Gold Aya ကုမ္ပဏီ တစ်နှစ်လျှင် ကားစီးရေ ၅၀၀၀ ခန့်ထုတ်လုပ်မည်

မန္တလေးမြို့သာဥယျာဉ်စီမံကိန်းတွင် မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ထားသည့် Gold Aya ကုမ္ပဏီသည် တစ်နှစ်လျှင် ကားစီးရေ ၅၀၀၀ ခန့် ထုတ်လုပ်ရန် စီစဉ်ထားရှိကြောင်း ဟု Gold AYA Mortors International Group Co.,Ltd ၏ Vice General Manager Mr.Jacky Yan က ပြောသည်။
တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံသည့် အဆိုပါ စက်ရုံကို မြို့သာစက်မှုဥယျာဉ်အတွင်းရှိ မြေဧက ၂၁ ဒသမ ၁ ဧက အကျယ်အဝန်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံထား ကြောင်းသိရသည်။
“ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ သူတွေအတွက်ဆို FDI က မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရပါမယ်။ နိုင်ငံခြားကုမ္ပဏီတွေရဲ့ အမြတ်တွေထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ အမြတ်တွေလည်း ပါရပါတယ်။ ကျွန်တော်တို့ လူသား အရင်းအမြစ်တွေလည်း မြတ်ရပါမယ်။ အဲဒီလို ရည်ရွယ်ချက်နှစ်ခုနဲ့ ကြိုးစားရပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
စက်ရုံတည်ဆောက်ရေး၏ ပထမအဆင့်တွင် SKD Assembly Line ပါဝင်ပြီး နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းမှာ ကားအစီးရေ ၅,၀၀၀ ဖြစ်ကာ Assembly Shop တပ်ဆင်သည့်ဌာန, အစိတ်အပိုင်း သိုလှောင်ဌာန Parts Warehouse, Container Ward ကွန်တိန်နာဝင်း, Commodity Car Parking Area ကားပါကင်, Test Track စမ်းသပ်ရန်လမ်းကြောင်း, Oil Storage ဆီသိုလှောင်ကန်, Solid Waste Station အမှိုက်စွန့်ပစ်ရန်နေရာ, Oil Depot, Office Building and Related Facilities ရုံးအဆောက်အအုံနှင့် အခြားလိုအပ်ချက်များစွာကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားကြောင်း သိရသည်။

လက်ရှိတွင် ကုမ္မဏီသည် ကားအမျိုးအစား ၁၀မျိုးကျော်ကို ဆက်လက်ထုတ်လုပ်သွားရန် စီစဉ်ထားရှိပြီး အိမ်စီးကားအမျိုးအစားများ၊ SUVs, MPVs, Commercial Vehicles, Pickup Trucks, Special Vehicles တို့အပြင် New Energy Vehicles တို့ကိုပါ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Mr.Jacky Yan က ပြောသည်။ Gold AYA Motor International Co.,Ltd သည် မော်တော်ကားတပ်ဆင်ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး “One Belt and One Road” အစီအစဉ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးနိုင်ရန်အတွက် Kunming Xingyao Group က ၂၀၁၇ ခုနှစ်တွင် စတင်ရင်းနှီးမြှုပ်နှံခဲ့သည့် ကုမ္ပဏီဖြစ်သည်။
Gold AYA Motors International Group Co., Ltd က မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ကားထုတ်လုပ်နိုင်သည့် ကုမ္မဏီဖြစ်လာရန်နှင့် မြန်မာနိုင်ငံတွင်သာမက အာရှ ၁၀နိုင်ငံ သို့ပါ ထိုးဖောက်ဝင်ရောက်ပြီး ပြည်တွင်းပြည်ပကားဈေးကွက်ကို ဦးဆောင်သည့် ပြိုင်ဆိုင်မှုပြင်းထန်သော ကုမ္မဏီဖြစ်လာရန် မျှော်လင့်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက စတင်တည်ဆောက်ခဲ့ပြီး ပထမဦးဆုံးထုတ်လုပ်ခြင်းဖြစ်သည့် အသေးစား SUV အမျိုးအစား Q35 ကား မိတ်ဆက်ပြသပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့သည်။
#News #Drivemediamyanmar

