Unicode version…

အခုတစ်ခါတော့ ကျွန်တော်တို့ ပြည်တွင်း စျေးကွက်အတွက် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းကောင်း၊ ၀န်တင်ဆောင်နိုင်မှု ကောင်းကောင်းနဲ့ နယ်ရော ရန်ကုန်မှာပါ လူကြိုက်များတဲ့ ကားအမျိုးအစား Pick-up Truckတွေ အကြောင်း ကြည့်ရအောင်ပါ။ အစက ပြည်တွင်းမှာ Vigoတွေပဲ လူကြိုက်များပါတယ်၊ သူနဲ့ ပြိုင်ဖက်ဆိုလို့ Nissan Navaraလောက်ပဲ ရှိပေမယ့် Fordပါ စျေးကွက်ဝင်လာပြီး နောက်ပိုင်း Rangerတွေပါ နေရာတိုင်းမှာ တွေ့ရလောက်အောင် လူကြိုက်များလာတာပါ။ ကောင်းပါပြီ၊ ဒါဆို အခု မော်ဒယ် သုံးခုထဲမှာ ဘယ်မော်ဒယ်က ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ် ဖြစ်လာမှာပါလဲ။

အားသာချက် …

Ranger – ခရီးဝေး စိတ်ကြိုက်မောင်းနှင်နိုင်တယ်၊ ၀န်တင်ဆောင်နိုင်မှု ကောင်းတယ်၊ ရေရှည်စိတ်ချရတယ်

Vigo – ဆွဲဆောင်မှု အားကောင်းတယ်၊ ဆီစားနှုန်း ချိုသာတယ်၊ မော်ဒယ်စုံ ရနိုင်တယ်

Navara – Single, Double, Extra အစုံရနိုင်တယ်၊ ဆီစားနှုန်း သက်သာတယ်၊ စျေးနှုန်းချိုသာတယ်

အားနည်းချက် …

Ranger – ဆီစားနှုန်း များချင်တယ်၊ အပိုပစ္စည်း ရှားချင်တယ်၊ မော်ဒယ်ရွေးချယ်နိုင်မှု နည်းတယ်

Vigo – စျေးမြင့်ချင်တယ်၊ ရေရှည်စိတ်ချရမှု အားနည်းချင်တယ်၊ မြန်နှုန်းမြင့်မောင်းနှင်ချိန် ဆူညံသံပေးချင်တယ်

Navara – ဆေးသားအကျမြန်ချင်တယ်၊ အရောင်ရွေးချယ်နိုင်မှု အားနည်းတယ်၊ ဆွဲဆောင်မှု အားနည်းတယ်

ကိုယ်ထည်ပိုင်း …

မော်ဒယ်တွေထဲမှာ ဆွဲဆောင်မှု အကောင်းဆုံးကတော့ Vigoပါ။ အာရှတွေရဲ့ မျက်မြင်မှာစိတ်ကြိုက်ဖြစ်အောင် ဂျပန်အခြေစိုက် ကုမ္ပဏီက ဖန်တီးထုတ်လုပ်ထားနိုင်တာ တွေ့ရပါတယ်။ ကိုယ်ထည် အမျိုးအစားမှာတော့ Singleအနေနဲ့ရော Doubleအဖြစ်နဲ့ရော Extra အနေနဲ့ပါ မော်ဒယ် ၃ခုလုံးကရနိုင်ပါတယ်။ ဆေးသားပိုင်းမှာတော့ Rangerက အပြာနဲ့ အနီလိုတောက်ပတဲ့ အရောင်တွေနဲ့ ပိုလှသလို Vigoကလည်း အဖြူ၊ အနက်လို ပြည်တွင်း စိတ်ကြိုက် အရောင်တွေနဲ့ လာပါတယ်။ Navaraတစ်မျိုးတည်းပဲ ဆေးသားလည်း အကျမြန်ချင်သလို အရောင် ရွေးချယ်နိုင်မှုလည်း အားနည်းချင်တာ တွေ့ရပါတယ်။ ဒီတော့ ကိုယ်ထည်ပိုင်း ဆွဲဆောင်မှုအပိုင်းအတွက် Rangerနဲ့ Vigoကို ရွေးချယ်ရမှာပါ။ ပွဲတက်အနေနဲ့ပါ အဆင်ပြေဖို့အတွက်ကတော့ Vigoရဲ့ နောက်ဖက် Steelကိုင်းတွေ၊ ကိုယ်ထည်ချိုးဆစ်မှုတွေ၊ ဖောင်းကြွတွေက ပိုကောင်းပါတယ်၊ Rangerကတော့ တည်ငြိမ်မှုရှိတဲ့ ရုပ်ထွက််နဲ့ ဖြစ်ပါတယ်။ နောက်ဖက် အမိုးတပ်ဆင်နိုင်မှု အပိုင်းမှာတော့ Rangerက အားသာချက် တစ်ချက် ပိုရှိပါတယ်။ ဒါပေမယ့် SUV မော်ဒယ် မဟုတ်တဲ့ အနေအထားမှာ နောက်ဖက် အမိုး တပ်ဆင်နိုင်မှုကို ခဏမေ့ထားပါရစေ။ ဒါဆို Truckအနေနဲ့ပဲ ရုပ်ထွက်ပိုင်းက Hummerလို ရုပ်ထွက်နဲ့ပါ ဆင်တဲ့ Vigoကို ပထမပေးချင်ပါတယ်။ Rangerကိုတော့ တည်ငြိမ်မှု အပြည့်နဲ့ ဒုတိယ နေရာမှာထားပြီး Navaraကိုတော့ တတိယပဲ သတ်မှတ်ပါရစေ။

