Genesis ကတော့ ၂၀၂၀ နှစ်သစ်ကို သူတို့ရဲ့ Luxury SUV မော်ဒယ်သစ် GV80 ကို ထုတ်‌ဖော်ပြသရင်း ကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့ရဲ့ နှစ်သစ်ကူးချိန်မတိုင်ခင်‌လေးမှာ GV80 SUV ရဲ့ ပထမဆုံးပုံရိပ်တွေကို Genesis က ဖော်ပြလိုက်တာပါ။ GV80 ရဲ့အပြင်ပန်းသွင်ပြင်ဟာ ၂၀၁၇ New York ကားပြပွဲမှာပြခဲ့တဲ့ Original Version GV80 Concept နဲ့ အတော်များများကိုဆင်တူပြီး GV80 Concept တုန်းက Hydrogen Fuel-cell Powertrain နဲ့ ပွဲထွက်ခဲ့ပါတယ်။ Turbocharged 3.3 L V6 အင်ဂျင်ထက် 5.0 L V8 ကပိုကောင်းတာကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး။ GV8 ရဲ့အတွင်းခန်းဟာ အတော်လေးသန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်ရှိပြီး Dashboard ပေါ်မှာ ဆက်သွယ်ထိန်းချုပ်မှု‌တွေလုပ်ဖို့ ဖန်သားပြင်ကြီးကြီးတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ နူးညံ့အိစက်နေတဲ့ သား‌‌ရေထိုင်ခုံတွေတပ်ဆင်‌ပေးထားပြီး ရှေ့ခန်းခုံ‌တွေရဲ့အလယ်မှာက Electronic Gear Selector နဲ့ ဆန်းသစ်တဲ့အသွင်ပြင်ရှိ Infotainment Controller တို့ရှိနေပါတယ်။ Rear-wheel-drive, Brand New ကားဖြစ်တယ် ဆိုတာကလွဲပြီး GV80 ရဲ့ နည်းပညာပိုင်းဆိုင်ရာအချက်အလက်တစ်ခုခုကို Genesis ဘက်ကနေ ထုတ်ပြောပြတာမျိုး အခုထိ မရှိလာသေးပါဘူး။ အခုထွက်လာတဲ့ GV80 SUV အသစ်ကို Genesis အခြေစိုက်ရာ တောင်ကိုရီးယားနိုင်ငံမှာ အခုလ (ဇန်နဝါရီလ) အတွင်း စရောင်းချသွားမယ်လို့သိရပါတယ်။ ကမ္ဘာ့ဈေးကွက်ထဲကိုလည်း ၂၀၂၀ ခုနှစ်ထဲမှာပဲ အရောက်ဖြန့်ချိသွားဖို့ပြင်ဆင်‌နေပြီး အမေရိကန်နိုင်ငံဆီတင်ပို့ရောင်းချဖို့ကတော့ အချိန်ကြာမြင့်ဦးမယ်လို့လည်း ဆိုထားပါတယ်။

Zawgyi Version…
၂၀၂၀ ႏွစ္သစ္ကူးမွာ စတင္မိတ္ဆက္လိုက္တဲ့ Genesis ရဲ႕ Luxury SUV – GV80

Genesis ကေတာ့ ၂၀၂၀ ႏွစ္သစ္ကို သူတို႔ရဲ႕ Luxury SUV ေမာ္ဒယ္သစ္ GV80 ကို ထုတ္‌ေဖာ္ျပသရင္း ႀကိဳဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္သစ္ကူးေန႔ရဲ႕ ႏွစ္သစ္ကူးခ်ိန္မတိုင္ခင္‌ေလးမွာ GV80 SUV ရဲ႕ ပထမဆုံးပုံရိပ္ေတြကို Genesis က ေဖာ္ျပလိုက္တာပါ။ GV80 ရဲ႕အျပင္ပန္းသြင္ျပင္ဟာ ၂၀၁၇ New York ကားျပပြဲမွာျပခဲ့တဲ့ Original Version GV80 Concept နဲ႔ အေတာ္မ်ားမ်ားကိုဆင္တူၿပီး GV80 Concept တုန္းက Hydrogen Fuel-cell Powertrain နဲ႔ ပြဲထြက္ခဲ့ပါတယ္။ Turbocharged 3.3 L V6 အင္ဂ်င္ထက္ 5.0 L V8 ကပိုေကာင္းတာကိုေတာ့ ဘယ္သူမွ ျငင္းမရပါဘူး။ GV8 ရဲ႕အတြင္းခန္းဟာ အေတာ္ေလးသန႔္ရွင္းသပ္ရပ္တဲ့အျပင္အဆင္ရွိၿပီး Dashboard ေပၚမွာ ဆက္သြယ္ထိန္းခ်ဳပ္မႈ‌ေတြလုပ္ဖို႔ ဖန္သားျပင္ႀကီးႀကီးတစ္ခုကို ျမင္ရမွာျဖစ္ပါတယ္။ ႏူးညံ့အိစက္ေနတဲ့ သား‌‌ေရထိုင္ခုံေတြတပ္ဆင္‌ေပးထားၿပီး ေရွ႕ခန္းခုံ‌ေတြရဲ႕အလယ္မွာက Electronic Gear Selector နဲ႔ ဆန္းသစ္တဲ့အသြင္ျပင္ရွိ Infotainment Controller တို႔ရွိေနပါတယ္။ Rear-wheel-drive, Brand New ကားျဖစ္တယ္ ဆိုတာကလြဲၿပီး GV80 ရဲ႕ နည္းပညာပိုင္းဆိုင္ရာအခ်က္အလက္တစ္ခုခုကို Genesis ဘက္ကေန ထုတ္ေျပာျပတာမ်ိဳး အခုထိ မရွိလာေသးပါဘူး။ အခုထြက္လာတဲ့ GV80 SUV အသစ္ကို Genesis အေျခစိုက္ရာ ေတာင္ကိုရီးယားႏိုင္ငံမွာ အခုလ (ဇန္နဝါရီလ) အတြင္း စေရာင္းခ်သြားမယ္လို႔သိရပါတယ္။ ကမာၻ႔ေဈးကြက္ထဲကိုလည္း ၂၀၂၀ ခုႏွစ္ထဲမွာပဲ အေရာက္ျဖန႔္ခ်ိသြားဖို႔ျပင္ဆင္‌ေနၿပီး အေမရိကန္ႏိုင္ငံဆီတင္ပို႔ေရာင္းခ်ဖို႔ကေတာ့ အခ်ိန္ၾကာျမင့္ဦးမယ္လို႔လည္း ဆိုထားပါတယ္။