GV 80 ႏွင့္ GV 70 Crossover အသစ္မ်ားအား Genesis မွ မၾကာခင္မိတ္ဆက္မည္

Hyundai ၏ ဇိမ္ခံကားမ်ားထုတ္လုပ္သည့္ Genesis Division အေနျဖင့္ တန္းျမင့္ကား အမ်ဳိးအစားအသစ္ ( ၂ ) မ်ဳိးကို ထုတ္လုပ္ရန္ စီစဥ္ထားပါသည္။ ပထမတမ်ဳိးသည္ 2017 New York Auto show တြင္ မိတ္ဆက္ခဲ့သည္။ GV 80 Concept ျဖစ္ၿပီး ၎အား ၂၀၂၀ တြင္ စတင္ေရာင္းခ် ႏိုင္ဖြယ္ရွိေၾကာင္း Motor Trend သတင္းရင္းျမစ္မွတဆင့္ သိရွိရသည္။ GV 80 အား ယခုႏွစ္ November တြင္ က်င္းပမည့္ Los Angeles ကားျပပြဲတြင္ျပသမည္ျဖစ္ကာ Concept တြင္ ပါ၀င္ခဲ့သည့္ ဟိုက္ဒရိုဂ်င္စြမ္းအင္သုံး Drivetrain ကို Production တြင္ ထည့္သြင္းဖြယ္မရွိပဲ ၎ အစား Plug – in Hybrid ႏွင့္ သမားရိုးက်အင္ဂ်င္တို႔ိကိုသာ ထည့္သြင္းမည္ျဖစ္သည္။ ၎သည္ Audi Q7 ၊ BMW X5 ႏွင့္ Mercedes – Benz GLE တို႔ႏွင့္ အရြယ္အစားတူညီမည္ျဖစ္သည္။ ဒုတိယ တမ်ဳိးျဖစ္သည့္ GV 70 သည္ Compact Crossover ပုံစံျဖစ္ႏိုင္ပါမည္။ Concept Model မ်ားသည္ Production အဆင္တြင္ ေျပာင္းလဲဖန္တီးေလ့ရွိသည့္အျပင္ Concept ထက္ပို၍ လက္ေတြ႔က်သည္ Body frame ႏွင့္ ပါ၀င္မႈမ်ားကိုသာထည့္သြင္းေလ့ရွိၾကပါသည္။ Genesis အေနျဖင့္ အသစ္ ထုတ္လုပ္မည့္ GV 80 ႏွင့္ GV 70 တို႔၏ အခ်က္အလက္မ်ားကို ယခုအခ်ိန္တြင္ စုံလင္စြာ ေဖာ္ျပျခင္း မရွိေသာ္လည္း မေ၀းလွသည့္ အနာဂတ္တြင္ အေသးစိတ္အားျဖင့္ မိတ္ဆက္ျပသမည္ျဖစ္သည္။

Unicode Version….

GV 80 နှင့် GV 70 Crossover အသစ်များအား Genesis မှ မကြာခင်မိတ်ဆက်မည်


Hyundai ၏ ဇိမ်ခံကားများထုတ်လုပ်သည့် Genesis Division အနေဖြင့် တန်းမြင့်ကား အမျိုးအစားအသစ် ( ၂ ) မျိုးကို ထုတ်လုပ်ရန် စီစဉ်ထားပါသည်။ ပထမတမျိုးသည် 2017 New York Auto show တွင် မိတ်ဆက်ခဲ့သည်။ GV 80 Concept ဖြစ်ပြီး ၎င်းအား ၂၀၂၀ တွင် စတင်ရောင်းချ နိုင်ဖွယ်ရှိကြောင်း Motor Trend သတင်းရင်းမြစ်မှတဆင့် သိရှိရသည်။ GV 80 အား ယခုနှစ် November တွင် ကျင်းပမည့် Los Angeles ကားပြပွဲတွင်ပြသမည်ဖြစ်ကာ Concept တွင် ပါဝင်ခဲ့သည့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး Drivetrain ကို Production တွင် ထည့်သွင်းဖွယ်မရှိပဲ ၎င်း အစား Plug – in Hybrid နှင့် သမားရိုးကျအင်ဂျင်တို့ိကိုသာ ထည့်သွင်းမည်ဖြစ်သည်။ ၎င်းသည် Audi Q7 ၊ BMW X5 နှင့် Mercedes – Benz GLE တို့နှင့် အရွယ်အစားတူညီမည်ဖြစ်သည်။ ဒုတိယ တမျိုးဖြစ်သည့် GV 70 သည် Compact Crossover ပုံစံဖြစ်နိုင်ပါမည်။ Concept Model များသည် Production အဆင်တွင် ပြောင်းလဲဖန်တီးလေ့ရှိသည့်အပြင် Concept ထက်ပို၍ လက်တွေ့ကျသည် Body frame နှင့် ပါဝင်မှုများကိုသာထည့်သွင်းလေ့ရှိကြပါသည်။ Genesis အနေဖြင့် အသစ် ထုတ်လုပ်မည့် GV 80 နှင့် GV 70 တို့၏ အချက်အလက်များကို ယခုအချိန်တွင် စုံလင်စွာ ဖော်ပြခြင်း မရှိသော်လည်း မဝေးလှသည့် အနာဂတ်တွင် အသေးစိတ်အားဖြင့် မိတ်ဆက်ပြသမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here