Unicode version…

ဂျာမနီအခြေစိုက် ကမ္ဘာကျော် (Audi)မှ လာမည့် (2020)ပြည့်နှစ်အတွက် (Fully Luxury Sedan)အသစ်တစ်မျိုး ဖြစ်သည့် (A9 E-tron)အားဖန်တီးထားပါသည်။ ၄င်းသည် (လျှပ်စစ်သီးသန့်)ဖြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး (Self-Driving- တိုက်ပိုင်မောင်နှင်မှုစနစ်)ကိုလည်းတပ်ဆင်ထားမည်ဖြစ်ကာ (Audi)၏ အဆန်းပြားဆုံးသောနည်းပညာများကိုလည်းမိတ်ဆက်ထည့်သွင်းသွားမည်ဖြစ်ပါသည်။

(Audi A9 E-tron)၏ အပြင်ဖက်ပုံစံသည် လက်ရှိ (Audi)ကားများထက် များစွာသာလွန်သည့် ဒီဇိုင်းပုံစံအသစ်ဖြင့် ဖန်တီးတားမည်ဖြစ်ပြီး (Aerodynamic) ပုံစံဖြင့် အဓိကအလေးပေးထုတ်လုပ်မည်ဖြစ် ပါသည်။ ၄င်းသည် (4-DOOR sedan)ဖြစ်သော်လည်း (A8 Sedan)၏ ပုံမှန်ဒီဇိုင်းနှင့် ကွဲပြားသည့် သွက်လျှပြီးရှည်လျားသည့် ပုံစံဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။

(Audi A9 E-tron)ကိုထုတ်လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ (Tesla Electric Car)ကိုအဓိကယှဉ်ပြိုင်ရန်ဖြစ်ပါသည်။ (A9 E-tron)သည် လျှပ်စစ်သီးသန့်အသုံးပြုနိုင်မည့် ကားဖြစ်ပြီး (လျှပ်စစ်စွမ်းအင်) သီးသန့်ဖြင့် (အကြာဆုံးမိုင် 300)အထိမောင်းနှင်နိုင်ပါသည်။ ထိုမျှသာမက (Autonomous-အလိုအလျောက်မောင်းနှင်စနစ်)ဖြင့်လည်းလူ၏ထိန်းချုပ်မှုမလိုအပ်သလောက်နီးနီးမောင်းနှင့်နိုင်မည့်နည်းပညာများကိုလည်းထည့်သွင်းသွားမည့်ဖြစ်ပါသည်။

(Audi) မှ ၄င်း၏ (Audi A9 E-tron) အားအစောဆုံး (2018)ခန့်တွင် ကမ္ဘာ့စျေးကွက်သို့ စတင် မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားပါသည်။

Standaufnahme

Zawgyi version…




(Audi) မှ ၄င်း၏ (Audi A9 E-tron) အားအစောဆုံး (2018)ခန့်တွင် ကမ္ဘာ့ဈေးကွက်သို့ စတင် မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားပါသည်။