အင်ဂျင်ပိုင်း …

Truckတန်းဝင် မော်ဒယ်တွေဖြစ်လို့ ခရီးဝေးမောင်းနှင်ဖို့၊ ၀န်တင်ဆောင်ဖို့ရာ အင်ဂျင်သေးသေးကိုတော့ တပ်ဆင်ထားတာ မဟုတ်ပါဘူး။ Rangerဆိုရင် အသေးဆုံး ၂.၂လီတာသုံး အင်ဂျင်တပ် အနေအထားကနေ ၃.၂လီတာသုံး အင်ဂျင်လောက်ထိအောင် စျေးကွက်မှာ ရနိုင်ပါတယ်။ ဓါတ်ဆီရော ဒီဇယ်အင်ဂျင်အဖြစ်တွေပါ။ နောက်ထပ် Vigoဆိုရင် စျေးကွက်မှာ ၂.၅လီတာသုံးနဲ့ ၃.၀လီတာသုံး အင်ဂျင်တွေ အဖြစ် ရနိုင်တာပါ။ Singleလို နောက်ဖက် ၀န်တင်ခန်းကျယ်ကျယ်နဲ့ ၀န် အရမ်းတင်ဆောင်ချင်သူတွေ အတွက်ကတော့ ၃.၀လီတာသုံး အကြီးဆုံး အနေအထားက နည်းနည်း အားနည်းနေချင်သေးမှာပါ။ နောက်ဆုံး Navaraကို ကြည့်ရအောင်ပါ။ ပြည်တွင်းမှာ အတွေ့ရ အများဆုံး ဖြစ်တဲ့ ၂၀၀၅ခုနှစ် နောက်ပိုင်းထုတ် မော်ဒယ်တွေ ဆိုရင် အသေးဆုံး ၂.၅လီတာသုံးအင်ဂျင်ကနေ ၃.၀လီတာသုံးနဲ့ ၄.၀လီတာသုံး အင်ဂျင်တွေထိအောင် ရနိုင်မှာပါ။ ဒီအချက်ကတော့ စွမ်းဆောင်ရည်မြင့်မြင့် လိုချင်သူတွေ အတွက် စိတ်ကြိုက်ဖြစ်လာနိုင်ပါတယ်။ Turbo diesel အနေနဲ့လည်း ရနိုင်လာတဲ့ တစ်ချက်က စိတ်ဝင်စားစရာပါ။ ဒီတော့ အင်ဂျင်ပိုင်းမှာ မော်ဒယ် သုံးခုလုံးက ရွေးချယ်ရခက်လောက်အောင် အကောင်းဆုံး ဖြစ်နေပါတယ်။ ကောင်းပါပြီ အရေးကြီးတဲ့ ဆီစားနှုန်း တစ်ချက်လောက်ကို ပြန်ကြည့်ပါ့မယ်။ Vigoနဲ့ Navaraလို ဂျပန် မော်ဒယ်တွေကတော့ ဆီစား ပိုနည်းပါတယ်။ အင်ဂျင်ရွေးချယ်နိုင်မှု အများဆုံး Navara, Ranger, Vigoပါ၊ ဆီစားအနည်းဆုံး Vigo, Navara, Rangerပါ။ ဒါဆို Navara ၅မှတ်၊ Ranger ၃မှတ်၊ Vigo၄မှတ်ပါ။ ဒီတော့ အခု အပိုင်းမှာ Navaraကို ပထမ၊ Vigoကို ဒုတိယနဲ့ Rangerကို တတိယပေးချင်ပါတယ်နော်။

