တရုတ်တွင် ရောင်းချသည့် Buick Envista SUV အား U.S.A ဈေးကွက်အတွက် Buick Electra E 5 EV SUV အနေဖြင့် ရောင်းချရန် အစီအစဉ်ရှိကြောင်း G.M မှ ပြောကြားလိုက်ပါသည်။ ယခုနှစ် နွေရာသီတွင် မိတ်ဆက်ခဲ့သည့် Buick Envista တွင် Buick ၏ New Design Language ဖြစ်သည့် Wildcat EV Coupe Concept ကို အဓိကအခြေခံကာ ဖန်တီးထားကာ သွယ်လျှသည့် DRL ရှေ့မီးကြီးနှင့် Graphic Grille ပေါင်းစပ်မှု ၊ Sloped Coupe-like Roofline Design တို့ဖြင့် ဖန်တီးထားပါသည်။

ထို့အပြင် Buick ၏ Badge အသစ်ဖြစ်သည့် All-new Tri-Shield Badge ကိုလည်း Global Model များအနက် ပထမဆုံး တပ်ဆင်သည့် Model ဖြစ်သည်။ Buick သည် U.S.A တွင် ရောင်းချမည့် EV Model များအား Electra အမည်ဖြင့်သာ ရောင်းချ မည်ဖြစ်သည့်အတွက် E5 အပြင် အသစ်ရောင်းချမည့် ကားအားလုံးတွင် Electra အမည်ပါဝင်ပါမည်။

တရုတ် ဈေးကွက်တွင် ရောင်းချမည့် Buick Envista Model တွင် – 1.5 L Turbo I4 Engine , 181 hp , Ecotec Gas Engine နှင့် CVT Auto gear တို့တွဲဖက်ထားပါသည်။  ကား၏ Body Platform သည် 2024 Chevy Trax တွင် ပါဝင်သည့် New Platform နှင့် တူညီပြီး GM အနေဖြင့် All New Buick Electra E 5 EV SUV အား U.S.A သို့ ရောင်းချမည်ဆိုပါက လက်ရှိရောင်းချထားသည့် Buick Encore ၏ အစားထိုးအနေဖြင့် သတ်မှတ် ရောင်းချမည်ဖြစ်သည်။ GM ၏ Buick U.S.A Lineup တွင် Encore Compact SUV အပြင် အရွယ်ကြီးမားသည့် 3-Rows Envision SUV တို့လည်း ထုတ်လုပ်ထားပါသည်။

#DriveMediaMyanmar