Unicode version…
မကြာသေးမီကမှ ပြည်တွင်းကိုရောက်ရှိလာသည့်တရုတ်နာမည်ကြီးကားထုတ်လုပ်ရေးကုမ္ပဏီ GAC ၏ SUV အမျိုးအစား GS 4 သည် လုံခြုံစိတ်ချရမှုကို အလေးထားကာ နောက်ဆုံးပေါ် နည်း ပညာများဖြင့်ထုတ်လုပ်ထားပါသည်။ C-NCAP လုံခြံုမှုအဆင့် အများဆုံးဖြစ်သည့် ကြယ် (၅) ပွင့်ရရှိထားသော ကားဖြစ်ပြီး 1.3 L Turbo Engine ကိုအသုံးပြုထားကာ 7-Speed Dual Clutch Transmission စနစ်ဖြစ်သည်။ 100km လျှင် 6.3L ပျမ်းမျှ ဆီစားနှုန်းသာရှိသည့် GS4 သည် SUV များထဲတွင်ဆီစားသက်သာသောကားအသွင်ဆောင်နေသည်။ GS 4 ၏အဓိက အားသာချက်မှာ စီးနင်းသူကိုလုံခြံုမှုအပြည့်အဝပေးနိုင်ျသာ safety features များကိုသုံးစွဲထားခြင်းလည်းဖြစ်သည်။
၄င်းတို့မှာ – ABS System – Anti-lock Braking System
EBD – Electronic Brake-Force Distribution
TCS – Traction Control System
HBA – Hydraulic Brake Assist
HHC – Hill Hold Control
HDC – Hill Descent Control
Lane Deviation Warning System
Pre-Collision Warning System
Blind Spot Monitoring System စသည်တို့ဖြစ်ကြသည်။ထို့အပြင် Airbag 8 လုံးလည်းပါ၀င်သောကြောင့် စံနှုန်းမီကားတစ်စီးအဖြစ်သတ်မှတ်နိုင်ပါသည်။
မြန်မာပြည်တွင်တင်သွင်းရောင်းချသော Grade မှာ Premium Edition (Full Option) ဖြစ်ပြီးထုတ်လုပ်သူအာမခံ ၅နှစ် (သို့) ကီလိုမီတာ ၁သိန်း ပေးထားသည့် တရုတ်နိုင်ငံတွင် နိုင်ငံတကာမှ ကုန်ကြမ်းများနှင့်အတူ နောက်ဆုံးပေါ်နည်းပညာဖြင့် ထုတ်လုပ်ထားသော GAC Motor မှ ကားများကို Peace of Mind Free Maintenance Service (၃)နှစ်လည်းပေးထားကြောင်း သိရသည်။ အရစ်ကျစနစ်ဆိုလျှင်လည်း ၃၀% သို့ ၅၀% ကနဦးပေးချေနိုင်ပြီး ကျန်ငွေကို ၁နှစ် မှ ၃နှစ်အထိပေးသွင်းလို့ရပါသည်။ တစ်လလျှင် $600 သာ သွင်းနိုင်သည့် ၃နှစ် ကားအရစ်ကျဝယ်စနစ်ဖြင့်လည်း GS 4 ကို၀ယ်ယူရရှိနိုင်ကြောင်းသိရသည်။GS4 မှာ Shining Gold, Mocha Brown, Burgundy Red, Ivory White, Elegant Black ဆိုပြီး အရောင်(၅)မျိုးရှိပါသည်။
????????????????????????????????????
Zawgyi version…
၎င်းတို့မှာ –     ABS System – Anti-lock Braking System
HHC – Hill Hold Control