Unicode version…
Gadgets
CES 2016 – နည်းပညာကျွမ်းကျင်သူတွေနဲ့ ကမ္ဘာတစ်ဝန်းက နည်းပညာရှင်တွေအတွက်
နည်းပညာပြပွဲကို ထပ်မံပြုလုပ်လိုက်ပါတယ်။ မတွေးတတ်လောက်အောင်ကိုဖြစ်တဲ့
ဒီအသေးစားပစ္စည်းတွေရဲ့ ပြပွဲက လာမယ့်တစ်နှစ်အတွင်း ကျင်းပဖို့မဖြစ်နိုင်သေးပါဘူး။
ဒီနှစ်တော့ ပစ္စည်းတွေက ပိုပြီးစမတ်ဖြစ်လာနေပါတယ်။ တကယ်ကို
စမတ်ဖြစ်လွန်းလို့ ထပ်တောင်မလိုအပ်တော့သလိုပဲ။
အအေးဆုံးနဲ့ အတော်ဆုံး
ဆမ်ဆောင်းမ်မိသားစုဗဟိုပြုရေခဲသေတ္တာက စိတ်ကူးစိတ်သန်းကောင်းတွေ အပြည့်နဲ့ ပါပဲ။ အကောင်းဆုံးပါပဲ။ ခင်ဗျားကြုံဖူးသမျှထဲမှာ အကောင်းဆုံးရေခဲသေတ္တာပါဗျာ။ ပြိုင်စံ ကင်းတဲ့ အမြန်အစားအစာ အအေးခံစက်နဲ့လည်း တူသေး။
တံခါးပေါ်မှာရှိတဲ့ ၂၁.၅ လက်မ၊ ၁၀၈၀စ ထိတွေ့မျက်နှာပြင်ကနေ ကမ္ဘာ့အကြီးဆုံး အလေးဆုံးတက်ဘလက်တစ်ခုလို အံ့ဩဖွယ်ကိစ္စရပ်တွေကို စွမ်းဆောင်နေတာပါ။ မိသားစု ဝင်တွေ မသိကျိုးနွံပြုမယ့်၊ အိမ်စည်းမျဉ်းအသစ်တွေ ထည့်သွင်းတာဖြစ်ဖြစ်၊ တိရစ္ဆာန်ရုံ လိုက်ခွင့်မရှိရင် ဘယ်သူမှ အလေးထားမှာမဟုတ်တဲ့ သတိပေးချက်တွေထည့်သွင်းတာမျိုးနဲ့၊ ရောင်စုံခဲတံနဲ့ဆွဲထားတဲ့ အပျော်တမ်းအနုပညာကို ပြချင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ရေခဲသေတ္တာ ပေါ်မှာနေတဲ့ ခင်ဗျားရဲ့ ရုပ်ခပ်ဆိုးဆိုးကလေးပုံပဲဖြစ်ဖြစ်ထည့်ထားဖို့ ဒီထိတွေ့ မျက်နှာပြင်ကို အသုံးပြုနိုင်ပါတယ်။ ရေခဲသေတ္တာတံခါးအတွင်းထဲမှာ ကင်မရာတောင်ပါလိုက်သေး။ ဒီကင်မရာ က မီးပိတ်မသွားခင် အမြဲတမ်းတံခါးကို ဓာတ်ပုံရိုက်နေပါတယ်။ ဆိုလိုတာက ဝိုင်ဖိုင်ကနေ အခြားလူတွေဘယ်သူမှ ကြည့်မနေတဲ့အခါ အစားအသောက်တွေ အခြေအနေဘယ်လိုရှိနေ လဲဆိုတာကိုကြည့်နိုင်သလို သခွားသီးဝယ်ဖို့လိုအပ်နေတယ်ဆိုရင်လဲ သိနိုင်ပါတယ်။fridge
အကဲဆတ်တဲ့ခေတ်သစ်ကင်မရာ
Nikon D5 အသစ်- နာမည်ကျော်ကြားတဲ့ DSLR က 3280000 ဖြစ်တဲ့ အလင်းရောင် က နေ့ရက်တွေကို အကဲဆတ်တဲ့ ကင်မရာကို ထုတ်လုပ်လာပါတယ်။ ဒေါ်လာ ၆၅၀ဝ လောက် သုံးနိုင်တယ်ဆိုရင်တော့၊ ဓာတ်ပုံရိုက်တဲ့ဟာတွေ က Near Dark ဆိုတဲ့ ကြောက်စရာရုပ်ရှင်ကားထဲ ကလို အလျင်အမြန်ရွေ့လျားနေတတ်တယ်။ (သွေး စုပ်ဖုတ်ကောင်တွေဖြစ်နိုင်တယ်။) ခင်ဗျားအတွက် ထုတ်လုပ်ထားတဲ့ ကင်မရာပေါ့ဗျာ။
FX အချိုးအစား အသက်မွေးကြောင်း DSLR ကင်မရာအထဲမှာ D5 က နောက်ဆုံး ပေါ်ပါပဲ။ Nikon က ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ထားတဲ့ ၂၀ ဒသမ ၈ မဂ္ဂါပစ်ဆယ် CMOS လဲ ပါလို့၊ ပုံထွက်ကောင်းသလို၊ 153- point စနစ် အသစ်၊ 4K UHD ဗီဒီယိုဖမ်းခြင်းနဲ့ Expeed 5 ပုံရိပ်စနစ်တကျ လုပ်တာလဲပါတော့၊ ဓာတ်ပုံဆရာကို တိတိကျကျနဲ့ အလင်းရောင်နည်း နည်းနဲ့ ရိုက်နိုင်အောင် အကူညီပေးပါတယ်။
d5-camera
ခင်ဗျား ကြားလား၊ ကြားလား
