GTO သည် အီတလီစကားရပ်ဖြစ်ပြီး Gran Turismo Omologate ဖြစ်ကာ အင်္ဂလိပ်စာအရ – ( Grand Touring Homologated ) ဟု အဓိပ္ပာယ်ရပါသည်။ ပထမဆုံး GTO Model သည် 1960 ခုနှစ် များတွင် ထုတ်လုပ်ခဲ့သည့် Pontiac GTO Muscle Car ဖြစ်ပြီး Ferrari 250 GTO သည်လည်း ကနဦးထုတ်လုပ်ခဲ့သည့် Model ဖြစ်သည်။ Grand Touring သည် ပြိုင်ကားအဆင့်အတန်းဖြစ်ခဲ့ပြီး အကန့်အသတ်နှင့် သာ ထုတ်လုပ်ခြင်းဖြစ်သည်။ Ferrari 250 GTO ကားများအား 1962 – 1964 တွင် အစင်းရေ ( ၃၆ ) စင်းသာထုတ်လုပ်ခဲ့ပြီး ၎င်းတို့သည် 1962 ၊ 1963 တို့၌ ကျင်းပခဲ့သည့် 24 Hours of Le Mans ကားပြိုင်ပွဲများ၌ အနိုင်ရရှိခဲ့ပါသည်။ Pontiac GTO အား 1964 မှ 1974 အထိ GM မှ ထုတ်လုပ်ခဲ့သည်။ ထို့နောက် 2004 -2006 တွင် ပြန်လည်ဆန်းသစ်ထုတ်လုပ်ခဲ့သော်လည်း သြစတြေးလျရှိ Holden တံဆိပ်ဖြင့်သာ ရောင်းချခဲ့ပါသည်။ 1962 ထုတ် Pontiac GTO တွင် ( 389 – cubic inch ) အရွယ်ရှိသည့် V8 Engine ကို တပ်ဆင်ထားပြီး Le Mans ကားပြိုင်ပွဲအတွက် ရည်ရွယ်ကာ ပေါ့ပါးပြီး သွက်လက်သည့် အင်ဂျင်ကို Special အနေဖြင့် ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။
Zawgyi Version….
Gran Turismo Omologate (GTO) ေမာ္ဒယ္မ်ား
————————————————————
GTO သည္ အီတလီစကားရပ္ျဖစ္ၿပီး Gran Turismo Omologate ျဖစ္ကာ အဂၤလိပ္စာအရ – ( Grand Touring Homologated ) ဟု အဓိပၸာယ္ရပါသည္။ ပထမဆုံး GTO Model သည္ 1960 ခုႏွစ္ မ်ားတြင္ ထုတ္လုပ္ခဲ့သည့္ Pontiac GTO Muscle Car ျဖစ္ၿပီး Ferrari 250 GTO သည္လည္း ကနဦးထုတ္လုပ္ခဲ့သည့္ Model ျဖစ္သည္။ Grand Touring သည္ ၿပိဳင္ကားအဆင့္အတန္းျဖစ္ခဲ့ၿပီး အကန႔္အသတ္ႏွင့္ သာ ထုတ္လုပ္ျခင္းျဖစ္သည္။ Ferrari 250 GTO ကားမ်ားအား 1962 – 1964 တြင္ အစင္းေရ ( ၃၆ ) စင္းသာထုတ္လုပ္ခဲ့ၿပီး ၎တို႔သည္ 1962 ၊ 1963 တို႔၌ က်င္းပခဲ့သည့္ 24 Hours of Le Mans ကားၿပိဳင္ပြဲမ်ား၌ အႏိုင္ရရွိခဲ့ပါသည္။ Pontiac GTO အား 1964 မွ 1974 အထိ GM မွ ထုတ္လုပ္ခဲ့သည္။ ထို႔ေနာက္ 2004 -2006 တြင္ ျပန္လည္ဆန္းသစ္ထုတ္လုပ္ခဲ့ေသာ္လည္း ၾသစေၾတးလ်ရွိ Holden တံဆိပ္ျဖင့္သာ ေရာင္းခ်ခဲ့ပါသည္။ 1962 ထုတ္ Pontiac GTO တြင္ ( 389 – cubic inch ) အ႐ြယ္ရွိသည့္ V8 Engine ကို တပ္ဆင္ထားၿပီး Le Mans ကားၿပိဳင္ပြဲအတြက္ ရည္႐ြယ္ကာ ေပါ့ပါးၿပီး သြက္လက္သည့္ အင္ဂ်င္ကို Special အေနျဖင့္ ထည့္သြင္းခဲ့ျခင္းျဖစ္ပါသည္။