စျေးကွက်ဝင် အနေအထား …

၂၀၀၅ခုနှစ်ကနေ နောက်ပိုင်း မော်ဒယ်တွေ အနေနဲ့ အများဆုံး စျေးကွက်ဝင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ကွက်ပျောက်လို့ ဒေသအခေါ် အဝင်များမှု၊ နည်းမှု အပိုင်းမှာတော့ Vigoက နေရာတကာမှာ တွေ့နိုင်လောက်အောင် ပေါပါတယ်၊ တစ်နိုင်တစ်ပိုင် ကားပွဲစားတန်းမှာလည်း Vigoရပါတယ်၊ ကားအရောင်းပြခန်းတွေမှာလည်း ရနိုင်ပါတယ်။ သူပြီးရင်တော့ ဂျပန် Usedကားအဖြစ် စျေးကွက်ဝင်နေတဲ့ Navaraက ပေါပါတယ်။ Rangerက စျေးကွက်ဝင်မှု များလာပေမယ့် ဂျပန်မော်ဒယ် နှစ်ခုလောက်တော့ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမယ့် သဘောကျစရာ တစ်ချက်ရှိတာက Rangerကို Ford Showroomမှာ အသစ် အနေနဲ့ ရနိုင်တာပဲ ဖြစ်ပါတယ်။ Brand Newလိုချင်သူတွေ အတွက်ကတော့ စိတ်ဝင်စားစရာပါ။ ထို့နည်းတူ Vigoလည်း စျေးမြင့်ပေမယ့် အသစ် အနေနဲ့ ရနိုင်ပါတယ်။ Navaraတစ်ခုတည်းပဲ အသစ် အနေနဲ့ ရနိုင်ဖို့ အားနည်းသွားချင်ပါတယ်။ မော်ဒယ်စုံ ရနိုင်ပေမယ့် ရေရှည်စိတ်ချရမှု၊ ကီလို၊ ဆေးသား၊ အားလုံးပိုင်းမှာတော့ အမေရိကထုတ် မော်ဒယ်က မော်ဒယ်နှစ် နိမ့်နေရင်တောင် စိတ်ချရပါသေးတယ်၊ ပြီးရင်တော့ ဆေးသားငြိမ်တဲ့ Vigoကလည်း သဘောကျစရာပါ။ Navaraကတော့ ဆေးသားအကျပါ မြန်လို့ Usedကား အနေနဲ့ ဆိုရင် စျေးချိုချင်ပေမယ့် နည်းနည်း စိတ်ကြိုက် မဖြစ်ချင်ပါဘူး။ ဟုတ်ပါပြီ၊ ဒါဆို အခု အပိုင်းမှာတော့ အသစ် အနေနဲ့လည်း ရနိုင်၊ Usedအနေနဲ့လည်း ရနိုင်တဲ့ Rangerနဲ့ Vigoကို ပူးတွဲ ပထမ ပေးရမှာပါ။ Navaraကတော့ နောက်မှာ ကျန်နေပါလိမ့်မယ်။

သုံးသပ်ချက် …

ပြည်တွင်းမှာ Usedအနေနဲ့ စျေးကွက်ဝင်မှု အပိုင်းမှာတော့ မော်ဒယ် ၃ခုထဲမှာ စျေးအချိုဆုံးက Rangerနဲ့ Navaraပါပဲ။ ဒါက မော်ဒယ်နိမ့်၊ ထုတ်လုပ်နှစ် တူသည့်တိုင်အောင် စျေးနှုန်း ချိုသာချင်တာ ဖြစ်ပါတယ်။ အထက်မှာ ကျွန်တော်တို့ အပိုင်း တစ်ပိုင်းချင်းစီကို ဘယ်မော်ဒယ် အကောင်းဆုံး ဖြစ်မယ် ဆိုတာ ရွေးချယ်ခဲ့ကြပြီး ဖြစ်လို့ အခု အပိုင်းကတော့ အမှတ်တွေ ပေါင်းရမယ့် သဘောပါ။ ကိုယ်ထည်ပိုင်းမှာ Vigoက ဗိုလ်စွဲထားခဲ့ပါတယ်၊ အင်ဂျင်ပိုင်းမှာ Navaraကို တစ်ပေးထားပါတယ်၊စျေးကွက်ဝင် အနေအထားမှာတော့ Rangerက ပူးတွဲ ပထမရထားပါတယ်။ ဒီတော့ တစ်ခုလောက် ပြန်စဉ်းစားကြည့်ရအောင်ပါ။ အရင်ဆုံး Rangerကမော်ဒယ်နိမ့်လည်းရနိုင်တယ်၊ စျေးလည်းချိုတယ်၊ အသစ် အနေနဲ့လည်း ရနိုင်တယ်၊ စျေးချိုတယ်၊ ရုပ်ထွက်တည်ငြိမ်တယ်၊ ၂၀၀၀ပြည့်နှစ် ၀န်းကျင်ကမော်ဒယ်တွေထက်စာရင် ဆီစားလည်း ချိုလာတယ်၊ အင်ဂျင် အရွယ်အစား ရွေးချယ်နိုင်မှုလည်း များပြားလာတယ်၊ သဘောကျစရာပါ၊ နောက်ထပ် Vigo သူက မော်ဒယ် နိမ့်လည်း ရနိုင်တယ်၊ အသစ်လည်း ၀င်တယ်၊ ဒါပေမယ့် Rangerထက်တော့ စျေးမြင့်ချင်နေတယ်၊ ဆီစားနှုန်းကတော့ ချိုသာတယ်၊ အရောင်၊ ရုပ်ထွက်၊ အပိုပစ္စည်း အားလုံး စိတ်ကြိုက်ရနိုင်တယ်၊

