Unicode Version…
Volvo နှင့် Geely တို့ ပူးပေါင်းဖန်တီးသည့် New Platform ကားအချို့အား Brands ( ၂ ) မျိုးတွင်ထုတ်လုပ်မည်ဟု နှစ်အနည်းငယ်ခန့်ကပြောကြားထားခဲ့ပါသည်။ ယခုအခါ Geely Brand မှ Volvo နှင့် ဖက်စပ်အနေဖြင့် ပထမဆုံးဖန်တီးထားသည့် FY 11 SUV ၏ ဓာတ်ပုံများအား စတင်ပြသ လိုက်ပါသည်။ FY 11 သည် မျက်မှောက်ခေတ်တွင်လူကြိုက်များသည့် Coupe SUV ပုံစံဖြစ်ပြီး Mercedes GLE Coupe ကဲ့သို့ ဆန်းသစ်ခြင်း၊ ခေတ်မီပါဝင်မှုများစွာပါဝင်ခြင်း စသည့် ထူးခြား မှုများဖြင့်ပြည့်စုံပါသည်။ လက်ရှိ Volvo တွင် New CMA – Compact Modular Architecture ဖန်တီးမှုဖြင့် XC 40 အား ဖန်တီးထားသည့်အတွက် Geely FY 11 SUV အားထိုကဲ့သို့တူညီစွာ ဖန်တီးထားမည်ဖြစ်သော်လည်း FY 11 SUV သည် XC 40 ထက်ပို၍ရှည်လျားပါမည်။
Geely Brand သည် U. S. A ၊ ဥရောပဈေးကွက်များသို့ ၎င်း၏ကားများကို တွင်ကျယ်စွာ ရောင်းချရန်အစီအစဉ်များ ချမှတ်ထားပြီး FY 11 SUV ကဲ့သို့ ဖန်တီးမှုသည် ကနဦးခြေလှမ်းသစ် ဖြစ်ပါသည်။ Geely FY 11 တွင် ( 2.0 L Turbocharged I 4 Engine ) ၊ ( 235 hp ) အင်ဂျင် စနစ်နှင့်အတူ (ရှေ့ဘီးယက်) သို့ ( AWD System ) တို့ ရရှိနိုင်ပါမည်။ ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား Geely မှ မကြာမီထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

Generated by pixel @ 2019-01-03T23:32:06.817261
Generated by pixel @ 2019-01-21T00:15:31.407968

Zawgyi Version…

Volvo Geely – Design Platform ျဖင့္ထုတ္လုပ္မည့္ Geely FY 11 SUV
Volvo ႏွင့္ Geely တို႔ ပူးေပါင္းဖန္တီးသည့္ New Platform ကားအခ်ဳိ႔အား Brands ( ၂ ) မ်ဳိးတြင္ထုတ္လုပ္မည္ဟု ႏွစ္အနည္းငယ္ခန္႔ကေျပာၾကားထားခဲ့ပါသည္။ ယခုအခါ Geely Brand မွ Volvo ႏွင့္ ဖက္စပ္အေနျဖင့္ ပထမဆုံးဖန္တီးထားသည့္ FY 11 SUV ၏ ဓာတ္ပုံမ်ားအား စတင္ျပသ လိုက္ပါသည္။ FY 11 သည္ မ်က္ေမွာက္ေခတ္တြင္လူႀကိဳက္မ်ားသည့္ Coupe SUV ပုံစံျဖစ္ၿပီး Mercedes GLE Coupe ကဲ့သို႔ ဆန္းသစ္ျခင္း၊ ေခတ္မီပါဝင္မႈမ်ားစြာပါဝင္ျခင္း စသည့္ ထူးျခား မႈမ်ားျဖင့္ျပည့္စုံပါသည္။ လက္ရွိ Volvo တြင္ New CMA – Compact Modular Architecture ဖန္တီးမႈျဖင့္ XC 40 အား ဖန္တီးထားသည့္အတြက္ Geely FY 11 SUV အားထိုကဲ့သို႔တူညီစြာ ဖန္တီးထားမည္ျဖစ္ေသာ္လည္း FY 11 SUV သည္ XC 40 ထက္ပို၍ရွည္လ်ားပါမည္။
Geely Brand သည္ U. S. A ၊ ဥေရာပေစ်းကြက္မ်ားသိုု႔ ၎၏ကားမ်ားကို တြင္က်ယ္စြာ ေရာင္းခ်ရန္အစီအစဥ္မ်ား ခ်မွတ္ထားၿပီး FY 11 SUV ကဲ့သို႔ ဖန္တီးမႈသည္ ကနဦးေျခလွမ္းသစ္ ျဖစ္ပါသည္။ Geely FY 11 တြင္ ( 2.0 L Turbocharged I 4 Engine ) ၊ ( 235 hp ) အင္ဂ်င္ စနစ္ႏွင့္အတူ (ေရွ႔ဘီးယက္) သို႔ ( AWD System ) တို႔ ရရွိႏိုင္ပါမည္။ ၎ႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားအား Geely မွ မၾကာမီထုတ္ျပန္ေၾကညာသြားမည္ျဖစ္သည္။