Genesis သည် EV Model အမျိုးအစားအအသစ်များကို တိုးချဲ့ထုတ်လုပ်မည်ဟု New GV 60 Crossover မိတ်ဆက်ပွဲ၌ ပြောကြားခဲ့ပါသည်။ Hyundai ၏ Stand – Alone Luxury Branch ဖြစ်သည့် Genesis သည် ပုံမှန် အတွင်းလောင်ကျွမ်းခြင်း အင်ဂျင်စနစ်သုံး Car များအား 2025 အထိသာ ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် EV Model အသစ် ( ၇ ) မျိုးခန့်အား ပြောင်းလဲဖန်တီးပါမည်။ အနာဂတ်ထုတ် Genesis EV Model များတွင် – E –GMP Platform ကို တိုးချဲ့ကာ အဓိက အသုံးပြုမည်ဖြစ်သည်။ အသစ်ထုတ်လုပ်မည့် New EV Model များအား လက်ရှိတွင် အောင်မြင်လျက် ရှိသည့် Genesis Model များ၏ Successor Model များအဖြင့် အဓိကပြောင်းလဲဖန်တီးမည်ဖြစ်သည်။ ( အသစ်ထွက် ရှိလာမည့် EV Model များတွင် ရှည်လျားသည့် Wheelbase များနှင့် ကျယ်ဝန်းသည့် အတွင်းခန်း အခင်းအကျင်းများဖြင့် ဖန်တီးထားမည်ဖြစ်ကာ Scale – Up  Effect  အနေဖြင့် တွေမြင်ရမည် ) ဟု Brand ၏ Chief Creative Officer ဖြစ်သူ Mr Luc Doncker wolke မှ ပြောကြားပါသည်။

 

ဥပမာအားဖြင့် လက်ရှိ Model များတွင် ထင်ရှားသည့် Genesis GV 80 SUV သည် အရွယ်အစားကြီးမားသည့် Spacious Model ဖြစ်သည့်အတွက် ၎င်းတို့ အခြေခံသည့် EV Version ကိုလည်း Genesis မှ ဖန်တီးမည်ဖြစ်သည်။ Genesis EV Model များ၏ အရည်အသွေး အနေဖြင့် Hyundai Seven နှင့် KIA EV 9 SUV Concept Model များကဲ့သို့ Premium Level အနေဖြင့် သာဖန်တီး ပါမည်။ Genesis သည် 2021 တွင် မိတ်ဆက် ခဲ့သည့် X – Concept Model ကို အခြေခံပြီး High – Performance GT Version ကိုလည်း ထုတ်လုပ်ရန်  အစီအစဉ်ရှိပြီး Porsche Taycan ကဲ့သို့ ထိပ်တန်း အရည်အသွေးရှိသည့် Model အနေဖြင့်ရည်ရွယ်ပါသည်။

#DriveMediaMyanmar