Unicode version…
ကမ္ဘာ့အကြီးဆုံး Car Market ကိုပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံထုတ်ကားတွေဟာ နိုင်ငံတကာစျေး ကွက်ကို ထိုးဖောက်နိုင်စွမ်းရှိနေပြီဆိုတာကို GAC Motor ထုတ် GS8 က ပြယုဂ်တစ်ခုအနေနဲ့ညွှန်း ဆိုရမှာပါ။ GS8 ကတန်းမီတဲ့ SUV ကားတစ်စီးဖြစ်ကြောင်းကို Test Drive လုပ်ချိန်မှာ ထင်ထင်ရှား ရှား သိရှိခံစားသိရှိခဲ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းက ကားချစ်သူတွေ သိရှိခံစားနိုင်စေဖို့သူ့ရဲ့အကြောင်းတွေကို ပြောပြပေးချင်ပါတယ်။
ရုပ်ထွက်နဲ့အပြင်ပိုင်း
ပထမဆုံးပြောချင်တာက GS8 ရဲ့ရုပ်ထွက်ပိုင်းပါ။ စွမ်းအင်ပြည့်ဝတဲ့ အလျားလိုက်ပုံစံ ရှေ့ရှဲတွေက chromium နဲ့ပြုလုပ်ထားပြီး flying Dynamic Designနဲ့တည်ဆောက်ထားလို့ လေခွင်းအား ကောင်းတဲ့အပြင်အင်အားကြီးမားမှုနဲ့ လှပမှုကိုပေါင်းစပ်ပြသနေသလိုပါပဲ။ပြီးတော့ GAC ရဲ့Logo ပုံစံကလည်း အားအင်ပြည့်ဝတဲ့ပုံစံမျိုးအဖြစ် ထည်ဝါမှုရှိရှိနေရာယူထားပါတယ်။နောက်ပြီး 1.9 မီတာအလျားရှိတဲ့ Body ပုံစံကလည်း ဖြောင့်တန်းတဲ့စတိုင်ကိုပုံဖော်ထားပြီး မူလ Cross-Country စတိုင်မျိုးဖြစ်ပါတယ်။ 37 aerodynamic ဒီဇိုင်းက လေတိုးအားကို လျှော့ချပေးနိုင်ပြီး resistance coefficientက 0.34 ထိရှိပါတယ်။ ကားမှာအသုံးပြုထားတဲ့ မီးလုံးစနစ်တွေက အလွန်ပြောင် မြောက် တဲ့ အနုသုခုမလက်ရာနည်းပညာကို သုံးထားပါတယ်။ရှေ့မီးတွေကလည်း Matrix-type design ကိုအ သုံးပြုထားပြီး ရှေ့အကွာအဝေး ၆၀၀ မီတာနဲ့ အကျယ် ၅၆ မီတာအထိရှင်းလင်း စွာမြင်နိုင်ပါတယ်။ ဒါက ကမ္ဘာ့ပထမဆုံး LED Headlamp နည်းပညာဖြစ်ပါတယ်။ နောက်ပြီး ကားကွေ့ ရာသို့လိုက်ပါ ကွေ့ပေးနိုင်သလို DTRL Day Light များပါ ထည့်သွင်းထုတ်လုပ်ထားပါတယ်။ နောက်ဘက်မီးသီးပုံစံ ကလည်း U ပုံစံနှစ်ထပ်လုပ်ထားပြီး Tunnel-Type ပုံစံက လှပမှုအတွက် ထပ်မံပံ့ပိုးပေးနေသလိုပါပဲ။ ဘီးတွေကလည်း ၁၉ လက်မ Sports Alloy Wheel တွေအသုံးပြုထားပြီး လမ်းချော၊လမ်းကြမ်း ၂ခုလုံးအတွက် သင့်တော်ကောင်းမွန်ပါတယ်။
အတွင်းခန်း
Luxury ပစ္စည်းတွေကိုပဲ သုံးစွဲထားလို့ GS8ရဲ့အတွင်းခန်းက အားလုံးကို အံ့အားသင့်စရာတွေပေး စွမ်းနိုင်ပါလိမ့်မယ်။ ပထမဆုံးပြောချင်တာက အသိဉာဏ်မြင့်မားတဲ့ ခလုတ်ပေါင်း ၁၀၀ ကျော်ပါဝင် နေတာပါပဲ။ နာမည်ကြီး Luxury super car တွေရဲ့အားထုတ်မှုမျိုးကို GS8 မှာ ခံစားခဲ့ရပါတယ်။ ပြီးတော့ ပစ္စည်းထည့်စရာနေရာ ၃၇ နေရာပါဝင်တာပါပဲ။ပြီးတော့ မြောက်ပိုင်းဥရောပပုံစံ ကျွန်းနဲ့ လည်သာကို ပေါင်းစပ်ထားတဲ့ တံခါးဘောင်တွေ၊ Tပုံစံ chromium ဂီယာတံနဲ့ သူ့အပေါ်မှာ ဖုံးအုပ် ထားတဲ့ လည်သာတွေက Luxury ဆိုတာကို ပြသနေသယောင်ပါပဲ။ ပြီးတော့ Super sized Panoramic Sunroof ကိုတပ်ဆင်ထားလို့ သဘာဝကိုခံစားသိရှိနိုင်ပါတယ်။ Anion Forest Oxygen-Bar ပါတဲ့ Air Cleaning System ကလည်း ရွက်လှေတွေမှာသုံးတဲ့ပုံစံမျိုးဖြစ်ပြီး Zone ၃ ဇုန်ကို ဖြန့် ကျက်ပေးနိုင်တဲ့ အလိုအလျောက်အဲကွန်းစနစ်လည်း ပါဝင်ပါတယ်။ နောက်ပြီး Austraian calf leatherသုံးထားလို့ထိုင်ခုံတွေက ငြိမ့်ညောင်းတဲ့အထိအတွေ့ကို ပေးစွမ်းနိုင်သလို Memory ပါဝင်တဲ့ Driver Seat,လူ ရ ဦးသက်သောင့်သက်သာစီးနင်းနိုင်တဲ့ ကျယ်ဝန်းတဲ့ခုံ ၃ တန်း၊ Luxury ဖြစ်စေတဲ့လည်သာ ထိုင်ခုံတွေ၊တတိယခုံတန်းကို ခေါက်သိမ်းလိုက်မယ်ဆိုရင် ပစ္စည်းထားဖို့နေရာက 860L ရရှိ နိုင်မှာပါ။ ဒါ့အပြင် Harman Top-Level Entertainment System Speaker ၁၀ လုံးပါ၀င်ပြီး Bluetooth Connective၊ Trip Computer နှင့် ခုနှစ်လက်မ Touch Screen တို့ကိုတပ်ဆင်ထားပါ တယ်။ နောက်ပြီး အဆင့်မြင့်Round Camera သည် ကား၏ ပတ်ပတ်လည်ကို Screen မှာ မြင်တွေ့ ရမှာ ဖြစ်တဲ့အတွက် လုံခြုံစိတ်ချမှုအမြင့်ဆုံးပေးစွမ်းနိုင်မှာပါ။ Mobile Phone Wireless Charging စနစ်၊ Engine Start Stop စနစ်၊ပုံစံ ၃ မျိုးနဲ့ဖော်ပြပေးတဲ့ ရ လက်မ LCD Touch Screen ၊ 3D Voice Navigation System ၊ နောက်ပြီး မောင်းနှင်နေစဉ်မှာ လမ်းအနေအထားအပေါ်မူတည်ပြီး လိုက်ဖက်တဲ့မောင်းနှင်မှုပြောင်းလဲပေးနိုင်တဲ့ Borger Warner ထုတ်Intelligent System I-4WD စနစ်လည်းပါဝင်ပါတယ်။
စွမ်းဆောင်ရည်
GS8 မှာအသုံးပြုထားတဲ့ နည်းပညာအစွမ်းက အ့ံမခန်းချီးကျူးစရာဖြစ်ပါတယ်။ နေရာဒေသ မရွေး မောင်းနှင်နိုင်ဖို့ Driving Mode 6 မျိုးပါဝင်ပါတယ်။ Four-Wheel Independent Suspension Systemကို သုံးထားလို့လည်း မောင်းနှင်စီးနင်းရာမှာ ဇိမ်ကျမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ နောက်ပြီး အသုံးပြုထားတဲ့ အင်ဂျင်မှာလည်း အမေရိကန်ကားစက်ပစ္စည်းကုမ္ပဏီ Borg Warner မှ ထုတ်လုပ်ထားတဲ့ 2.0 L Turbo အင်ဂျင်ဖြစ်ပါတယ်။ Turbo အင်ဂျင်ကလည်း အမြန်နှုန်းနှစ်ဆ ပေးစွမ်းနိုင်တဲ့ အင်ဂျင်အမျိုးအစားဖြစ် ပြီး ဆီစားနှုန်းမှာ လုံးဝသက်သာအောင်ပြုလုပ်ထားပါတယ်။ E-Turbo technology ကိုသုံးထားလို့ 320N.m Torque မှာ 1750 RPM ထွက်ရှိသလို ပျှမ်းမျဆီစားနှုန်းကလည်း 6.5L/90km ဖြစ်ပါတယ်။ GCCS Combustion Control Patents စနစ်ကလည်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသလို ဆူညံသံနဲ့ emission ထွက်ရှိမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ Transmission စနစ်ကလည်း Japanese Aisin ရဲ့နည်းပညာဖြစ်ပြီး 6-Speed Automatic & Manual ကိုသုံးထားပါတယ်။
