fuel Tanker, LPG taner, Wind Body box, Refrigerator Box, Dry Box ႏွင့္ Curtain Slider အမၽိဳးအစားမၽား၊ ကုန္တင္ယာဥ္မၽိဳးစံုအျပင္ တန္၄၀ မွ ၆၅တန္ထိဆြဲႏိုင္ေသာ FZ,FV,TV model ေျခာက္ဘီးႏွင့္ ဆယ္ဘီး ေခါင္းတြဲမၽားကို ျမင္းေကာင္ေရ (280 Hp မွ 400 Hpထိ)လည္းေကာင္း၊ ခရီးသည္ ၃၀မွ ၃၄ေယာက္စီး ROSA မီနီဘတ္စ္မၽားစသည့္ေဆာက္လုပ္ေရးလုပ္ငန္းသံုးႏွင့္ခရီးသြားလာေရးလုပ္ငန္းသံုးကားအမၽိဳးမၽိဳးကိုျဖန္႔ခၽိေရာင္းခၽေပးလၽက္ရွိပါသည္။
FUSO သည္ Daimler Truck ကုမၸဏီေအာက္ရွိ အမွတ္တံဆိပ္တစ္ခုျဖစ္ျပီး အာရွ၊အာဖရိက၊ လက္ တင္အ ေမရိက၊ ဥေရာပႏွင့္ အေရွ႕အလယ္ပိုင္းေဒသ ေနရာစုမၽားတြင္ သံုးစြဲေနေသာ အမွတ္တံ ဆိပ္တစ္ခုျဖစ္ပါသည္။ တစ္ဆက္တည္းတြင္ FUSO ကားမ်ားကုိ တရုတ္ႏွစ္သစ္ ကူးအထူးအစီ အစဥ္မၽားျဖင္႔ေရာင္းခၽမည္ျဖစ္ျပီး ဇန္နဝါရီလ ၁၅ ရက္မွ ေဖေဖၚဝါရီလ ၁၅ ရက္ေန႕အထိ Heavy Duty Truck မ်ားျဖစ္ေသာ TV ဆယ္ဘီးေခါင္းတြဲ၊FZ ေျခာက္ဘီးႏွင့္ ဆယ္ဘီးေခါင္းတြဲမ်ား၊ FV ဆယ္ဘီးေခါင္းတြဲ၊ FJ Tipper,Mixer,Hook Lift,Tanker,Wind Body, Refrigerator Box,Dry Box ႏွင့္ Curtin Slider လုပ္ငန္းသုံးမ်ားကုိ ဝယ္ယူသူတုိင္း ကီလုိမီတာ ၂ သိန္းအထိျပဳျပင္ထိန္းသိမ္းမွဳကုိ အခမဲ့ဝန္ ေဆာင္မွဳ ေပးသြားမည္ျဖစ္ျပီး ေဒၚလာ ၅၈၈၈၈ မွစတင္သည့္အထူးေလွ်ာ့ေစ်းမ်ားျဖင့္ ေရာင္းခ်ေပးမည္ဟုလည္း သိရသည္။