ဒါဆို သူက အပိ်ုပစ္စည်း အပိုင်းမှာ Rangerထက် နှာတစ်ဖျားသာသွားတယ်၊ကနဦး စျေးနှုန်းလည်း နည်းနည်း မြင့်ချင်နေတာက လွဲရင်ပေါ့။ နောက်ဆုံး Navaraကတော့ မော်ဒယ်စုံဝင်တာ မှန်ပေမယ့် မော်ဒယ်နိမ့်ရင် ဆေးသားကျချင်နေတယ်၊ အသစ် အနေနဲ့ မရနိုင်သေးဘူး၊ စျေးနှုန်းချိုသာတာ မှန်ပေမယ့် ပွဲတက်အဖြစ် အဆင်မပြေချင်ဘူး၊ ဆီစားသင့်တယ်၊ အပိုပစ္စည်း ဒီလောက် မပေါဘူး။ ဒါဆို အထက်မှာလည်း ရလဒ်ကောင်းမှု နည်းခဲ့တဲ့ Navaraကို အခု မော်ဒယ်သုံးခုထဲမှာ တတိယ အကောင်းဆုံး မော်ဒယ် အဖြစ်နဲ့ပဲ သတ်မှတ်လိုက်ချင်ပါတယ်။ Vigoနဲ့ Rangerမှာ တစ်ခုက စျေးသက်သာတယ်၊ တစ်ခုက အပိုပစ္စည်း ပေါတယ်၊ ကျန်တဲ့ အားသာချက် အားနည်းချက် အတူတူလောက်ပါပဲ။ ဘယ်သူ့ကို တစ်ပေးချင်ပါသလဲ။ အရည်အသွေးချင်း အတူတူ၊ စွမ်းဆောင်ရည်ချင်း အတူတူ အနေအထားမှာ ကျွန်တော်ကတော့ စျေးနည်းနည်း ပိုပေးရမယ့် ပွဲတက်အဖြစ်ပါ ကောင်းကောင်း အဆင်ပြေမယ်လို့ ယူဆတဲ့ Vigoကို တစ်ပေးချင်ပါတယ်။ ဒါက ကျွန်တော့် အမြင်ပါ။ မော်ဒယ်နှစ်ခုကတော့ အကောင်းဆုံး အနေအထားတွေပါပဲနော်။

လင်းထက် (IA)

Zawgyi version…

အခုတစ္ခါေတာ့ ကၽြန္ေတာ္တို႔ ျပည္တြင္း ေစ်းကြက္အတြက္ လမ္းၾကမ္းပိုင္း စြမ္းေဆာင္ရည္ ေကာင္းေကာင္း၊ ၀န္တင္ေဆာင္ႏုိင္မႈ ေကာင္းေကာင္းနဲ႔ နယ္ေရာ ရန္ကုန္မွာပါ လူႀကိဳက္မ်ားတဲ့ ကားအမ်ိဳးအစား Pick-up Truckေတြ အေၾကာင္း ၾကည့္ရေအာင္ပါ။ အစက ျပည္တြင္းမွာ Vigoေတြပဲ လူႀကိဳက္မ်ားပါတယ္၊ သူနဲ႔ ၿပိဳင္ဖက္ဆိုလို႔ Nissan Navaraေလာက္ပဲ ရွိေပမယ့္ Fordပါ ေစ်းကြက္၀င္လာၿပီး ေနာက္ပိုင္း Rangerေတြပါ ေနရာတုိင္းမွာ ေတြ႔ရေလာက္ေအာင္ လူႀကိဳက္မ်ားလာတာပါ။ ေကာင္းပါၿပီ၊ ဒါဆုိ အခု ေမာ္ဒယ္ သံုးခုထဲမွာ ဘယ္ေမာ္ဒယ္က ေရြးခ်ယ္ဖို႔ အေကာင္းဆံုး ေမာ္ဒယ္ ျဖစ္လာမွာပါလဲ။

