Unicode version…
DRIVE Gadgets
Virtual Reality: ကမ္ဘာသစ်တစ်ခု
Virtual reality ရဲ့ကတိသည် ဖြစ်ပျက်နေသော ၀န်းကျင်အခြေအနေကနေ စိတ်ကူးယဉ်ကမ္ဘာဆီသို့ ကြယ်စုတန်းခရီးသွားယာဉ်ပေါ်ရှိ ဟိုလိုဒတ်အခန်းကနေ သိပ္ပံအခန်းကဏ္ဍရဲ့စံနမူနာများကို လှုပ်ဆော်နေပြီး ဆယ်စုနှစ်များအတွက် စုပေါင်းသော သတိတစ်ခုအဖြစ်တည်ရှိလျက်ရှိပါတယ်။
ရည်မှန်းချက်ကြီးမားသော Developer များကနေ အချို့သောအထင်မကြီးလောက်တဲ့ ကြိုးပမ်းမှုတွေရှိသော် ငြား ရှာဖွေမှုများသည် နည်းပညာအတွက် လူဖန်တီးသောကမ္ဘာတစ်ခုအတွင်း လူသားများကိုဆွဲခေါ်ဖို့ ဆက်လက်လျက်ရှိပါတယ်။ နောက်ဆုံးတော့ လုပ်ဆောင်မှုများသည် နတ်သူငယ်များ၊ နတ်သမီးများ ဖန်တီးထားတဲ့ စိတ်ကူးယဉ်နယ်မြေများဆီသို့ အသုံးပြုသူများကို ခေါ်ဆောင်ပေးမဲ့ ဖန်တီးသူများလုပ်ဆောင်ထားတဲ့ Develop Experience များဆီသို့ အကျိုးကျေးဇူးရှိသွားခဲ့ပါပြီ။ တီထွင်မှုများသည် မြန်ဆန်စွာ ဆက်လက်လျက်ရှိပါတယ်။
သင့်ရဲ့ ကမ္ဘာကို နည်းလမ်းအသစ်ဖြင့် အတွေ့အကြုံတွေ သင့်ကိုပေးစေနိုင်မဲ့ အကောင်းဆုံး Gadget များကို ဖော်ပြထားပါတယ်။
Virtual Reality ကမ္ဘာသို့ ၀င်ရောက်လိုက်ပါ။
Samsung Gear VRgearvr2
($99.99)
VR ကမ္ဘာသို့ စမ်းသပ်လိုသောသူများအတွက် ဖြစ်ပြီး ဆမ်ဆောင်းရဲ့ ပါတနာ Oculus က User experience ပေးထားတာ ဖြစ်ပါတယ်။ Gear VR သည် Samsung S6 နဲ့ဌင်းအထက်မှာ အသုံးပြုနိုင်ပါတယ်။ ဌင်းရဲ့ စောဦးစွာထွက်ရှိတဲ့ ဆော့လ်ဝဲလ်ထုတ်လုပ်မှုများအချို့သည် ယခုထွက်ရှိတဲ့ ဟတ်ဝဲလ် စနစ်လောက်ကြီးမားခြင်း မရှိပါဘူး။ (သင့်ရဲ့မျက်လုံးမှာ ဆဲလ်ဖုန်းကိုတပ်ဆင်ထားသလိုမျိုးပါဘဲ)။ ရိုးရိုးပုံမှန်အခြားအရာများနဲ့မတူဘဲ Gear VR သည် ဒင်နာပါတီ ဖျော်ဖြေမှုများကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းအဓိပ္ပယ်မှာ သင့်သည် VR ကရိယာရော၊ ဖုန်းရောကိုပါ ရရှိတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။
Playstation VRpsvr_03
($399.99)
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ရရှိမှာ ဖြစ်ပါတယ်။
လက်ထဲတွင် Install အဆင့်သင့် လုပ်ပြီးသားဖြစ်ပြီး Playstation (PS) VR သည်ကြမ်းကြမ်းတမ်းတမ်း ဂိမ်းများအကြား ပေါ်ထွက်လာခဲ့ပါပြီ။ အရင်ထွက်ထားတဲ့ စက်တွေကတော့ ပြန်လည် Install လုပ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အမျိုးအစားစုံလင်ပြီး စျေးနှုန်းသင့်တော်ပါတယ်။ Playstation VR သည် လွယ်ကူသော ရုပ်ထွက် တူညီမူများအတွက်တော့ အကောင်းဆုံးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ မှတ်ချက်။ ဌင်းသည် VR ဟန်းဆက်ကိုသုံးဖို့အတွက် Playstation 4 တစ်ခု (ဒေါ်လာ ၃၉၉.၉၉)၊ ခလုတ်တစ်ခု၊ ကင်မရာတို့ လိုအပ်မှာ ဖြစ်ပါတယ်။ (PS VR ၊ ခလုတ်၊ ကင်မရာ) ပါရှိတဲ့ တစ်တွဲကို ဒေါ်လာ ၄၉၉.၉၉ ဖြင့်ရောင်းချလျက် ရှိပါတယ်။
HTC Vivehtcvive
($799.99)
