Ford သည် ၎င်း၏ ဂန္ဓဝင်ဆန်သည့် Mustang Racing Car အား ထူးခြားသည့်ဖန်တီးမှု အနေဖြင့် V8 Engine ပါဝင်သည့် Mustang GT 3 ကို မိတ်ဆက်လိုက်ပါသည်။ Mustang GT 3 သည် Ford Performance နှင့် Multimatic Motorsports တို့၏ ဖက်စပ်အစီအစဉ်ဖြစ်ကာ IMSA Daytona GTD Class အနေဖြင့် ဖန်တီးထားသည့် Sport Car လည်းဖြစ်သည်။ Ford သည် အစဉ်အလာကြီးလှသည့် Mustang အား အထူးကောင်းမွန်သည့် Sports Car အနေဖြင့် ရည်ရွယ်ကာ Mustang GT 3 Project ကို ဖန်တီးခြင်းဖြစ်သည့် Partner ဖြစ်သည့် Multimatic  Motor Sports သည် Ford နှင့် ၎င်း၏ Customer များအတွက် Championship – Level Race Program များကို ဖန်တီးပေးဖူးသည့် ကုမ္ပဏီဖြစ်သည်။

 

New Mustang GT 3 တွင်  ( 5.0 L Coyote – Based V8 Engine ) အင်ဂျင်ကို တပ်ဆင်မည်ဖြစ်ကာ ၎င်းအင်ဂျင်အား Highly Modified GT 3 Racecar တွင်လည်း အသုံးပြုပါမည်။ Suspension အနေဖြင့် အရှေ့နှင့် အနောက် Suspension Setups များအား Shorts – Long Arm Setups များဖြင့် ဖန်တီးထားပါမည်။ Gearbox သည် Rear – Mounted Transaxle Gearbox ဖြစ်သည်။ အလွန်ပေါ့ပါးသည့် Carbon Fiber Body Panels များကို Unique Aero Package အနေဖြင့်ရရှိနိုင်မည်ဖြစ်ကာ Racing Series များအတွက်လည်းရနိုင်ပါမည်။ ပထမဆုံး Plan အနေဖြင့် ကား( ၂ ) စင်း ထုတ်လုပ်မည်ဖြစ်ကာ Multimatic  မှ စီမံခန့်ခွဲသည့်  IMSA GTD Pro Works Team မှ တစင်းနှင့် Mustang Race Car ၏ Customer Branch တို့မှ တစင်းအသီးသီးထုတ်လုပ်ပါမည်။ Mustang GT 3  အား Daytona စက်ရုံမှ  2024 တွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး Mustang Model  အသစ်နှင့် အဟောင်းတို့၏ New Video အား 2022 March 1 တွင် Ford မှ ပြသမည်ဖြစ်သည်။

#DriveMediaMyanmar