Unicode version…

FUSO Myanmar ၏ ပထမဆုံး 3S Showroomကို မန္တလေးမြို့တွင်ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ၄၃၁၈၃ စတုရန်းပေကျယ်ဝန်းသော 3S အရောင်းပြခန်းတွင် အရောင်း (Sales)၊ ၀န်ဆောင်မှု (Service) နှင့် အပိုပစ္စည်း (Spare Parts) အစရှိသည်တို့ကို ၀န်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဓိကအရောင်းခန်းမတွင် အခန်း(၇)ခန်းပါ၀င်ပြီး Aftersalesဘက်တွင် ယာဉ်မောင်းများနားနေခန်းအပါအဝင် အခန်း ၅ခန်းပါ၀င်ပါသည်။
ဤအရောင်းပြခန်းအတွင်းတွင် FUSO ကုန်တင်ယာဉ်(၂)စီးအထိ ပြသထားနိုင်မည်ဖြစ်ကာ အရောင်းပြ ခန်းဘေးရှိစတုရန်းပေ ၅၀၀၀ကျော် ကျယ်ဝန်းသော AFTERSALES အဆောက်အဦးတွင် ကုန်တင်ယာဉ် ၁၂စီးအထိ ရပ်နားနိုင်မည်ဖြစ်သလို ကျယ်ဝန်းသော WORK BAY (၃)ခုပါရှိပြီး တစ်ကြိမ်လျှင် ကုန်တင်ယာဉ်(၂)စီးအထိ တစ်ပြိုင်နက်ရေဆေးနိုင်သော WASH BAYတစ်ခုလည်း သီးခြားပါရှိပါသည်။
ဝယ်ယူသူများအား စိတ်တိုင်းကျဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်အတွက် FUSO MYANMAR၏ မန်နေဂျာနှင့် ဝန်ထမ်းများအားလုံးကိုလည်း လိုအပ်သော ပြည်တွင်းနှင့်ပြည်ပရှိ သင်တန်းများ တက်ရောက်ထားစေပြီး ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ဝယ်ယူသူများအတွက်လည်း ယာဉ်ကို အပြည့်အဝအသုံးပြုနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ကုန်ပစ္စည်းနှင့်ပတ်သက်သော သင်တန်းများ၊ ယာဉ်မောင်း သင်တန်းများကို လည်း စီစဉ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မန္တလေးမြို့ရှိ 3Sအရောင်းပြခန်းဖွင့်လှစ်ခြင်းနှင့်အတူ FUSO MYANMAR က CSRအစီအစဉ်တစ်ခုကိုလည်း စတင်သွားမည်ဖြစ်သည်။ ထိုအစီအစဉ်အရ FUSO ကုန်တင်ယာဉ်တစ်စီးရောင်းချရတိုင်း စာကြည့်တိုက် လိုအပ်နေသော ကျောင်းများသို့ FUSO MYANMARမှ အလှူငွေများ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ခဲ့သော FUSO MYANMAR အနေဖြင့် တရားဝင် မိတ်ဆက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထိုအခမ်းအနားတွင် အထက်မြန်မာနိုင်ငံအတွက် Fuso TV 3340s ကိုပါ မိတ်ဆက်သွားခဲ့သည်။ TV 3340S TRACTORကုန်တင်ယာဉ်သည် ပျှမ်းမျှတန်ချိန် ၆၅ တန် တင်ဆောင်နိုင်ပြီး မြင်းကောင်ရေအား ၄၀၀ရှိပြီး၊ ဆလင်ဒါ၆လုံး ပါဝင်သော၊ ၁၁.