ဒီနေ့ခေတ်မှာ ကမ္ဘာ့လူဦးရေတိုးပွားလာမှုနဲ့အတူ မော်တော်ယာဉ်လိုအပ်ချက်လည်းပိုများပြားလာတာကြောင့် ကားထုတ်လုပ်ရောင်းချမှု ပမာဏဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို တိုးမြင့်လာနေပါတယ်။ ဒါကြောင့်ပဲ နည်းပညာသစ်တွေပါဝင်တဲ့အပြင် သဘောကျ လောက်စရာဒီဇိုင်းရှိတဲ့ ကား Model သစ် တစ်မျိုးပြီးတစ်မျိုး ဈေးကွက်ထဲ ဝင်ရောက်လာနေတာပါ။ Auto Mobile Industry နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို Drive Media ရဲ့ပရိသတ်တွေသိရအောင် ဒီနေ့အတွက်ဖတ်စရာဆောင်းပါးအနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ လေ့လာဖတ်ရှုကြည့်လိုက်ပါဦး..။ (*ဒီဆောင်းပါးမှာပါဝင်နေတဲ့ “ကား” စကားလုံးက Passenger Car အမျိုးအစားကိုပဲ ရည်ညွှန်းပါတယ်)

လက်ရှိ ကမ္ဘာပေါ်မှာ ကားအစီးရေ ဘယ်လောက်ထိရှိနေပြီလဲ?

၂၀၁၀ ခုနှစ်အရောက်မှာ မှတ်ပုံတင်ထားပြီးကားအစီးရေက (၁) ဘီလျံရှိလာပြီး ဒါဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ နှစ်စပိုင်းအချိန်မှာရှိခဲ့တဲ့ ကားအစီးရေစုစုပေါင်းကတော့ သန်း (၂၅၀) ပါ။ ခန့်မှန်းတွက်ချက်မှုရလဒ်တွေအရ လက်ရှိ ကမ္ဘာ့နေရာအနှံ့အပြားကလမ်းတွေပေါ်မှာ သွားလာနေတဲ့ကားစီးရေစုစုပေါင်းဟာ (၁) ဘီလျံကျော်ရှိနေပါပြီ။ (၁) စက္ကန့်တိုင်းမှာ ကား (၂.၆) စီးနှုန်းနဲ့ ထုတ်လုပ်နေတဲ့အတွက် လာမယ့်ကာလတွေမှာ ကမ္ဘာပေါ်မှာရှိတဲ့ကားအစီးရေက ပိုပြီးတောင်များလာဦးမှာပါ။ ကျွမ်းကျင်သူတွေက၂၀၃၅ ခုနှစ်လောက်ဆိုရင် မှတ်ပုံတင်ပြီးကားစီးရေပေါင်း (၁.၈) ဘီလျံကျော်ထိရှိလာနိုင်တယ်လို့ ခန့်မှန်းထား ကြပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာရှိနေတဲ့ ကားအစီးရေကို အတိအကျသိလိုရင်တော့ live-counter.com ရဲ့ အချိန်နဲ့တပြေးညီဖော်ပြ မှုကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ကားအစီးရေ ဘယ်လောက်များများထုတ်လုပ်နေလဲ?

ကမ္ဘာပေါ်မှာ နှစ်စဉ်တိုင်း ကားအသစ်စီးရေ (၈၃) သန်းလောက် ထုတ်လုပ်နေပါတယ်။ ထုတ်လုပ်လိုက်သမျှကားတိုင်းကိုတော့ ရောင်းချလိုက်တာမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းက ကမ္ဘာတဝှမ်းလုံးကကုမ္ပဏီတွေရဲ့တစ်နှစ်တာကားထုတ်လုပ်မှုပမာဏဟာ စီးရေသန်း (၇၀) ကျော်ရှိခဲ့လို့ သမိုင်းတစ်လျှောက်အများဆုံးအရေအတွက်အဖြစ် ပထမဆုံးအကြိမ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီနှစ် (၂၀၂၀) နှစ်စပိုင်းကနေ ဒီနေ့အချိန်ထိ ထုတ်လုပ်ထားတဲ့ကားစီးရေအတိအကျကိုသိလိုရင်လည်း live-counter.com မှာပဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဘယ်နိုင်ငံက ကားအစီးရေ အများဆုံးထုတ်လုပ်နေလဲ?

