Bugatti သည်၎င်း၏ Own Division ဖြစ်သည့် Sur Measure မှ Customer များအတွက် အထူးစီမံဖန်တီးမှုများကို ပေးအပ်မည်ဟု 2021 တွင်ပြောခဲ့ပါသည်။ Sur Measure ၏ပထမဆုံး Product သည် Baby-Blue Chiron Pur Sport with Red Accents Model ဖြစ်ကာ၎င်းသည် 1931 French Grand Prix တွင်ဗိုလ်စွဲခဲ့သည့် Bugatti Type 51 ကိုဂုဏ်ပြုဖန်တီးသည့် Model ဖြစ်သည်။ ယခုအခါ Bugatti Sur Measure မှ Chiron Pur Sport နှင့် Chiron Super Sport တို့အား Hand-made Paint များဖြင့်ထူးခြားစွာ ဖန်တီးလိုက်ပါသည်။ အဆိုပါ Paint Job အား Vagues De Lumiere ဟု  Bugatti မှခေါ်ဆိုပြီး ( Light Waves ) ဟုအဓိပ္ပါယ်ရပါသည်။ California Blue Finish ဖြင့်ဖန်တီးထားသည့် Chiron Super Sport တွင် Arancia Mira Swooping Lineup များနှင့် Orange Hue တို့ ပေါင်းစပ်ပါဝင်ထားပါသည်။

 

ထို့အတူ Magnesium Wheels များနှင့် Leather Interior တို့လည်းပါဝင်ပြီး ကား၏အရှေ့ Grille အတွင်းတွင် ( 38 ) ဂဏန်းအား Customer ၏ Request အရထည့်သွင်းပေးထားပါသည်။ အရွယ်ကြီးမားသည့် Rear Wing ပါဝင်သည့် Chiron Pur Sport Model အား Blue Carbon ၊ Rear Wing ပါဝင်သည့် Chiron Pur Sport Model အား Blue-on-blue paint job ဖြင့်ဖန်တီးထားသည့်အပြင် Blue Carbon , Rear Wing တွင်ပြင်သစ်အလံနှင့် Grille တွင် ( 9 ) ဂဏန်းတို့အား ထည့်သွင်းပေးထားပါသည်။ အတွင်းခန်းတွင် Beluga Black နှင့် French Racing Blue Leather တို့ကို ပေါင်းစပ်ထားပါသည်။ Bugatti သည် အဆိုပါ Hand-made Paint အားကား ( ၂ ) စင်းအတွက် ( ၅ ) ပတ်ခန့်အချိန်ယူ၍ ဖန်တီးခဲ့ပါသည်။ Bugatti Sur Measure မှထပ်မံဖန်တီးမည့် Special Creation များကိုလည်း Bugatti မှမကြာခင် ထပ်မံပြသမည်ဖြစ်သည်။

#DriveMediaMyanmar