၉၇လီတာဆန့် OM457 အင်ဂျင်တပ်ဆင်ထားသည့် ပထမဆုံး FUSO ကုန်တင်ယာဉ်ဖြစ်သည်။ ယခုမော်ဒယ်တွင် ဂီယာ(၁၂) ချက်ပါ ဝင်ပြီး ကုန်တင်ယာဉ်အတွင်းခန်းတွင်ယာဉ်မောင်းအိပ်ရနေရာပါ၀င်သော ကျယ်ဝန်းသည့်ခေါင်းခန်း ပါရှိပါ သည်။ DAIMLER TECHNOLOGY စံညွှန်းအတိုင်း ထုတ်လုပ်ထားသော FUSO TV 3340Sအား မြန်မာနိုင်ငံ စျေးကွက်ရှိ ကွန်တိန်နာသယ်ယူပို့ဆောင်သူများ၏ လိုအပ်ချက်အတိုင်း မြင့်မားသောစွမ်းအင်နှင့် ဆီစားနှုန်း အထူးသက်သာစေရန် သေချာစွာ ဒီဇိုင်းထုတ်လုပ်တည်ဆောက်ထားကြောင်းလည်းသိရသည်။
FUSO 3S အရောင်းပြခန်းသစ်သည် မန္တလေးမြို့ အမရပူရမြို့နယ် (၆၂)လမ်း (ကနောင်မင်းသား ကြီးလမ်း တောင်ဘက်နှင့် ဆွယ်တော်ဘတ်စ်ကားဂိတ်ကြား)တွင် တည်ရှိပြီး နေ့စဉ် မနက် 8:30မှ ညနေ 6:00အထိ ၀န်ဆောင်မှုများ ပေးသွားမည်ဖြစ်သည်။

DCIM100MEDIADJI_0224.JPG

Zawgyi version…

FUSO Myanmar ၏ ပထမဆံုး 3S Showroomကို မႏၱေလးျမိဳ႕တြင္ျပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ အဆုိပါ ၄၃၁၈၃ စတုရန္းေပက်ယ္၀န္းေသာ 3S အေရာင္းျပခန္းတြင္ အေရာင္း (Sales)၊ ၀န္ေဆာင္မႈ (Service) ႏွင့္ အပိုပစၥည္း (Spare Parts) အစရွိသည္တို႔ကို ၀န္ေဆာင္ မႈေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ အဓိကအေရာင္းခန္းမတြင္ အခန္း(၇)ခန္းပါ၀င္ျပီး Aftersalesဘက္တြင္ ယာဥ္ေမာင္းမ်ားနားေနခန္းအပါအ၀င္ အခန္း ၅ခန္းပါ၀င္ပါသည္။
ဤအေရာင္းျပခန္းအတြင္းတြင္ FUSO ကုန္တင္ယာဥ္(၂)စီးအထိ ျပသထားႏိုင္မည္ျဖစ္ကာ အေရာင္းျပ ခန္းေဘးရွိစတုရန္းေပ ၅၀၀၀ေက်ာ္ က်ယ္၀န္းေသာ AFTERSALES အေဆာက္အဦးတြင္ ကုန္တင္ယာဥ္ ၁၂စီးအထိ ရပ္နားႏိုင္မည္ျဖစ္သလုိ က်ယ္၀န္းေသာ WORK BAY (၃)ခုပါရွိျပီး တစ္ၾကိမ္လွ်င္ ကုန္တင္ယာဥ္(၂)စီးအထိ တစ္ျပိဳင္နက္ေရေဆးႏိုင္ေသာ WASH BAYတစ္ခုလည္း သီးျခားပါရွိပါသည္။
