Subaru ဟာ Handling Performance အပိုင်းကို အဓိကဦးစားပေးထားတယ့် New 2024 BRZ tS ကို မိတ်ဆက်လိုက်ပါတယ်။ သူကပုံမှန် BRZ ထက် ပိုကောင်းပြီး ထင်ရှားတယ့် WRX TR ထက်လည်း ပိုသာလွန်မည်ဖြစ်ပြီး Original tS ကို 2018 မှ စတင်မိတ်ဆက်ခဲ့ပါတယ်။ 2024 Model New BRZ tS ကို ဒုတိယမျိုးဆက် BRZ အပေါ် အခြေခံဖန်တီးထားပြီး Chassis Tuning လို ပြောင်းလဲမှုတွေ ပါဝင်ထား ပါမယ်။ tS Version ဟာဆိုရင် STi သို့ ပြောင်းလဲမှာဖြစ်ပြီး STi က ( Subaru Technical International ) ကိုဆိုလိုပြီး 1988 မှာ စတင်တည်ထောင်ခဲ့ကာ STi အနေနဲ့ Subaru ကို World Rally Championship ပြိုင်ပွဲများမှာ အနိုင်ရစေခဲ့ပါတယ်။

New BRZ tS မှ ( 2.4L Boxer – 4 Engine ) ၊ ( 228 hp ) ၊ ( 184 lb – Ft of Torque ) အင်ဂျင်ပါဝင်ပြီး Manual Gear ပုံစံတမျိုးသာ ရနိုင်ပါမယ်။ သူက Performance / Handling / တို့ကို ဦးစားပေးထားတဲ့အတွက် Hitachi Shark Absorbers များကို တပ်ဆင်ထားပြီး အရှေ့ဖက်မှာတော့ Hitachi ရဲ့ နာမည်ကျော် Unique SFRD စနစ်ပါဝင်ပြီးသူက တုန်ခါမှုများကို အလိုက်သင့် တုန့်ပြန်ပေးတယ့် Damper များ ဖြစ်ပါတယ်။

Brembo Performance Brake ကိုလည်း Upgrade လုပ်ပေးထားကာ အလားတူ 18-inch Rims with 245 / 40 Michelin Summer Tires ၊ 10 – Spoke Alloy တို့လည်း ပါဝင်ခြင်းနှင့် Ts Badge ကို Grille နဲ့ Trunk Lid တို့မှာ ထည့်ပေးထား ပါတယ်။ Sporty ပုံစံ ခင်းကျင်းတားတယ့် အတွင်းခန်းမှာ Gray Ultra Suede Seats ကို Leather Bolsters များနဲ့တမူ ထူးခြားစွာ ခင်းကျင်းပေးထားပါတယ်။ Subaru ဟာ 2024 BRZ ts ကို ( USD 36,400 ) ဝန်းကျင် ဈေးနဲ့ U.S.A မှာ ရောင်းချမှာ ဖြစ်ပြီး ပုံမှန် BRZ ရဲ့ အမြင့်ဆုံး BRZ Premium က ( USD 31,300 ) သာရှိတယ့်အတွက် BRZ ts ဈေးပိုကြီးပါတယ်။