Chery သည် Global Dealers ကြီးများပူးပေါင်းပါဝင်သည့် Chery Brand ၏ Core Models များကိုစမ်းသပ်မောင်းနှင်ခြင်းလှုပ်ရှားမှုအခမ်းအနားအား 2023 April 20 တွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Chery ၏ TIGGO Family မှ PHEV Product ၂ ခုဖြစ်သည့် TIGGO 8 PRO e + နှင့် TIGGO 7 PRO e + တို့ကိုမိတ်ဆက်မောင်းနှင်ခဲ့ပါသည်။ ၎င်းတို့တွင် Hybrid နယ်ပယ်၏နည်းပညာဆိုင်ရာတွင် ဦးဆောင်ခြင်းများဖြစ်သည့် Lower Energy Consumption ၏တမူထူးခြားသည့် စွမ်းဆောင်ရည်နှင့်ကြီးမားသည့်စွမ်းအားတို့ပါဝင်ပါသည်။

စမ်းသပ်မောင်းနှင်ခြင်းမစတင်မှီ Chery Core PHEV နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များအား Chery ဝန်ထမ်းများမှတက်ရောက်လာသူများအား မိတ်ဆက်ရှင်းပြခဲ့ပါသည်။အသေးစိတ်အားဖြင့်ဆိုပါက – ကမ္ဘ့ပထမဆုံး DTH နည်းပညာနှင့်အတူ DTH ၏ Torque / Engine / Gear / Working Models နှင့် 11 Speed Ratio and Torque တို့အကြောင်းများအားရှင်းပြခဲ့ပြီး ၎င်းနည်းပညာတွင် Dual Motor / Motor Controller / Transmission / တို့သည် Chery အတွက်ပထမဆုံးအနေဖြင့် အချိုးညီစွာပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

တချိန်ထဲမှာပင် 1.5 T Hybrid – Specific Engine နှင့် စွမ်းအင်သိပ်သည်းဆမြင့်မားသည့် Battery တို့ကိုလည်း ပြသခဲ့ပြီး၎င်းတို့တွင် တမူထူးခြားသည့်စွမ်းဆောင်ရည်များပါဝင်ပြီး Fuel နှင့် Electric Drive တို့ကိုလည်း ပြောင်းလဲအသုံးပြုလို့ရပါသည်။ စွမ်းဆောင်ရည်အနေဖြင့်လည်း ( 1000km range of drive ) အနီးစပ်ဆုံးအသုံးပြုနိုင်မည်ဖြစ်ပါသည်။

စမ်းသပ်မောင်းနှင်ခြင်းအစီအစဥ်အတွက် 1.5 T Hybrid Engine အား Chery TIGGO 8 PRO e + တွင် တပ်ဆင်ထားကာ အမြန်နှုန်းအနေဖြင့် ( Up to 7.5 Seconds Per 100 Km ) ရောက်ရှိခဲ့ပါသည်။ လမ်းပေါ်တွင်မဟုတ်ပဲ တောင်ကုန်းအတက်တွင် စမ်းသပ်မောင်းနှင်ရာ၌လည်း Power သည်ကောင်းစွာတည်ရှိပြီး ယာဥ်တည်ငြိမ်မှုကိုလည်း ထိန်းထားနိုင်သည်ကိုတွေ့ရပါသည်။

အထူးသဖြင့် Chery PHEV သည် 3 Gear DHT System ကိုအသုံးပြုထားသည့် တခုတည်းသော Model ဖြစ်သည်။ ၎င်းစနစ်တွင် Physical Gear ၃ဆင့်နှင့် Operation Points ၃ခုတို့ပေါင်းစပ်ပါဝင်ကာ Speed Ratio ကိုလည်း ထိန်းညှိနိုင်ပါသည်။ထို့အတူ Dual Motor နှင့်ပူးပေါင်းပြီး High Efficiency ရလာဒ်ကိုလည်း ဖန်တီးပေးနိုင်စွမ်းရှိပါသည်။ ထို့အပြင် – ကုန်းဆင်းအခြေအနေ / Brake အသုံးပြုခြင်း / တို့တွင် Energy ကိုအလိုအလျောက်ပြန်လည်ထိန်းသိမ်းပေးပြီး Battery ၏ Power ကို ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်သည်။ စမ်းသပ်မောင်းပွဲတွင်တင်ဆက်သည့် Projects များ၏ အတွေ့အကြုံများအရ Dealers ကြီးများသည် Chery ၏ PHEV နည်းပညာကို ကောင်းစွာနားလည်သဘောပေါက်ခဲ့ပြီး စိတ်ကျေနပ်မှုများလည်းရရှိခဲ့ပါသည်။