အငြင်းပွားဖွယ် အမှန်တရားကတော့ ကြား တယ်ဆိုတာ ကြားနိုင်တဲ့အကွာအဝေးအတွင်း မှာရှိလို့တဲ့။ ဘဝအစအနေနဲ့ စတင်လှုံ့ဆော်မှုတွေ ၂၀၁၅ခုနှစ် အလယ်ပိုင်းမှာ စတင်ခဲ့ပါတယ်။
Here active listening က စမတ်ဖုန်းရဲ့ ဝါယာ မပါတဲ့ နားကျပ်မှာ အမှန်တကယ်ဖြစ်တည်လာ ပြီး၊ မိုက်ကနေ ကိုယ်လိုသလောက် အသံညှိလို့ရ သလို၊ သေးငယ်တဲ့ နားစပီကာကောင်းစွာကြားနိုင် ပြီး အဆင့်မြင့် နားကြားအကူကိရိယာတစ်ခုလို ပါပဲ။
ဆူညံနေတဲ့ ဈေးဆိုင်တွေရှိတဲ့ လမ်းပေါ် ထွက်လာတဲ့ လူတွေကလဲ ဆူညံနေပါတယ်။ အင်ဂျင်ဆူညံသံမရှိ၊ အော်ဟစ်နေတဲ့ ကားစပယ် ယာအသံတွေမရှိဘဲ ခင်ဗျားဘေးကလူရဲ့အသံကို ခင်ဗျားကြားနေရပါတယ်။ လေယာဉ်တွေ၊ မြေ အောက်မီးရထားတွေ၊ ကားတွေ၊ ဘတ်စ်ကားတွေ နဲ့ မြို့တွေမှာ အသံလုံအောင် ပြုလုပ်ထားသလို၊ ရုံးလုပ်ငန်းအသုံးပြုဖို့အတွက် တပ်ဆင်ထားတဲ့ အသံစစ်ချတဲ့ ကိရိယာတွေလိုပါပဲ။
here-active-listening-case-2
ခင်ဗျားကို ကျန်းမာအောင် ထားလိုက်မယ်
Fitbits က ဈေးကွက်ထဲမှာ အသစ်လွင်ဆုံး ခြေရာကောက်စက် ဖြစ်ပါတယ်။
အသစ်ထုတ်လိုက်တဲ့ Blaze ဆို ကျန်းမာ ရေးနဲ့ ပတ်သက်တဲ့နာရီဖြစ်ပြီး နှလုံးခုန်နှုန်း၊ အိပ် ချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်မှာတွေမှာ စောင့်ကြည့် ပေးပါတယ် အရောင်ခြယ် ထိတွေ့မျက်နှာပြင်က ပုံစံအမျိုးမျိုးဖော်ပြနိုင်ပါတယ်။ ၂၄နာရီ၊ တစ်ပတ် လုံးလုံး နှလုံးခုန်နှုန်းကို ခြေရာကောက်ပြီး ခင်ဗျား ရဲ့ ကျန်းမာရေး၊ သွေးဖိအားနဲ့ ကျန်းမာသန်စွမ်း မှုတွေကို သိနိုင်ပါတယ်။ အိ်ပ်တာနဲ့ အခြားလှုပ်ရှား မှု တွေကိုလဲ ခြေရာကောက်နိုင်ပါတယ်။ ပြေး တာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ တင်းနစ် ကစားတာဖြစ်ဖြစ်၊ ကျန်းမာရေးသင်တန်းများ ကစားတာဖြစ်ဖြစ် ဒါတွေအားလုံးကို အလို အလျောက် မှတ်တမ်းတင်ပါတယ်။ ဘတ်ထရီ သက်တမ်းက ငါးရက်လောက်ခံပြီး Apple နာရီနဲ့ မတူတာက Apple က တစ်နေ့လုံး ခြေရာမခံနိုင် ပါဘူး။
fitbit-blaze
စမတ်ကျတဲ့ ဘောင်းဘီ
Lumo Run က နောက်ဆုံးပေါ်ဝတ်ဆင် စရာတွေထဲမှာ အဆင့်မြင့်နည်းပညာတစ်ခုပါပဲ။ Lumo ကို ဝင်ရိုး ၉ ခုစပ်ထားသော တည်ရင်း အတိုင်းအတာယူနစ် (IMU့)နဲ့ Blue-tooth LE တို့ဖြင့် လက်ကောက်ဝတ်အပတ်တွင် ချိတ်ဆက် ထားပြီး ခင်ဗျားပြေးနေချိန်၊ အပြေးကလေးသွား နေချိန်နဲ့ လမ်းလျှောက်ချိန်တွေမှာ အချက်အ
လက်တွေကို စုဆောင်းပေးထားမှာပါ။
အနိမ့်အမြင့်၊ ခုန်ပေါက်မှု၊ မြေပြင်ထိတွေ့ ချိန်၊ ခြေလှမ်းအလျား၊ တင်ပါးဆုံဖယ်ယမ်းခြင်း တွေ စတဲ့ အချက်အလက်တွေကို စမတ်အက်ပလီ ကေးရှင်းကို သတင်းအချက်အလက်တွေ ပို့ပေးပါ တယ်။ နားကျပ်တပ်ထားရင်တော့ ဒီအက်ပလီ ကေးရှင်းက ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေ တိုးတက် ဖို့အတွက် အသံနဲ့ ညွှန်ကြားချက်သဲလွန်စတွေ ပေးပါတယ်။ တစ်ခုလုံးဆိုရင်တော့ ၉၉ ဒေါ်လာ ကုန်ကျပါတယ်။lumo-run
Zawgyi versin…
Gadgets
စမတ်ကျတဲ့ ဘောင်းဘီ