ဝယ္ယူသူမ်ားအား စိတ္တိုင္းက်၀န္ေဆာင္မႈမ်ား ေပးစြမ္းႏိုင္ရန္အတြက္ FUSO MYANMAR၏ မန္ေနဂ်ာႏွင့္ ဝန္ထမ္းမ်ားအားလံုးကိုလည္း လိုအပ္ေသာ ျပည္တြင္းႏွင့္ျပည္ပရွိ သင္တန္းမ်ား တက္ေရာက္ထားေစျပီး ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ဝယ္ယူသူမ်ားအတြက္လည္း ယာဥ္ကို အျပည့္အဝအသံုးျပဳႏိုင္ေရးႏွင့္ အႏၱရာယ္ကင္းရွင္းေရးအတြက္ ကုန္ပစၥည္းႏွင့္ပတ္သက္ေသာ သင္တန္းမ်ား၊ ယာဥ္ေမာင္း သင္တန္းမ်ားကို လည္း စီစဥ္ေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။
မႏၱေလးျမိဳ႕ရွိ 3Sအေရာင္းျပခန္းဖြင့္လွစ္ျခင္းႏွင့္အတူ FUSO MYANMAR က CSRအစီအစဥ္တစ္ခုကိုလည္း စတင္သြားမည္ျဖစ္သည္။ ထိုအစီအစဥ္အရ FUSO ကုန္တင္ယာဥ္တစ္စီးေရာင္းခ်ရတိုင္း စာၾကည့္တိုက္ လိုအပ္ေနေသာ ေက်ာင္းမ်ားသို႔ FUSO MYANMARမွ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။ ၂၀၁၄ခုႏွစ္မွစ၍ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းမ်ား စတင္ခဲ့ေသာ FUSO MYANMAR အေနျဖင့္ တရား၀င္ မိတ္ဆက္ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ ထုိအခမ္းအနားတြင္ အထက္ျမန္မာႏိုင္ငံအတြက္ Fuso TV 3340s ကိုပါ မိတ္ဆက္သြားခဲ့သည္။ TV 3340S TRACTORကုန္တင္ယာဥ္သည္ ပွ်မ္းမွ်တန္ခ်ိန္ ၆၅ တန္ တင္ေဆာင္ႏိုင္ျပီး ျမင္းေကာင္ေရအား ၄၀၀ရွိျပီး၊ ဆလင္ဒါ၆လုံး ပါဝင္ေသာ၊ ၁၁.၉၇လီတာဆန္႔ OM457 အင္ဂ်င္တပ္ဆင္ထားသည့္ ပထမဆံုး FUSO ကုန္တင္ယာဥ္ျဖစ္သည္။ ယခုေမာ္ဒယ္တြင္ ဂီယာ(၁၂) ခ်က္ပါ ဝင္ျပီး ကုန္တင္ယာဥ္အတြင္းခန္းတြင္ယာဥ္ေမာင္းအိပ္ရေနရာပါ၀င္ေသာ က်ယ္ဝန္းသည့္ေခါင္းခန္း ပါရွိပါ သည္။ DAIMLER TECHNOLOGY စံညႊန္းအတိုင္း ထုတ္လုပ္ထားေသာ FUSO TV 3340Sအား ျမန္မာႏိုင္ငံ ေစ်းကြက္ရွိ ကြန္တိန္နာသယ္ယူပို႔ေဆာင္သူမ်ား၏ လိုအပ္ခ်က္အတိုင္း ျမင့္မားေသာစြမ္းအင္ႏွင့္ ဆီစားႏႈန္း အထူးသက္သာေစရန္ ေသခ်ာစြာ ဒီဇိုင္းထုတ္လုပ္တည္ေဆာက္ထားေၾကာင္းလည္းသိရသည္။
FUSO 3S အေရာင္းျပခန္းသစ္သည္ မႏၱေလးျမိဳ႕ အမရပူရျမိဳ႕နယ္ (၆၂)လမ္း (ကေနာင္မင္းသား ၾကီးလမ္း ေတာင္ဘက္ႏွင့္ ဆြယ္ေတာ္ဘတ္စ္ကားဂိတ္ၾကား)တြင္ တည္ရွိျပီး ေန႔စဥ္ မနက္ 8:30မွ ညေန 6:00အထိ ၀န္ေဆာင္မႈမ်ား ေပးသြားမည္ျဖစ္သည္။