လုံခြံုရေး
BOSCH ရဲ့နည်းပညာ ESP 9.1 ကိုသုံးထားပြီး ABS, EBD,TCS, HBA, ESP, HHC တို့လို Safety စနစ်တွေက SUV တစ်စီးအတွက် ပြီးပြည့်စုံတဲ့ပါဝင်မှုပါပဲ။ဒါ့အပြင် ဒူးကိုကာကွယ်ပေးနိုင်တဲ့ လေအိတ်အပါအဝင် စုစုပေါင်းလေအိတ် ၈ လုံးပါဝင်ပါတယ်။ GS8 ရဲ့ Body ကို မြောက်အမေရိက အဆင့် 95% in high-strength steel တွေနဲ့တည်ဆောက်ထားပါသေးတယ်။ Child Safety lock,Cruise control ,Lane Change Assist Systemတွေပါသုံးထားလို့လုံခြံုစိတ်ချရမှုက ထိပ်တန်းအဆင့်မှာရှိနေပါတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
GAC မှ ထုတ်လုပ်တဲ့ကားအားလုံးက လုံခြံုစိတ်ချရမှုမှာ C-NCAP မှ ချီးမြှင့်တဲ့အမြင့်ဆုံးဆုဖြစ်တဲ့ ကြယ် (၅) ပွင့်ရရှိထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ကားများရဲ့ အရည်အသွေးကို စစ်ဆေးတဲ့ J.D. Power Asia Pacific ၏ Initial Quality Study (IQS) မှာအဆင့် (၁) ရရှိထားသော ကားအမှတ်တံဆိပ်လဲဖြစ်ပါတယ်။အဆင့်မြင့်တဲ့ အနောက်နိုင်ငံတွေရဲ့ နည်းပညာတွေသုံး ထားပေမဲ့ လည်း GS8ရဲ့ရောင်းစျေးက USD 62,888 ၀န်းကျင် ပဲဖြစ်လို့ အဆင့်မြင့်ဇိမ်ခံ SUV စီးနင်းချင်သူ တွေအတွက် သင့်တော်တဲ့စျေးမျိုးဖြစ်ပါတယ်။ GS8 ကိုပြည်လမ်း ဟံသာဝတီအဝိုင်းအနီး စမ်းချောင်းမြို့နယ်ရှိ GAC Motor အရောင်းပြခန်းတွင်ဝယ်ယူရရှိနိင်ပါတယ်။၀န်ဆောင်မှုအနေနဲ့ ထုတ်လုပ်သူ အာမခံ ၅နှစ် (သို့) ကီလိုမီတာ ၁သိန်း နှင့် Free Maintenance Service အနေဖြင့် ၃နှစ် (သို့) ကီလိုမီတာ ၆သောင်း အတွင်း Engine Oil, Engine O,il Filter, Air Filter, Air-con Filter နှင့် Fuel Filter များကို ပစ္စည်းဖိုးအပြင် လက်ခပါ အခမဲ့ အကောင်းဆုံးဝန် ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
GS8: Specifications
Engine – 2.0L turbo Diesel DOHC
Power – 148 kW/5200 rpm
Torque- 320 Nm@ 1750-4000rpm
Wheelbase (mm)- 2800
Transmission – 6-Speed Auto
Steering System-EPS (Electric Power System)
Brake System-Front -Ventilation Disc /Rear-Disc Brake
ဖိုးသားရေးသားသည်။
Zawgyi version…
အတွင်းခန်း
စွမ်းဆောင်ရည်
လုံခြုံရေး
ဈေးနှုန်းနဲ့သုံးသပ်ချက်
GS8: Specifications
Power – 148 kW/5200 rpm
Wheelbase (mm)- 2800
ဖိုးသားရေးသားသည်။