GM ဟာ ဆိုရင်  သူရဲ့ မူပိုင် Ultrium Battery Platform နဲ့ EVs များစွာကို ထုတ်လုပ်ထားပြီး 2022 မှ 2024 နှစ်ပတ်လည်အထိ EV အစင်ရေ ( ၄ သိန်း ) ဝန်းကျင်အထိ ရောင်းချနိုင်မှာ ဖြစ်ပါ တယ်။ GM အနေနဲ့ မိခင်ဈေးကွက်ဖြစ်တဲ့ U.S.A Market မှာ PHEV Models တွေကို တဖန် မွေးဖွားရန် စီစဉ်ထားပြီး အသစ်ထွက်ရှိလာမည့် Chevy Equinox SUV က ပထမဆုံး GM ထုတ် PHEV ဖြစ်လာပါမယ်။ GM အနေနဲ့ PHEV ကို အရင်က ထုတ်လုပ်ဖူးခဲ့ပြီး 2019 Chevy Volt ဟာ နောက်ဆုံး ထုတ်ခဲ့တဲ့ PHEV Model ဖြစ်ကာ U.S.A မှာ လူသိများခဲ့ပြီး မျိုးဆက် ( ၂ ) ဆက် အထိ ထုတ်လုပ်နိုင်ခဲ့ ပါတယ်။

အလားတူ တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ပြီး 2018 နောက်ပိုင်းတွင် U.S.A ကို တင်ပို့ခဲ့တဲ့ Cadillac CT6 PHEV လည်း ရှိခဲ့ပြီး သူအတွက် GM က PHEV နည်းပညာများ မျှဝေခဲ့ပါတယ်။  လက်ရှိမှာ GM အနေနဲ့ PHEV Model ဖြစ်တဲ့ Buick Velite 6 ကို တရုတ်ဈေးကွက် မှာ ရောင်းချပြီး သူ့မှာ လျှပ်စစ်မော်တာတစုံ + 1.5 L Petrol Engine တို့နှင့် CVT Auto Gear ကို အသုံးပြုထား ပါတယ်။ Battery Pock အတွက် LG – Suppiled 9.5  – kwh Lithium  – ion Battery ကို အသုံးပြု ထားပြီး ( Combined 181 hp Output ) ရရှိမည်ဟုသိရှိရပါသည်။

GM ဟာ အသစ်ထွက်ရှိ လာမယ့် Global Version Chey Equinox  PHEV မှာ အဆိုပါ အင်ဂျင်ပေါင်းစပ်မှုကို အသုံးပြုမှာ ဖြစ်ပြီး Combined Power – Output ကတော့ Equinox PHEV ဟာ Hyundai Tucson PHEV လိုမျိုး Compact SUV Segment ပုံစံမျိုး ထုတ်လုပ်မှာ ဖြစ်ကာ Toyota RAV 4 Prime ၊ Ford Escape PHEV စတဲ့ Models တွေနဲ့ ပြိုင်ဖက်ဖြစ်လာပါမယ်။ GM ဟာ PHEV Model အသစ်တွေကို လက်အောက်ခံ Brands များအတွက် ဆက်လက်ထုတ်လုပ်ရန်လည်း လျာထားပါတယ်။