Chery ၏ Energy Power System သည်လည်း အသေးစိတ်ရှင်းလင်းတင်ဆက်မှု၏ အပိုင်းတွင်ပါဝင်ပြီး အဆိုပါ System ၏ Driving Comfort ဆိုင်ရာနှင့် Intelligence ဆိုင်ရာထူးခြားချက်များကို Dealers ကြီးများသည် ကောင်းစွာနားလည်သဘောပေါက်ခဲ့ပါသည်။ အတိအကျဆိုပါက Chery မှမိတ်ဆက်ပြသည့် TIGGO 8 PRO e + Showcase တွင် – Luxury ကိုအပြည့်အဝခံစားရစေမည့် Screen ၃ ခုပေါင်းစပ်ခြင်းဖြစ်သည့် – 12.3 – inch LCD Instrument Panel / 12.5 – inch Center Console Screen / 8.0 – inch AC LCD Touchscreen / အခင်းအကျင်းကို လည်းထည့်သွင်းပြသခဲ့ပါသည်။

ထို့အတူ 360° မြင်ကွင်းကျယ်ပုံရိပ်များ ပေါင်းစပ်ထားသည့် Camera System သည်လည်း Parking အသုံးပြုခြင်းနှင့် ကျဥ်းမြောင်းသည့်အကွေ့များအတွက် ယာဥ်မောင်းကိုထိရောက်စွာ ကူညီပေးနိုင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနေများအပေါ်တွင်လည်း ထိရောက်စွာအကူအညီရပါမည်။

Chery TIGGO 8 PRO e + မောင်းနှင်ရာတွင်အကောင်းဆုံးလုံခြုံစိတ်ချရမှုကိုစီစဥ်ပေးမည့် ADAS Functions အမျိုးအစား ၁၀ ခုကျော်အထိပါဝင်ထားပါသည်။ အဆိုပါအခင်းအကျင်းများအပြင် Luxury Quality ကိုလည်း အဆင့်မြှင့်တင်ထားပြီး အထူးအာဖြင့် – SONY’s 8 Speaker Surround Sound / Multi – Color Atmosphere Lights / Super Large Panoramic Skylight / စသည့်တမူထူးခြားသည့် Features များစွာကို ထည့်သွင်းထားပါသည်။

TIGGO 8 PRO e + သည် လျှပ်စစ်သီးသန့်ဖြင့် ( Range of 75 Km ) အသုံးပြုနိုင်မည်ဖြစ်ကာ ရလာဒ်များအနေဖြင့် – Power ၏အမြန်ဆုံးတုန့်ပြန်မှုကို Boast လုပ်ပေးနိုင်ခြင်း / အလွန်ဆိတ်ငြိမ်ပြီး သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင်အခြေအနေကို ဖေါ်ဆောင်ပေးခြင်းနှင့် Pure EV Car အတွက်အကောင်းဆုံးသော မောင်းနှင်ခြင်းခံစားမှုကို ပုံဖေါ်ပေးမည့် Medium and Low Speed တို့အားဖန်တီးပေးခြင်း စသည်တို့အား ရရှိနိုင်ပါသည်။ထို့အပြင် အရှိန်မြှင့်တင်ခြင်းနှင့်တောင်တက်ခြင်း စသည်တို့အတွက် Strong Power ကိုလိုအပ်လာပါက Engine သည် လိုအပ်သည့် Power ပေါင်းစပ်မှုပုံစံများစွာကို လိုအပ်သည့်အသုံးပြုမှုနှင့် အတိအကျကိုက်ညီစေရန် ပေါင်းစပ်ကူညီပေးမည်ဖြစ်သည့်အပြင် အကောင်းဆုံးသော Power Output State အခြေအနေကိုလည်း အစဥ်အမြဲထိန်းသိမ်းပေးထားပါမည်။