ဒီနှစ်ထဲမှာ အကြမ်းအတမ်းခံသည့် ဟန်းဆက်တော်တော်များများ ရောင်းချခဲ့ခြင်းအားဖြင့် HTC Vive သည် အသုံးပြုသူတွေကို အခြားကမ္ဘာဆီသို့ ခေါ်ဆောင်ခဲ့ပါတယ်။ ဟန်းဆက်များသည် ပရိုဂရမ်ထဲတွင် အသုံးပြုသူများရဲ့ ရွေ့လျားမှုများကို ခြေရာခံနိုင်တဲ့ လေဆာ တာဝါများနဲ့ဖြစ်ပါတယ်။ Vive ကို ဂိမ်း Developer ဖြစ်တဲ့ Valve ကလည်းပံပိုးပေးခဲ့ပါတယ်။ ထိုအပြင် ဌင်းတို့ရဲ့ ကွန်ပျူတာအရံပစ္စည်းများကို အချိန်အကြာကြီး
ပံပိုးပေးခဲ့တဲ့ အခိုင်အမာရှိနေတဲ့ အသုံးပြုသူများ၊ အချိန်အကြာကြီးရှိနေခဲ့တဲ့ ဖြန့်ဖြူးခြင်း နက်ဝပ်၊ စီးဆင်းမှုတို့ကလည်း Vive ကိုထောက်ပံပေးခဲ့ပါတယ်။ မှတ်ချက်။ HTC Vive ကိုသုံးရန် ဒေါ်လာ ၁,၂၀၀ ကနေ ဒေါ်လာ 3,500 တန်ဖိုးရှိ VR တပ်ဆင်ထားတဲ့ ကွန်ပျူတာ လိုအပ်ပါလိမ့်မယ်။
ကိုယ်တိုင် နှစ်မြုပ်ပစ်လိုက်ပါ။
($299.00)ricohthetas
Ossic X- 3D Audio Headphones ဖြစ်ပါတယ်။ လာမည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ ရရှိမှာ ဖြစ်ပါတယ်။
VR immersion အပြည့်ဖြစ်ပြီး Visual အတွေ့အကြံုကို တွဲဖက်ညီတဲ့ အော်ဒီယို နားကြပ်ဖြစ်ပါတယ်။ ထိုနားကြပ်ဟာ သင့်ကြားတဲ့အသံနဲ့ မြင်ရတဲ့ တကယ့်အရာတွေပေါ်မှာ မှုတည်ပြီး ထောက်ကူဖို့ သင့်ရဲ့ခေါင်း လှုပ်ရှားမှုများနဲ့ တည်နေရာများကို ခြေရာခံမှာ ဖြစ်ပါတယ်။ ထိုနားကြပ်ကို VR မဟုတ်တဲ့ တစ်ခြားအရာတွေနဲ့လည်း သုံးနိုင်ပါတယ်။
မြင့်မြင့် ပျံသန်းမဲ့ Helipal Storm Type A Racing Dronehelipal_storm_type_a
($359.00)
Helipal ကုမ္ပဏီကထုတ်တဲ့ Storm Type A Racing Drone အမည်ရှိ ပျံသန်းနိုင်သော Drone ဖြစ်ပါတယ်။
သင့်ကိုယ်ပိုင် မြင်ကွင်းကနေ ပျံသန်းခြင်းခံစားမှု အတွေ့အကြံုကို ရရှိမှာ ဖြစ်ပါတယ်။ လက်ကိုင်စက်ကနေ သင့်မောင်းနှင်တဲ့ ပတ်ဝန်းကျင်ရဲ့ မြင်ကွင်းအပြည့်ကို အချို့သော ကင်မရာများကပေးမှာ ဖြစ်ပါတယ်။ ဒီအရာလေးကတော့ တစ်ခြား Drone တွေကြားမှာ အလုပ်များစွာလုပ်ပြီး တကယ့် ဖွ့ံဖြိုးလာတဲ့ Drone လေးဖြစ်ပါတယ်။ Plug and Play အစိတ်အပိုင်းတွေနဲ့အတူ လွယ်ကူစွာ ရွေ့လျားနိုင်ပါတယ်။ မြင့်မားစွာ ပျံသန်းခြင်းဝါသနာရှိတဲ့သူများအတွက်ကတော့ လုံးဝကောင်းမွန်တဲ့ Drone လေးဖြစ်ပါတယ်။
ပြန်လည် သတိရစေမဲ့ Ricoh Theta Sossicx3
($349.95)
သီးသန့်နေရာလေးထဲက ရိူး၊ မင်္ဂလာပွဲ၊ ဘောလုံးပွဲ စတဲ့ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတွေကို ပြန်လည်မျှဝေလိုရင်တော့ Ricoh Theta S ကကူညီပေးမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်လေးတွေကို ရိုက်ကူးထားနိုင်ဖို့ ဒီလို ၃၆၀ ဒီဂရီ ကင်မရာလေးကို လိုအပ်မှာ ဖြစ်ပါတယ်။ ရုပ်သံကြည်လင်ပြတ်သားတဲ့ HD ထဲကို နာရီဝက်လောက်နီးပါး ရိုက်ကူးနိုင်ပြီး တိုက်ရိုက်ထုတ်လုပ်မှုတွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။ ထို Ricoh Theta S လေးက သင့်ကိုထိုသို့ ရိုက်ကူးမှုတွေ ပေးနိုင်ရုံသာမက တစ်ခြားသူများကိုလည်း ဝေမျှပေးနိုင်ပြီး ဖြစ်ရပ်တွေကို ပြန်လည်ခံစားစေမှာပါ။ လက်တစ်ဆုပ်စာ ဒီကရိယာလေးကတော့ ကျစ်လစ်ပေါ့ပါးပြီး သယ်ယူရလည်း လွယ်ကူပါတယ်။
Zawgyi version…
DRIVE Gadgets
Virtual Reality: ကမၻာသစ္တစ္ခု
($99.99)
Playstation VRpsvr_03
($399.99)
HTC Vivehtcvive
($799.99)
($299.00)ricohthetas
($359.00)
($349.95)