အားသာခ်က္ …

Ranger – ခရီးေ၀း စိတ္ႀကိဳက္ေမာင္းႏွင္ႏုိင္တယ္၊ ၀န္တင္ေဆာင္ႏုိင္မႈ ေကာင္းတယ္၊ ေရရွည္စိတ္ခ်ရတယ္

Vigo – ဆြဲေဆာင္မႈ အားေကာင္းတယ္၊ ဆီစားႏႈန္း ခ်ိဳသာတယ္၊ ေမာ္ဒယ္စံု ရႏုိင္တယ္

Navara – Single, Double, Extra အစံုရႏုိင္တယ္၊ ဆီစားႏႈန္း သက္သာတယ္၊ ေစ်းႏႈန္းခ်ိဳသာတယ္

အားနည္းခ်က္ …

Ranger – ဆီစားႏႈန္း မ်ားခ်င္တယ္၊ အပိုပစၥည္း ရွားခ်င္တယ္၊ ေမာ္ဒယ္ေရြးခ်ယ္ႏုိင္မႈ နည္းတယ္

Vigo – ေစ်းျမင့္ခ်င္တယ္၊ ေရရွည္စိတ္ခ်ရမႈ အားနည္းခ်င္တယ္၊ ျမန္ႏႈန္းျမင့္ေမာင္းႏွင္ခ်ိန္ ဆူညံသံေပးခ်င္တယ္

Navara – ေဆးသားအက်ျမန္ခ်င္တယ္၊ အေရာင္ေရြးခ်ယ္ႏုိင္မႈ အားနည္းတယ္၊ ဆြဲေဆာင္မႈ အားနည္းတယ္

ကိုယ္ထည္ပိုင္း …

ေမာ္ဒယ္ေတြထဲမွာ ဆြဲေဆာင္မႈ အေကာင္းဆံုးကေတာ့ Vigoပါ။ အာရွေတြရဲ႕ မ်က္ျမင္မွာစိတ္ႀကိဳက္ျဖစ္ေအာင္ ဂ်ပန္အေျခစိုက္ ကုမၸဏီက ဖန္တီးထုတ္လုပ္ထားႏုိင္တာ ေတြ႔ရပါတယ္။ ကိုယ္ထည္ အမ်ိဳးအစားမွာေတာ့ Singleအေနနဲ႔ေရာ Doubleအျဖစ္နဲ႔ေရာ Extra  အေနနဲ႔ပါ ေမာ္ဒယ္ ၃ခုလံုးကရႏုိင္ပါတယ္။ ေဆးသားပိုင္းမွာေတာ့ Rangerက အျပာနဲ႔ အနီလိုေတာက္ပတဲ့ အေရာင္ေတြနဲ႔ ပိုလွသလို Vigoကလည္း အျဖဴ၊ အနက္လို ျပည္တြင္း စိတ္ႀကိဳက္ အေရာင္ေတြနဲ႔ လာပါတယ္။ Navaraတစ္မိ်ဳးတည္းပဲ ေဆးသားလည္း အက်ျမန္ခ်င္သလို အေရာင္ ေရြးခ်ယ္ႏုိင္မႈလည္း အားနည္းခ်င္တာ ေတြ႔ရပါတယ္။ ဒီေတာ့ ကိုယ္ထည္ပိုင္း ဆြဲေဆာင္မႈအပိုင္းအတြက္ Rangerနဲ႔ Vigoကို ေရြးခ်ယ္ရမွာပါ။ ပြဲတက္အေနနဲ႔ပါ အဆင္ေျပဖို႔အတြက္ကေတာ့ Vigoရဲ႕ ေနာက္ဖက္ Steelကိုင္းေတြ၊ ကိုယ္ထည္ခ်ိဳးဆစ္မႈေတြ၊ ေဖာင္းၾကြေတြက ပိုေကာင္းပါတယ္၊ Rangerကေတာ့ တည္ၿငိမ္မႈရွိတဲ့ ရုပ္ထြက္္နဲ႔ ျဖစ္ပါတယ္။ ေနာက္ဖက္ အမိုးတပ္ဆင္ႏုိင္မႈ အပိုင္းမွာေတာ့ Rangerက အားသာခ်က္ တစ္ခ်က္ ပိုရွိပါတယ္။ ဒါေပမယ့္ SUV ေမာ္ဒယ္ မဟုတ္တဲ့ အေနအထားမွာ ေနာက္ဖက္ အမိုး တပ္ဆင္ႏုိင္မႈကို ခဏေမ့ထားပါရေစ။ ဒါဆို Truckအေနနဲ႔ပဲ ရုပ္ထြက္ပိုင္းက Hummerလို ရုပ္ထြက္နဲ႔ပါ ဆင္တဲ့ Vigoကို ပထမေပးခ်င္ပါတယ္။ Rangerကိုေတာ့ တည္ၿငိမ္မႈ အျပည့္နဲ႔ ဒုတိယ ေနရာမွာထားၿပီး Navaraကိုေတာ့ တတိယပဲ သတ္မွတ္ပါရေစ။