ကမ္ဘာမှာရှိသမျှကားအစီးရေအားလုံးရဲ့ ၆၀% ကျော်ကို အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်မှာထုတ်လုပ်တာဖြစ်ပြီး ကျန်တဲ့အစီးရေ ၂၆% လောက်ကို ဥရောပမှာထုတ်လုပ်ပါတယ်။ ကားထုတ်လုပ်မှုအများဆုံးနိုင်ငံများစာရင်းရဲ့ နံပါတ် (၁) နေရာမှာ လက်ရှိရပ်တည်နေတာက တရုတ်နိုင်ငံ ပါ။ ကမ္ဘာပေါ်ကကား (၄) စီးတိုင်းမှာ (၁) စီးဟာ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက တရုတ်နိုင်ငံဟာ ကမ္ဘာ့တတိယအကြီးဆုံးကားဈေးကွက်အဆင့်သာရှိခဲ့တာပါ။ ဒါပေမဲ့ ယာဉ်ပိုင်ဆိုင်သူဦးရေနည်းပါးမှု၊ ဝင်ငွေ အဆင့်မြင့်မားလာမှု၊ အကြွေးဝယ်စနစ် ပိုပြီးထွန်းကားလာမှုနဲ့ ကားဈေးနှုန်းကျဆင်းလာမှု စတဲ့အကြောင်းတွေက တရုတ်နိုင်ငံကို ကမ္ဘာ့အကြီးဆုံးကားဈေးကွက်အဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက ကားထုတ်လုပ်ရေးကုမ္ပဏီများ

အောက်မှာဖော်ပြပေးထားတွေက ကားထုတ်လုပ်ရောင်းချနေတဲ့ နိုင်ငံတကာကကားကုမ္ပဏီတွေပါ။

Anhui, Avtovaz , Beijing, BMW, Brilliance, Byd, Chana, Changhe, Chery, China National, Chrysler, Daewoo, Daihatsu, DaimlerChrysler, Dongfeng, Faw, Fiat, Ford, Fuji, Fujian, Gaz, Geely, General Motors, Great Wall, Guangzhou, Harbin, Hino, Honda, Hyundai, Ij-Avto, Isuzu, Kamaz, Kia, Mahindra&Mahindra, MAN, Mazda, Mitsubishi, Multicar, Nanjing, Navistar, Nissan, Nissan Diesel, Paccar, Porsche, Proton, PSA, Renault, Saic, Scania, Suzuki, Tata, Toyota, Uaz, Vaz, Volkswagen, and Volvo.

ဒီကုမ္ပဏီတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်သေးရင်တော့ International Organization of Motor Vehicle Manufacturers ရဲ့ဝက်ဘ်ဆိုက်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

Ref: worldometers.info “Data on global car production”

(Zawgyi Version)

ဒီေန႔ေခတ္မွာ ကမာၻ႔လူဦးေရတိုးပြားလာမႈနဲ႔အတူ ေမာ္ေတာ္ယာဥ္လိုအပ္ခ်က္လည္း ပိုမ်ားျပားလာတာေၾကာင့္ ကားထုတ္လုပ္ေရာင္းခ်မႈပမာဏဟာ တစ္ကမာၻလုံး အတိုင္းအတာနဲ႔ကို တိုးျမင့္လာေနပါတယ္။ ဒါေၾကာင့္ပဲ နည္းပညာသစ္ေတြပါဝင္တဲ့အျပင္ သေဘာက်ေလာက္စရာဒီဇိုင္းရွိတဲ့ ကား Model သစ္ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေဈးကြက္ထဲ ဝင္ေရာက္လာေနတာပါ။ Auto Mobile Industry နဲ႔ပတ္သက္တဲ့အခ်က္အလက္တခ်ိဳ႕ကို Drive Media ရဲ႕ပရိသတ္ေတြသိရေအာင္ ဒီေန႔အတြက္ဖတ္စရာေဆာင္းပါးအေနနဲ႔ တင္ဆက္ေပးလိုက္ပါတယ္။ ေလ့လာဖတ္ရႈၾကည့္လိုက္ပါဦး..။