Gold Aya ကုမၸဏီ တစ္ႏွစ္လွ်င္ ကားစီးေရ ၅၀၀၀ ခန္႔ထုတ္လုပ္မည္
—————————————————————————–
Zawgyi Version…..
မႏၱေလးၿမိဳ႕သာဥယ်ာဥ္စီမံကိန္းတြင္ ေမာ္ေတာ္ယာဥ္ထုတ္လုပ္သည့္ စက္႐ုံတည္ေဆာက္ထားသည့္ Gold Aya ကုမၸဏီသည္ တစ္ႏွစ္လွ်င္ ကားစီးေရ ၅၀၀၀ ခန္႔ ထုတ္လုပ္ရန္ စီစဥ္ထားရွိေၾကာင္း ဟု Gold AYA Mortors International Group Co.,Ltd ၏ Vice General Manager Mr.Jacky Yan က ေျပာသည္။
တ႐ုတ္ႏိုင္ငံက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသည့္ အဆိုပါ စက္႐ုံကုိ ၿမိဳ႕သာစက္မႈဥယ်ာဥ္အတြင္းရွိ ေျမဧက ၂၁ ဒသမ ၁ ဧက အက်ယ္အဝန္းတြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး အေမရိကန္ေဒၚလာ သန္း ၃၀ ခန္႔ ရင္းႏွီးျမွဳပ္ႏွံထား ေၾကာင္းသိရသည္။
“ဖြံ႕ၿဖိဳးဖို႔အရွိန္ယူေနတဲ့ သူေတြအတြက္ဆို FDI က မရွိမျဖစ္ လိုအပ္ပါတယ္။ အဲဒီေတာ့ ႏုိင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ လာႏိုင္တဲ့ ပတ္ဝန္းက်င္ေကာင္းတစ္ခု ဖန္တီးေပးရပါမယ္။ ႏုိင္ငံျခားကုမၸဏီေတြရဲ႕ အျမတ္ေတြထဲမွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အျမတ္ေတြလည္း ပါရပါတယ္။ ကြၽန္ေတာ္တို႔ လူသား အရင္းအျမစ္ေတြလည္း ျမတ္ရပါမယ္။ အဲဒီလို ရည္႐ြယ္ခ်က္ႏွစ္ခုနဲ႔ ႀကိဳးစားရပါတယ္” ဟု မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။
စက္ရုံတည္ေဆာက္ေရး၏ ပထမအဆင့္တြင္ SKD Assembly Line ပါဝင္ၿပီး ႏွစ္စဥ္ထုတ္လုပ္ႏိုင္စြမ္းမွာ ကားအစီးေရ ၅,၀၀၀ ျဖစ္ကာ Assembly Shop တပ္ဆင္သည့္ဌာန, အစိတ္အပုိင္း သုိေလွာင္ဌာန Parts Warehouse, Container Ward ကြန္တိန္နာဝင္း, Commodity Car Parking Area ကားပါကင္, Test Track စမ္းသပ္ရန္လမ္းေၾကာင္း, Oil Storage ဆီသုိေလွာင္ကန္, Solid Waste Station အမႈိက္စြန္႔ပစ္ရန္ေနရာ, Oil Depot, Office Building and Related Facilities ႐ုံးအေဆာက္အအုံႏွင့္ အျခားလိုအပ္ခ်က္မ်ားစြာကုိ ထည့္သြင္းတြက္ခ်က္ တည္ေဆာက္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ ကုမၼဏီသည္ ကားအမ်ိဳးအစား ၁၀မ်ိဳးေက်ာ္ကို ဆက္လက္ထုတ္လုပ္သြားရန္ စီစဥ္ထားရွိျပီး အိမ္စီးကားအမ်ိဳးအစားမ်ား၊ SUVs, MPVs, Commercial Vehicles, Pickup Trucks, Special Vehicles တို႔အျပင္ New Energy Vehicles တို႔ကုိပါ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း Mr.Jacky Yan က ေျပာသည္။ Gold AYA Motor International Co.,Ltd သည္ ေမာ္ေတာ္ကားတပ္ဆင္ထုတ္လုပ္ေသာ ကုမၸဏီျဖစ္ၿပီး “One Belt and One Road” အစီအစဥ္ကုိ ျမန္မာႏိုင္ငံတြင္ က်င့္သုံးႏိုင္ရန္အတြက္ Kunming Xingyao Group က ၂၀၁၇ ခုႏွစ္တြင္ စတင္ရင္းႏွီးျမွဳပ္ႏွံခဲ့သည့္ ကုမၸဏီျဖစ္သည္။
Gold AYA Motors International Group Co., Ltd က ျမန္မာႏိုင္ငံတြင္ ကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္ ကားထုတ္လုပ္ႏိုင္သည့္ ကုမၼဏီျဖစ္လာရန္ႏွင့္ ျမန္မာႏိုင္ငံတြင္သာမက အာရွ ၁၀ႏိုင္ငံ သို႔ပါ ထိုးေဖာက္၀င္ေရာက္ျပီး ျပည္တြင္းျပည္ပကားေစ်းကြက္ကို ဦးေဆာင္သည့္ ၿပိဳင္ဆိုင္မႈျပင္းထန္ေသာ ကုမၼဏီျဖစ္လာရန္ ေမွ်ာ္လင့္ထားေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။
Gold AYA Mortors International Group ကုမၸဏီ၏ ေမာ္ေတာ္ကား ထုတ္လုပ္သည့္ စက္႐ုံကို ၂၀၁၈ ခုႏွစ္ မတ္လအတြင္းက စတင္တည္ေဆာက္ခဲ့ၿပီး ပထမဦးဆုံးထုတ္လုပ္ျခင္းျဖစ္သည့္ အေသးစား SUV အမ်ိဳးအစား Q35 ကား မိတ္ဆက္ျပသပြဲကို ဇူလိုင္ ၃၁ ရက္က ျပဳလုပ္ခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here