Unicode version…
ကမ္ဘာကျော် Genesis သည် Academy Awards အခါသမယ အတွက် အထူးထုတ်အနေဖြင့် G 90 Model ကား (၅)စင်း ဖန်တီး လိုက်ပါသည်။ ၎င်းတို့တွင် Custom Paint job များနှင့် အလျှံအပယ် ဖြစ်သော အတွင်းခန်း Features များ ပါ၀င်ကြမည်ဖြစ်ပြီး အမည်များလည်း ထူးခြားစွာ မှည့်ဆိုထားကြပါသည်။ ၎င်းတို့အနက် အထူးခြားဆုံးသည် The Ruler ဖြစ်ပြီး အဆိုပါကားအား Sliver Over red metallic ဆေးဖြင့် ဖန်တီးထားပြီး အကောင်းဆုံးသော Unique Upholstery များဖြစ်ကြသည့် (Red-Orange အရောင် ဆိတ်ကလေးသားရေ)အား လိုင်းများစွာဖြင့် ဆန်းကြယ်စွာ တန်ဆာဆင်ထားသည့် ဖန်တီးမှုှနှင့် အခြားသော ပါ၀င်မှုများစွာ ပါရှိပါမည်။ Stardust ကိုမူ ရိုးရှင်းသည့် Dark Silver ဆေးဖြင့် ဖန်တီးထားပြီး အတွင်းခန်းရှိ Upholstery အား Star-like Shape ဖြင့် ချယ်သထားကာ အနက်ရောင် ကတ္တီပါများစွာကို ခင်းကျင်းထားပါမည်။ ထူးခြားမှုမှာ ၎င်း၏ မျက်နှာကျက်အား Rolls-Royce ကားများကဲ့သို့ Starry Sky ပုံစံဖြင့် ဆန်းကျယ်စွာ ဖန်တီးထားပါမည်။ ထို(၂)မျိုးမှလွဲ၍ အခြား(၃)မျိုး၌ Unique ဖန်တီးမှုများ လျှော့ချထားမည် ဖြစ်သည်။ တတိယ Model မှာ Touch of Sensuality ဖြစ်ပြီး ၎င်း၌ ငွေရောင်နှင့်အညိုရောင် (၂)ရောင် စပ်ဆေးသားနှင့် Brown/Tan Interior တို့အား တွဲစပ်ထားပါမည်။ ထို့အတူ Refined Understatement ၌ Black Leather interior with Silver Piping အား လိုက်ဖက်ညီစွာ ဖန်တီးထားပါမည်။ နောက်ဆုံးတစ်ခု ဖြစ်သည့် Emerald Dream Model ကိုမူ Dark Green အရောင်ဖြင့် ဖန်တီးထားပြီး အလွန်ဆန်းသစ် လှသည့် အစိမ်းနှင့် အညိုစပ်ထားသည့် သားရေအား ထည့်သွင်းထားပါမည်။ အဆိုပါ Genesis G 90 Sedan (5)မျိုးသည် တစ်စင်းချင်းသာ ထုတ်လုပ်မည့် Customization အစီအစဉ်ဖြစ်ပြီး Rolls-Royce ၏ Bespoke Collection (သို့မဟုတ်) Mclaren’s MSO Program များကဲ့သို့ ဖြစ်ပါသည်။
Zawgyi version…