(*ဒီေဆာင္းပါးမွာပါဝင္ေနတဲ့ “ကား” စကားလုံးက “Passenger Car” အမ်ိဳးအစားကိုပဲ ရည္ၫႊန္းတာျဖစ္ပါတယ္)

လက္ရွိ ကမာၻေပၚမွာ ကားအစီးေရ ဘယ္ေလာက္ထိရွိေနၿပီလဲ?

၂၀၁၀ ခုႏွစ္အေရာက္မွာ မွတ္ပုံတင္ထားၿပီးကားအစီးေရက (၁) ဘီလ်ံရွိလာခဲ့ၿပီး ဒါဟာ သမိုင္းတစ္ေလွ်ာက္မွာ ပထမဆုံးအႀကိမ္လည္းျဖစ္ခဲ့ပါတယ္။ ၂၀၁၉ ႏွစ္စပိုင္း အခ်ိန္မွာရွိခဲ့တဲ့ ကားအစီးေရစုစုေပါင္းကေတာ့ သန္း (၂၅၀) ပါ။ ခန႔္မွန္းတြက္ခ်က္မႈ ရလဒ္ေတြအရ လက္ရွိ ကမာၻ႔ေနရာအႏွံ႔အျပားက လမ္းေတြေပၚမွာ သြားလာေနတဲ့ ကားစီးေရစုစုေပါင္းဟာ (၁) ဘီလ်ံေက်ာ္ရွိေနပါၿပီ။ (၁) စကၠန႔္တိုင္းမွာ ကား (၂.၆) စီးႏႈန္းနဲ႔ ထုတ္လုပ္ေနတဲ့အတြက္ လာမယ့္ကာလေတြမွာ ကမာၻေပၚမွာရွိတဲ့ကားအစီးေရက ပိုၿပီးေတာင္မ်ားလာဦးမွာပါ။ ကြၽမ္းက်င္သူေတြက၂၀၃၅ ခုႏွစ္ေလာက္ဆိုရင္ မွတ္ပုံတင္ၿပီးကားစီးေရေပါင္း (၁.၈) ဘီလ်ံေက်ာ္ထိရွိလာႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ လက္ရွိ ကမာၻေပၚမွာရွိေနတဲ့ ကားအစီးေရကို အတိအက်သိလိုရင္ေတာ့ live-counter.com ရဲ႕ အခ်ိန္နဲ႔တေျပးညီေဖာ္ျပမႈကို သြားေရာက္ၾကည့္ရႈႏိုင္ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ကမာၻတဝွမ္းမွာ ကားအစီးေရ ဘယ္ေလာက္မ်ားမ်ားထုတ္လုပ္ေနလဲ?

ကမာၻေပၚမွာ ႏွစ္စဥ္တိုင္း ကားအသစ္စီးေရ (၈၃) သန္းေလာက္ထုတ္လုပ္ေနပါတယ္။ ထုတ္လုပ္လိုက္သမွ်ကားတိုင္းကိုေတာ့ ေရာင္းခ်တာမဟုတ္ပါဘူး။ ၂၀၁၆ ခုႏွစ္တုန္းက ကမာၻတဝွမ္းလုံးကကုမၸဏီေတြရဲ႕ တစ္ႏွစ္တာကားထုတ္လုပ္မႈပမာဏဟာ စီးေရသန္း (၇၀) ေက်ာ္ရွိခဲ့လို႔ သမိုင္းတစ္ေလွ်ာက္ အမ်ားဆုံးအေရအတြက္အျဖစ္ ပထမဆုံးအႀကိမ္ မွတ္တမ္း ဝင္ခဲ့ပါတယ္။ ဒီႏွစ္ (၂၀၂၀) ႏွစ္စပိုင္းကေန ဒီေန႔အခ်ိန္ထိ ထုတ္လုပ္ထားတဲ့ကားစီးေရ အတိအက်ကိုသိလိုရင္လည္း live-counter.com မွာပဲဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

