Unicode version…
တရုတ်နိုင်ငံရှိ (GM) သည် ယခုနှစ် ( June )လမှစ၍ ၄င်း၏ ယခင် (၂)လဆက်တိုက် ကျဆင်း နေသည့် (China GM’s) ကားများ၏ ရောင်းအားကို ပြန်လည်တည်ဆောက်မှုအစီအစဉ်များဖြင့် (ရောင်းအား တက်လာစေရန်) ကြိုးပမ်းမည်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံစျေးကွက်တွင် (New / Refreshed Model) အမျိုးအစားသစ် (၁၀)မျိုးအား ယခုနှစ်ကုန်ပိုင်းတွင် အသစ်ထုတ်လုပ်မည်ဟု မကြာမီက ကြေငြာလိုက်ပါသည်။ (General Motor , China) အနေဖြင့် (2017) (January) မှ (June) အထိရောင်းအား (၂.၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး အစင်းရေ (၁.၈)သန်း ခန့်သာရောင်းချနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ဒုတိယ အကြီးဆုံး (Foreign Brand) တစ်ခုဖြစ်သည့် (Volkswagen AG , China) အနေဖြင့် (2017 June) တွင် အစင်းရေ (285191)စင်းရောင်းချခဲ့ပြီး ယမန်နှစ် (June)လရောင်းအားထက် (၄.၃ ရာခိုင်နှုန်း)တိုးတက်ခဲ့ပါ သည်။
မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံရှိ (Foreign Brands) များ၏ ယခုနှစ်စုစုပေါင်းရောင်းချရမှုသည် (2010)ထက် များစွာသာလွန်မှု ရှိပါသည်။ထိုသို့ဖြစ်ရခြင်းမှာ (1.6 L Engine) နှင့် အောက်ရှိ ကားများအား အစိုးရမှ အခွန်လျော့ချပေးခြင်းသည် တစ်ချက်အပါအဝင်ဖြစ်ပါသည်။
[ကျွန်တော်တို့အနေဖြင့် ကြီးမားသည့် ၀ယ်လိုအားအပေါ် တုန့်ပြန်မှုအနေဖြင့် ယခု June မှ နောက်ခြောက်လအတွင်း ကားအမျိုးအစားအသစ် (၁၀)မျိုး အားတိုးချဲ့ဖန်တီးသွားမည်ဖြစ်ပါသည်။ ] ဟု (GM’s China Chief) ဖြစ်သူ (Mr. Matt Tsien) မှ ပြောကြားခဲ့ပါသည်။ အဆိုပါကားအသစ်များတွင် (All – new Buick Regal Sport Sedan) နှင့် တရုတ်နိုင်ငံရှိ (Baojun Brand) နှင့် (GM) တို့ပူးပေါင်းဖန်တီးထား သည့် (Buick Regal Station Wagon)တို့လည်း ပါ၀င်မည်ဖြစ်ပါသည်။ (GM China) ကဲ့သို့ပင် ၄င်း၏ ပြိုင်ဖက်များဖြစ်ကြသည့် (Toyota Motor Corp) နှင့် (Honda Motor Co., Ltd) တို့၏ တရုတ်ပြည် ကားရောင်းချရမှုသည် ယခုနှစ် (June)တွင် များစွာတိုးတက်ခဲ့ပါသည်။
Zawgyi version…