အင္ဂ်င္ပိုင္း …

Truckတန္း၀င္ ေမာ္ဒယ္ေတြျဖစ္လုိ႔ ခရီးေ၀းေမာင္းႏွင္ဖို႔၊ ၀န္တင္ေဆာင္ဖို႔ရာ အင္ဂ်င္ေသးေသးကိုေတာ့ တပ္ဆင္ထားတာ မဟုတ္ပါဘူး။ Rangerဆိုရင္ အေသးဆံုး ၂.၂လီတာသံုး အင္ဂ်င္တပ္ အေနအထားကေန ၃.၂လီတာသံုး အင္ဂ်င္ေလာက္ထိေအာင္ ေစ်းကြက္မွာ ရႏုိင္ပါတယ္။ ဓါတ္ဆီေရာ ဒီဇယ္အင္ဂ်င္အျဖစ္ေတြပါ။ ေနာက္ထပ္ Vigoဆိုရင္ ေစ်းကြက္မွာ ၂.၅လီတာသံုးနဲ႔ ၃.၀လီတာသံုး အင္ဂ်င္ေတြ အျဖစ္ ရႏုိင္တာပါ။ Singleလို ေနာက္ဖက္ ၀န္တင္ခန္းက်ယ္က်ယ္နဲ႔ ၀န္ အရမ္းတင္ေဆာင္ခ်င္သူေတြ အတြက္ကေတာ့ ၃.၀လီတာသံုး အႀကီးဆံုး အေနအထားက နည္းနည္း အားနည္းေနခ်င္ေသးမွာပါ။ ေနာက္ဆံုး Navaraကို ၾကည့္ရေအာင္ပါ။ ျပည္တြင္းမွာ အေတြ႔ရ အမ်ားဆံုး ျဖစ္တဲ့ ၂၀၀၅ခုႏွစ္ ေနာက္ပိုင္းထုတ္ ေမာ္ဒယ္ေတြ ဆိုရင္ အေသးဆံုး ၂.၅လီတာသံုးအင္ဂ်င္ကေန ၃.၀လီတာသံုးနဲ႔ ၄.၀လီတာသံုး အင္ဂ်င္ေတြထိေအာင္ ရႏုိင္မွာပါ။ ဒီအခ်က္ကေတာ့ စြမ္းေဆာင္ရည္ျမင့္ျမင့္ လုိခ်င္သူေတြ အတြက္ စိတ္ႀကိဳက္ျဖစ္လာႏုိင္ပါတယ္။ Turbo diesel အေနနဲ႔လည္း ရႏုိင္လာတဲ့ တစ္ခ်က္က စိတ္၀င္စားစရာပါ။ ဒီေတာ့ အင္ဂ်င္ပိုင္းမွာ ေမာ္ဒယ္ သံုးခုလံုးက ေရြးခ်ယ္ရခက္ေလာက္ေအာင္ အေကာင္းဆံုး ျဖစ္ေနပါတယ္။ ေကာင္းပါျပီ အေရးႀကီးတဲ့ ဆီစားႏႈန္း တစ္ခ်က္ေလာက္ကို ျပန္ၾကည့္ပါ့မယ္။ Vigoနဲ႔ Navaraလို ဂ်ပန္ ေမာ္ဒယ္ေတြကေတာ့ ဆီစား ပိုနည္းပါတယ္။ အင္ဂ်င္ေရြးခ်ယ္ႏုိင္မႈ အမ်ားဆံုး Navara, Ranger, Vigoပါ၊ ဆီစားအနည္းဆံုး Vigo, Navara, Rangerပါ။ ဒါဆို Navara ၅မွတ္၊ Ranger ၃မွတ္၊ Vigo၄မွတ္ပါ။ ဒီေတာ့ အခု အပိုင္းမွာ Navaraကို ပထမ၊ Vigoကို ဒုတိယနဲ႔ Rangerကို တတိယေပးခ်င္ပါတယ္ေနာ္။

