Unicode version…

မကြာမီကကျင်းပခဲ့သည့် New York Auto Show တွင် တောင်ကိုရီးယား အခြေစိုက် Genesis မှ ၄င်း၏ ပထမဆုံး SUV Concept ဖြစ်သည့် GV 80 Concept အားမိတ်ဆက်ပြသခဲ့ပါသည်။ အဆိုပါ Model အား Genesis ၏ ပထမဆုံး SUV Model အနေဖြင့်ထုတ်လုပ်မည်ဖြစ်ပါသည်။

GV 80 Concept တွင် Plug – in battery electric hybrid နှင့် Hydrogen Fuel- cell electric တို့ကို ပူးပေါင်းထည့်သွင်းထားမည်ဖြစ်ပါသည်။

GV 80 Concept အား Midsize Crossover Concept အနေဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး ၄င်း၏ ဒီဇိုင်းအား ကမ္ဘာကျော် Bentley ၏ဒီဇိုင်နာချုပ်ဖြစ်သူ Mr Luc Donckerwolke မှဖန်တီးရေးဆွဲခြင်းဖြစ်ပြီး ဖေတ်ဆန်လှပမှုများစွာဖြင့် ဖန်တီးထားပါသည်။ ၄င်းတွင် 23-inch wheels များကိုလည်း အံ့သြဖွယ် တွေ့မြင်ရပါမည်။

GV 80 Concept ၏ အတွင်းခန်းအားခေတ်ဆန်လွန်းသည့် ပုံစံဖြင့် ဖွဲ့စည်းထားကာ ဆန်းသစ်လှပ ပြီးသက်တောင့်သက်သာရှိစေမည့် ထိုင်ခုံများထည့်သွင်းထားပါသည်။ Dashboard တွင် ထိန်းချုပ်ခလုပ် များနှင့် Screens များအား သီးသန့်ဖန်တီးထားပါသည်။ ထို့အပြင် New 22 – inch curved OLED Infiniti Display အားမိတ်ဆက်ထည့်သွင်းထားပါသည်။ အရှေ့ခန်းခရီးသည်နှစ်ဦးသီးသန့်ထိန်းချုပ်နိုင် ရန် Mini – view Display များကိုလည်း ထည့်သွင်းထားမည်ဖြစ်ပါသည်။နည်းပညာသုံးပါ၀င်မှုများ အနေဖြင့် Handwriting Recognition နှင့်အပြန်အလှန် အကျိုးသက်ရောက်မှုရှိစေမည့် ဘက်စုံသုံးထိန်းချုပ် စနစ်များကိုလည်း ယခု Concept Model တွင်ထည့်သွင်းထားပါသည်။

GV 80 Concept အား အနာဂတ်၏ Electric Crossover လောကအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပြီး ၄င်း၏ယှဉ်ပြိုင်ဘက် ဖြစ်ကြသည့် အခြားသော Brands များဖြစ်ကြသည့် Lexus , Infiniti , Acura တို့၏ Electric Vehicles ဆိုင်ရာတီထွင်မှုများအတွက် ကြိုတင်ပြင်ဆင်သည့် အားထုတ်ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် Genesis မှရည်ရွယ်ခြင်းဖြစ်ပါသည်။

Zawgyi version…

မၾကာမီကက်င္းပခဲ့သည့္ New York Auto Show တြင္ ေတာင္ကိုရီးယား အေျခစိုက္ Genesis မွ ၄င္း၏ ပထမဆံုး SUV Concept ျဖစ္သည့္ GV 80 Concept အားမိတ္ဆက္ျပသခဲ့ပါသည္။ အဆိုပါ Model အား Genesis ၏ ပထမဆံုး SUV Model အေနျဖင့္ထုတ္လုပ္မည္ျဖစ္ပါသည္။

GV 80 Concept တြင္ Plug – in battery electric hybrid ႏွင့္ Hydrogen Fuel- cell electric တို႕ကို ပူးေပါင္းထည့္သြင္းထားမည္ျဖစ္ပါသည္။

GV 80 Concept အား Midsize Crossover Concept အေနျဖင့္ ေတြ႕ျမင္ရမည္ျဖစ္ၿပီး ၄င္း၏ ဒီဇိုင္းအား ကမၻာေက်ာ္ Bentley ၏ဒီဇိုင္နာခ်ဳပ္ျဖစ္သူ Mr Luc Donckerwolke  မွဖန္တီးေရးဆြဲျခင္းျဖစ္ၿပီး ေဖတ္ဆန္လွပမႈမ်ားစြာျဖင့္ ဖန္တီးထားပါသည္။ ၄င္းတြင္ 23-inch wheels မ်ားကိုလည္း အံ့ၾသဖြယ္ ေတြ႕ျမင္ရပါမည္။

GV 80 Concept ၏ အတြင္းခန္းအားေခတ္ဆန္လြန္းသည့္ ပံုစံျဖင့္ ဖြဲ႕စည္းထားကာ ဆန္းသစ္လွပ ၿပီးသက္ေတာင့္သက္သာ႐ွိေစမည့္ ထိုင္ခံုမ်ားထည့္သြင္းထားပါသည္။ Dashboard တြင္ ထိန္းခ်ဳပ္ခလုပ္ မ်ားႏွင့္ Screens မ်ားအား သီးသန္႕ဖန္တီးထားပါသည္။ ထို႕အျပင္ New 22 – inch curved OLED Infiniti Display အားမိတ္ဆက္ထည့္သြင္းထားပါသည္။ အေ႐ွ႕ခန္းခရီးသည္ႏွစ္ဦးသီးသန္႕ထိန္းခ်ဳပ္ႏိုင္ ရန္ Mini – view Display မ်ားကိုလည္း ထည့္သြင္းထားမည္ျဖစ္ပါသည္။နည္းပညာသံုးပါ၀င္မႈမ်ား အေနျဖင့္ Handwriting Recognition ႏွင့္အျပန္အလွန္ အက်ိဳးသက္ေရာက္မႈရွိေစမည့္ ဘက္စံုသံုးထိန္းခ်ဳပ္ စနစ္မ်ားကိုလည္း ယခု Concept Model တြင္ထည့္သြင္းထားပါသည္။

GV 80 Concept အား အနာဂတ္၏ Electric Crossover ေလာကအတြက္ ရည္႐ြယ္ဖန္တီးထားျခင္း ျဖစ္ၿပီး ၄င္း၏ယွဥ္ၿပိဳင္ဘက္ ျဖစ္ၾကသည့္ အျခားေသာ Brands မ်ားျဖစ္ၾကသည့္ Lexus , Infiniti , Acura တို႕၏ Electric Vehicles ဆိုင္ရာတီထြင္မႈမ်ားအတြက္ ႀကိဳတင္ျပင္ဆင္သည့္ အားထုတ္ႀကိဳးပမ္းမႈတစ္ရပ္အေနျဖင့္ Genesis မွရည္႐ြယ္ျခင္းျဖစ္ပါသည္။