Chery TIGGO 7 PRO e + သည် New Energy Exterior Design ကိုပထမဆုံးဖန်တီးသည့် PHEV Product ဖြစ်ကာ နည်းပညာဆိုင်ရာ ဖန်တီးပုံဖေါ်မှုနှင့် Fashionable အခင်းအကျင်းကို အချိုးညီညီပေါင်းစပ်သည့် Light Luxury SUV အမျိုးအစားဖြစ်သည်။ ကား၏ Fashion Design / နည်းပညာဆိုင်ရာ ဖန်တီးပုံဖေါ်မှု / Safety / Comfort / အထူးသဖြင့် Family – Design ကိုရည်ရွယ်သည့် Diamond Front Grille တွင် တမူထူးခြားသည့် Matrix LED Intelligent Highlight / စသည့်ဒီဇိုင်းအခင်းအကျင်းတို့အား ပွဲကိုတက်ရောက်လာသည့် Dealers ကြီးများအားလုံးသည်ကောင်းစွာ အသိအမှတ်ပြုချီးမွမ်းခဲ့ကြပါသည်။

TIGGO 7 PRO e + Model တွင် ထူးခြားသည့်အခင်းအကျင်းများစွာ ပါဝင်ထားကာ အဓိကအားဖြင့် – Dual – Color Body / Floating Roof Design / Low – Drag Wheels / တို့ဖြင့်ခင်းကျင်းထားမည့်အပြင် လူငယ်များအကြိုက်ဖြစ်သည့် Electric Blue Gradient Tail Wings ကဲ့သို့ Sporty ဆန်သည့်အခင်းအကျင်းများလည်း ပါဝင်ပါသည်။ အလားတူ နည်းပညာဆိုင်ရာ Features များကိုလည်း TIGGO 7 PRO e + တွင်အလျှံပယ်ထည့်သွင်းထားပြီး အဓိကအားဖြင့် – 24.6 – Inch Dual Screen / Electronic Tailgate / ကြိုးမဲ့ဖုန်းအားသွင်းခြင်းစနစ် / အစရှိသည့် Features များစွာကို တွေ့မြင်ခံစားရမည်ဖြစ်သည်။

Chery TIGGO Family ၏ PHEV Product ၂ ခု အား ပွဲတက်ရောက်လာသည့် Global Dealers ကြီးများမှ အထူးပင်စိတ်ဝင်တစားဖြစ်ခဲ့ပြီး ကျေနပ်အားရခဲ့ကြပါသည်။ ထိုအချက်သည် Chery ၏ Hardcore New Energy Technology ၏ ကောင်းသတင်းတရပ်ပင်ဖြစ်သည်။ အစောဆုံးဖြစ်သည့် Auto Brand အနေဖြင့် Chery သည် ခေတ်ရေစီးကြောင်းကိုပူးပေါင်းခြင်း New Energy Products တို့အား Global Market တွင် အရှိန်မြှင့်တင်ထုတ်လုပ်ရောင်းချရန် ရည်ရွယ်ပြီး New Technology R and D အား ဖန်တီး တည်ထောင်ထားပါသည်။

ရှေ့ဆက်ရမည့်လုပ်ငန်းစဥ်များအနေဖြင့် – Chery သည် ယခုပြုလုပ်သည့်ကားစမ်းသပ်မောင်းနှင်ပွဲတွင် မိတ်ဆက်သည့် PHEV Product ၂ မျိုးအပြင် အခြားသော Energy Product အသစ်များဖြစ်သည့် BEVs မှအစပြု၍ အခြားသောဖန်တီးမှုများဖြစ်သည့် – ( Forms of Power / လူသားများအားထောက်ပံ့ကူညီပေးနိုင်မည့် Forming Low – Carbon နှင့် Green Travel အလေ့အထများ ) ကိုလည်း ဆက်လက်တိုးချဲ့ဖန်တီးရန် အစီအစဥ်များချမှတ်ထားပါသည်။

#DriveMediaMyanmar