ေစ်းကြက္၀င္ အေနအထား …

၂၀၀၅ခုႏွစ္ကေန ေနာက္ပိုင္း ေမာ္ဒယ္ေတြ အေနနဲ႔ အမ်ားဆံုး ေစ်းကြက္၀င္ေနတာ ေတြ႔ရပါတယ္။ ဒါေပမယ့္ ကြက္ေပ်ာက္လို႔ ေဒသအေခၚ အ၀င္မ်ားမႈ၊ နည္းမႈ အပိုင္းမွာေတာ့ Vigoက ေနရာတကာမွာ ေတြ႔ႏုိင္ေလာက္ေအာင္ ေပါပါတယ္၊      တစ္ႏုိင္တစ္ပိုင္ ကားပြဲစားတန္းမွာလည္း Vigoရပါတယ္၊ ကားအေရာင္းျပခန္းေတြမွာလည္း ရႏုိင္ပါတယ္။ သူၿပီးရင္ေတာ့ ဂ်ပန္ Usedကားအျဖစ္ ေစ်းကြက္၀င္ေနတဲ့ Navaraက ေပါပါတယ္။ Rangerက ေစ်းကြက္၀င္မႈ မ်ားလာေပမယ့္ ဂ်ပန္ေမာ္ဒယ္ ႏွစ္ခုေလာက္ေတာ့ သိပ္မေတြ႔ရေသးပါဘူး။ ဒါေပမယ့္ သေဘာက်စရာ တစ္ခ်က္ရွိတာက Rangerကို Ford Showroomမွာ အသစ္ အေနနဲ႔ ရႏုိင္တာပဲ ျဖစ္ပါတယ္။ Brand Newလိုခ်င္သူေတြ အတြက္ကေတာ့ စိတ္၀င္စားစရာပါ။ ထို႔နည္းတူ Vigoလည္း ေစ်းျမင့္ေပမယ့္ အသစ္ အေနနဲ႔ ရႏုိင္ပါတယ္။ Navaraတစ္ခုတည္းပဲ အသစ္ အေနနဲ႔ ရႏိုင္ဖို႔ အားနည္းသြားခ်င္ပါတယ္။ ေမာ္ဒယ္စံု ရႏုိင္ေပမယ့္ ေရရွည္စိတ္ခ်ရမႈ၊ ကီလို၊ ေဆးသား၊ အားလံုးပိုင္းမွာေတာ့ အေမရိကထုတ္ ေမာ္ဒယ္က ေမာ္ဒယ္ႏွစ္ နိမ့္ေနရင္ေတာင္ စိတ္ခ်ရပါေသးတယ္၊ ၿပီးရင္ေတာ့ ေဆးသားၿငိမ္တဲ့ Vigoကလည္း သေဘာက်စရာပါ။ Navaraကေတာ့ ေဆးသားအက်ပါ ျမန္လို႔ Usedကား အေနနဲ႔ ဆိုရင္ ေစ်းခ်ိဳခ်င္ေပမယ့္ နည္းနည္း စိတ္ႀကိဳက္ မျဖစ္ခ်င္ပါဘူး။ ဟုတ္ပါၿပီ၊ ဒါဆို အခု အပိုင္းမွာေတာ့ အသစ္ အေနနဲ႔လည္း ရႏုိင္၊ Usedအေနနဲ႔လည္း ရႏုိင္တဲ့ Rangerနဲ႔ Vigoကို ပူးတြဲ ပထမ ေပးရမွာပါ။ Navaraကေတာ့ ေနာက္မွာ က်န္ေနပါလိမ့္မယ္။