ဘယ္ႏိုင္ငံက ကားအစီးေရ အမ်ားဆုံးထုတ္လုပ္ေနလဲ?

ကမာၻမွာရွိသမွ်ကားအစီးေရအားလုံးရဲ႕ ၆၀% ေက်ာ္ကို အာရွနဲ႔ သမုဒၵရာပိုင္းဇုန္မွာ ထုတ္လုပ္ တာျဖစ္ၿပီး က်န္တဲ့အစီးေရ ၂၆% ေလာက္ကို ဥေရာပမွာထုတ္လုပ္ပါတယ္။ ကားထုတ္လုပ္မႈ အမ်ားဆုံးႏိုင္ငံမ်ားစာရင္းရဲ႕ နံပါတ္ (၁) ေနရာမွာ လက္ရွိရပ္တည္ေနတာက တ႐ုတ္ႏိုင္ငံ ပါ။ ကမာၻေပၚကကား (၄) စီးတိုင္းမွာ (၁) စီးဟာ တ႐ုတ္ႏိုင္ငံကထုတ္လုပ္တဲ့ကားျဖစ္ပါတယ္။ ၂၀၀၆ ခုႏွစ္တုန္းက တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔တတိယအႀကီးဆုံး ကားေဈးကြက္အဆင့္ သာရွိခဲ့တာပါ။ ဒါေပမဲ့ ယာဥ္ပိုင္ဆိုင္သူဦးေရနည္းပါးမႈ၊ ဝင္ေငြ အဆင့္ျမင့္မားလာမႈ၊ အေႂကြးဝယ္စနစ္ ပိုၿပီးထြန္းကားလာမႈနဲ႔ ကားေဈးႏႈန္းက်ဆင္းလာမႈ စတဲ့အေၾကာင္းေတြက တ႐ုတ္ႏိုင္ငံကို ကမာၻ႔အႀကီးဆုံးကားေဈးကြက္အျဖစ္ကို ေရာက္ရွိေစခဲ့ပါတယ္။

ကမာၻတဝွမ္းက ကားထုတ္လုပ္ေရးကုမၸဏီမ်ား

ေအာက္မွာေဖာ္ျပေပးထားတာေတြက ကားထုတ္လုပ္ေရာင္းခ်ေနတဲ့ ႏိုင္ငံတကာကကား ကုမၸဏီေတြပါ။

Anhui, Avtovaz , Beijing, BMW, Brilliance, Byd, Chana, Changhe, Chery, China National, Chrysler, Daewoo, Daihatsu, DaimlerChrysler, Dongfeng, Faw, Fiat, Ford, Fuji, Fujian, Gaz, Geely, General Motors, Great Wall, Guangzhou, Harbin, Hino, Honda, Hyundai, Ij-Avto, Isuzu, Kamaz, Kia, Mahindra&Mahindra, MAN, Mazda, Mitsubishi, Multicar, Nanjing, Navistar, Nissan, Nissan Diesel, Paccar, Porsche, Proton, PSA, Renault, Saic, Scania, Suzuki, Tata, Toyota, Uaz, Vaz, Volkswagen, and Volvo.

ဒီကုမၸဏီေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္သိခ်င္ေသးရင္ေတာ့ International Organization of Motor Vehicle Manufacturers ရဲ႕ဝက္ဘ္ဆိုက္မွာ ၾကည့္ရႈေလ့လာႏိုင္ပါတယ္။

 

Ref: worldometers.info “Data on global car production”