Zawgyi Version…





Unicode Version…
Genesis Essentia EV Coupe အား ဈေးကွက်၌ မကြာမီထုတ်လုပ်ဖြန့်ချိတော့မည်
2018 တွင် မိတ်ဆက်ခဲ့သည့် Genesis ၏ Essentia Electric Coupe Concept အား ဈေးကွက် Model အနေဖြင့် 2021 တွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး တောင်ကိုရီးယား အခြေစိုက် Luxury Brand ဖြစ်သည့် Genesis ၏ ပထမဆုံး Luxury EV လည်းဖြစ်ပါမည်။ ၎င်းအား ( Mystery battery – Powered Vehicle ဆန်းကြယ်သည့် ဘတ္ထရီစွမ်းအင်ရှိ သည့်ယာဉ် ) ဟုတင်စားထားပြီး EV Platform ကို အခြေခံဖန်တီးထားသည့် အဆိုပါ Model တွင် ထိပ်တန်း စွမ်းဆောင်ရည်ရှိသည့် လျှပ်စစ်မော်တာ ( ၃ ) ခု တပ်ဆင်ထားပြီး ( 0 to 60 mph ) အား ( 3.0 Seconds ) အတွင်းရောက်ရှိနိုင်သည့် အမြန်နှုန်းလည်းပါရှိမည်။ ၎င်းအား နယူးယောက် ကားပြပွဲ တွင် ပြသခဲ့ပြီး Hyundai – KIA Group ၏ Concept များအနက် Production အဖြင့်ထုတ်လုပ်မည့် Model လည်း ဖြစ်သည်။ Genesis အနေဖြင့် EV Model များအား ဈေးကွက် အတွင်းသို့ 2021 ၊ 2022 တွင် ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းချရန် အစီအစဉ်ရှိထားပြီး လက်ရှိထုတ်လုပ်ထားသည့် Model Lineup များနှင့် ကွဲပြားခြားနားသည့် Platform များဖြင့် အဓိက ထုတ်လုပ်ဖန်တီးမည်ဖြစ်ကာ ဒီဇိုင်း ၊နည်းပညာ ၊ နောက်ဆုံးပေါ်တီတွင် ဖန်တီးမှုနှင့် EV ဆိုင်ရာနည်းပညာများကိုလည်း အကောင်း ဆုံး အရည်အသွေးများကိုသာ အသုံးပြုမည်ဟု Genesis မှ ပြောကြားထားပါသည်။