သံုးသပ္ခ်က္ …

ျပည္တြင္းမွာ Usedအေနနဲ႔ ေစ်းကြက္၀င္မႈ အပိုင္းမွာေတာ့ ေမာ္ဒယ္ ၃ခုထဲမွာ ေစ်းအခ်ိဳဆံုးက Rangerနဲ႔ Navaraပါပဲ။ ဒါက ေမာ္ဒယ္နိမ့္၊ ထုတ္လုပ္ႏွစ္ တူသည့္တိုင္ေအာင္ ေစ်းႏႈန္း ခ်ိဳသာခ်င္တာ ျဖစ္ပါတယ္။ အထက္မွာ ကၽြန္ေတာ္တုိ႔ အပိုင္း တစ္ပိုင္းခ်င္းစီကို ဘယ္ေမာ္ဒယ္ အေကာင္းဆံုး ျဖစ္မယ္ ဆိုတာ ေရြးခ်ယ္ခဲ့ၾကၿပီး ျဖစ္လုိ႔ အခု အပိုင္းကေတာ့ အမွတ္ေတြ ေပါင္းရမယ့္ သေဘာပါ။ ကိုယ္ထည္ပိုင္းမွာ Vigoက ဗိုလ္စြဲထားခဲ့ပါတယ္၊ အင္ဂ်င္ပိုင္းမွာ Navaraကို တစ္ေပးထားပါတယ္၊ေစ်းကြက္၀င္ အေနအထားမွာေတာ့ Rangerက ပူးတြဲ ပထမရထားပါတယ္။ ဒီေတာ့ တစ္ခုေလာက္ ျပန္စဥ္းစားၾကည့္ရေအာင္ပါ။ အရင္ဆံုး Rangerကေမာ္ဒယ္နိမ့္လည္းရႏုိင္တယ္၊ ေစ်းလည္းခ်ိဳတယ္၊ အသစ္ အေနနဲ႔လည္း ရႏုိင္တယ္၊ ေစ်းခ်ိဳတယ္၊ ရုပ္ထြက္တည္ၿငိမ္တယ္၊ ၂၀၀၀ျပည့္ႏွစ္ ၀န္းက်င္ကေမာ္ဒယ္ေတြထက္စာရင္ ဆီစားလည္း ခ်ိဳလာတယ္၊ အင္ဂ်င္ အရြယ္အစား ေရြးခ်ယ္ႏုိင္မႈလည္း မ်ားျပားလာတယ္၊ သေဘာက်စရာပါ၊ ေနာက္ထပ္ Vigo သူက ေမာ္ဒယ္ နိမ့္လည္း ရႏုိင္တယ္၊ အသစ္လည္း ၀င္တယ္၊ ဒါေပမယ့္ Rangerထက္ေတာ့ ေစ်းျမင့္ခ်င္ေနတယ္၊ ဆီစားႏႈန္းကေတာ့ ခ်ိဳသာတယ္၊ အေရာင္၊ ရုပ္ထြက္၊ အပိုပစၥည္း အားလံုး စိတ္ႀကိဳက္ရႏုိင္တယ္၊

ဒါဆို သူက အပိ္ုပစၥည္း အပိုင္းမွာ Rangerထက္ ႏွာတစ္ဖ်ားသာသြားတယ္၊ကနဦး ေစ်းႏႈန္းလည္း နည္းနည္း ျမင့္ခ်င္ေနတာက လြဲရင္ေပါ့။ ေနာက္ဆံုး Navaraကေတာ့ ေမာ္ဒယ္စံု၀င္တာ မွန္ေပမယ့္ ေမာ္ဒယ္နိမ့္ရင္ ေဆးသားက်ခ်င္ေနတယ္၊ အသစ္ အေနနဲ႔ မရႏုိင္ေသးဘူး၊ ေစ်းႏႈန္းခ်ိဳသာတာ မွန္ေပမယ့္ ပြဲတက္အျဖစ္ အဆင္မေျပခ်င္ဘူး၊ ဆီစားသင့္တယ္၊ အပိုပစၥည္း ဒီေလာက္ မေပါဘူး။ ဒါဆို အထက္မွာလည္း ရလဒ္ေကာင္းမႈ နည္းခဲ့တဲ့ Navaraကို  အခု ေမာ္ဒယ္သံုးခုထဲမွာ တတိယ အေကာင္းဆံုး ေမာ္ဒယ္ အျဖစ္နဲ႔ပဲ သတ္မွတ္လိုက္ခ်င္ပါတယ္။ Vigoနဲ႔ Rangerမွာ တစ္ခုက ေစ်းသက္သာတယ္၊ တစ္ခုက အပိုပစၥည္း ေပါတယ္၊ က်န္တဲ့ အားသာခ်က္ အားနည္းခ်က္ အတူတူေလာက္ပါပဲ။ ဘယ္သူ႔ကို တစ္ေပးခ်င္ပါသလဲ။ အရည္အေသြးခ်င္း အတူတူ၊ စြမ္းေဆာင္ရည္ခ်င္း အတူတူ အေနအထားမွာ ကၽြန္ေတာ္ကေတာ့ ေစ်းနည္းနည္း ပိုေပးရမယ့္ ပြဲတက္အျဖစ္ပါ ေကာင္းေကာင္း အဆင္ေျပမယ္လုိ႔ ယူဆတဲ့ Vigoကို တစ္ေပးခ်င္ပါတယ္။ ဒါက ကၽြန္ေတာ့္ အျမင္ပါ။ ေမာ္ဒယ္ႏွစ္ခုကေတာ့ အေကာင္းဆုံး အေနအထားေတြပါပဲေနာ္။

လင္းထက္ (IA)