Skoda Karoq SUV ၏ Facelift Model သည် ယခုအခါ Global ဈေးကွက်အတွက် ထွက်ရှိလာပြီး Feature အသစ်များစွာဖြင့် တွေ့မြင်ရပါမည်။ ၎င်းအား တမူထူးခြားသည် Skoda SUV ၏ Design Language ဖြင့် အဓိကဖန်တီး ထားပါသည်။ New Karoq SUV တွင် – Active / Ambition / Style / Sport Line / ဟူ၍ Trim ( ၄ ) မျိုးပါရှိပါမည်။ New Karoq တွင် အရွယ်ကြီးမားသည့် Hexagonal Grille နှင့် LED DRL ရှေ့မီးကြီးများ ပေါင်းစပ်ပါဝင်မည်ဖြစ်ကာ နာမည်ကျော် Full – LED Matrix နည်းပညာကိုလည်းရရှိနိုင်သည် ထင်ရှားပေါ်လွင်သည့် Sharp LED Taillight ကိုလည်း ကားအနောက်ဖက်တွင် ထည့်သွင်းထားပါမည်။ Recycled Materials များစွာ ပေါင်းစပ်ပါဝင်သည့် ကားအတွင်း ခန်းတွင် အဆင့်မြှင့်တင်ထားသည့် LED Ambient Lighting ၊ Unique Styling Elements ၊ Vegan နှင့် Recycle Materials များဖြင့်ဖန်တီးထားသည့် ထိုင်ခုံအစွပ်များ စသည့် Features များကိုလည်း Trim Level များအလိုက် ရရှိနိုင်ပါမည်။ New Karoq Model တွင် အင်ဂျင်များ အနေဖြင့် – ( 1.0 L TSI EVO ) ၊ ( 1.5 L TSI EVO ) ၊ (2.0 L TSI EVO ) ဓာတ်ဆီအင်ဂျင် ( ၃ ) မျိုးနှင့် အတူ Power Output မတူညီသည့် ( 2.0 L Diesel Engine ) ( ၂ ) မျိုးတို့ ရရှိနိုင်ပါမည်။ Gear Box အနေဖြင့် ( 6 – Speed Manual ) နှင့် ( 7 – Speed DSG Gearbox ) တို့ထည့်သွင်းထားပါသည်။
#DriveMediaMyanmar