ကမ္ဘာကျော် GM ၏ လူစိတ်ဝင်စားမှုများသည့် လျှပ်စစ်ကာများထုတ်လုပ်မည့် အစီအစဉ်အား ယခုအခါ ထုတ်ဖေါ်လိုက်ပါသည်။ GM ၏ လျှပ်စစ်ကားအသစ်များအနက် Cadillac Lyuiq SUV ကို မကြာခင်ကစတင် မိတ်ဆက်လိုက်ပြီး တဖန်ပြန်လည် မွေးဖွားလာမည့် Hummer Brand သည်လည်း EV Truck များ အနေဖြင့် ယခုနှစ် May 20 တွင် မိတ်ဆက်ပါမည်။ Hummer Truck များတွင် GM ၏ နောက်ဆုံး ထုတ်လုပ်ထားသည့် Modular Ultium Battery နည်းပညာကို ပထမဆုံး ထည့်သွင်းထား မည်ဖြစ်ပြီး ၎င်းတို့တွင် ( 50 kWh pack ) မှ ( 200 kWh pack ) အထိရရှိနိုင်မည်။ အမြင့်ဆုံး အနေဖြင့် ( မိုင်လေးရာ ) အထိ အသုံးပြုနိုင်သည့် Performance ပါရှိမည်။ Chevrolet အနေဖြင့် ၎င်း၏ နာမည်ကျော် Bolt EV အား Refresh Model အနေဖြင့် ယခုနှစ်အကုန်တွင် မိတ်ဆက် မည်ဖြစ်သည်။ Bolt EV အပြင် အနည်းငယ်ရှည်လျားသည့် Model ဖြစ်မည့် Bolt EUV ကို 2021 နွေရာသီတွင် မိတ်ဆက်မည်။ Cadillac သည် အထူးဖန်တီးထားသည့် Hand – built Halo ဖြစ်သည့် Celestiq ကိုလည်း Brand ၏ Flagship EV Sedan အနေဖြင့် ထုတ်လုပ်ရန် စီစဉ်ထားပြီး အဆိုပါ Model တွင် အထူးခြားဆုံး ဖန်တီးမှုများ နည်းပညာများကို ပေါပေါများများ ထည့်သွင်းထားမည်။
Zawgyi Version….
General Motors ၏ လျှပ်စစ်ကားများကို မကြာခင်မြင်တွေ့ရမည်