လျှပ်စစ်ကားများတွင် စွမ်းအင်အရင်းအမြစ်ကို ဘတ္ထရီမှရယူရသည်အတွက် အရေးကြီးဆုံးအစိတ်အပိုင်းမှာ ဘတ္ထရီလို့ပြောလို့ရပါတယ်။ ဒါကြောင့်လဲ ဘတ္ထရီရဲ့ Capacity အပေါ်မူတည်ပြီးတော့ မောင်းနှင်နိုင်မှုအကွာအဝေး၊ အားသွင်းချိန် နှင့် ကား၏ဈေးနှုန်းများလဲ ကွဲပြားကြပါတယ်။

Geely ၏ လျှပ်စစ်ကားအမျိုးအစားဖြစ်တဲ့ Geometry C ကို Geely ကားချစ်သူများထံစတင်မိတ်ဆက်ပေးသည့်အခါမှာလဲ ဒီဘတ္ထရီအကြောင်းအရာက အမေးအများဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်။

Geometry C ကိုတော့ 400km နှင့် 550km ဆိုပြီး battery range နှစ်မျိုးနှစ်စားရွေးချယ်မှုရှိပြီး

⚡️Level-2 AC charger ဖြင့်အားသွင်းပါက အားအပြည့်သွင်းမယ်ဆိုရင်

– 400km ➡️ ၅နာရီခွဲနှင့်

– 550km ➡️ ၇နာရီခန့် အားသွင်းရပါမယ်။

⚡️အားသွင်းနိုင်မှုပိုမိုမြန်ဆန်သည့် DC charger ဖြင့်အားသွင်းသည့်အခါ ၂၀% မှ ၈၀% အားပြည့်ရန်

– 400 km ➡️ ၃၆ မိနစ်

– 550 km ➡️ ၄၂ မိနစ် သာကြာမြင့်မှာဖြစ်ပါတယ်။

#DriveMediaMyanmar