Unicode version…
ဒီတစ်ပတ် Drive ရဲ့ Maintenance ကဏ္ဍမှာတော့ မန္တလေးမြို့ရဲ့အကြီးဆုံး On stop Service Center တစ်ခုနဲ့မိတ်ဆက်ပေးလိုပါတယ်။ အဲဒီမှာတော့ Customer တွေအတွက် ၂၄ နာရီ On Call စနစ်၊ Sale Service ,Spare parts , Survey တို့အပြင် Service မှာကားလာပြင်သူတွေအတွက်လည်း အနှိပ်စက်မှာ အနှိပ် ခံရင်း WiFi အသုံးပြုလို့ရတဲ့ နားနေခန်းများနဲ့ အတူ အကြို/အပို့စနစ်တွေနဲ့ပါ၀န် ဆောင်မှုပေး နေပါတယ်။ ဒါကြောင့် HARVARD Auto Service CO.,Ltd ရဲ့ Mechanic မန်နေဂျာနဲ့တွေ့ဆုံမေးမြန်းမှုတွေကို ဖော်ပြပေးလိုက်ရပါတယ်။
HARVARD Auto Service CO.,Ltd ဖွင့်ခဲ့ရတဲ့ရည်ရွယ်ချက်နဲ့ဒီမှာ Customer တွေအတွက်ဘယ်လို Service တွေပေးနေသလဲဆိုတာ သိပါရစေ။
HARVARD Auto Service CO.,Ltd ရည်ရွယ်ချက်ကတော့ Customer တွေ အဆင်ပြေဖို့ One Stop Auto Service နဲ့ ၀န်ဆောင်မှုပဲဖြစ်ပါတယ်။မန္တလေးမြို့ ၃၅ လမ်း၊၅၁ လမ်းမှာ တစ်ဧကနီးပါးအကျယ်မှာ ကားနဲ့ ပတ် သက်တဲ့ ၀န်ဆောင်မှုကို ၂၄ နာရီ On Call စနစ်နဲ့ ဆောင်ရွက်ပေးနေပြီး အနှိပ်စက်မှာ အနှိပ်ခံရင်း WiFi လေးဖွင့်လို့ အေးဆေးစွာ နားနေခန်းများနဲ့ အတူ အကြို/အပို့စနစ်နဲ့ ၀န်ဆောင်မှုပေးနေပါတယ်။
ကားတွေကိုဝန်ဆောင်မှုပေးတဲ့အပိုင်းတွေကဘာတွေပါလဲ။
၀န်ဆောင်မှုမှာ ကားတစ်စီးကို စစ်ဆေးတဲ့ရှေ့အောက်ပိုင်းနောက်အောက်ပိုင်း တွေအပြင် ရေဆေးဆီလိုက်က အစ ကားနဲ့ ပတ်သက်တဲ့ အစိပ်အပိုင်းအားလုံးကို တစ်နေရာထဲမှာ ဆောင်ရွက်ပေးရာမှာ ကား အောက်ပိုင်း ယျေဘူယျစစ်ဆေးမှု (၆)ချက် ၊အဓိကကျတဲ့ အပိုင်းတွေစစ်မှု (၁၀)ချက်ရှိပါတယ်။ ခရီးသွားမယ်၊ လမ်းကြမ်း မောင်းတော့မယ် ဆိုရင် အောက်ပိုင်းစနစ်တွေ စစ်ဆေးမှု(၇)ချက်ရှိပါတယ်။
ဒီမှာဘယ်လို Mechanic တွေကဦးဆောင်ပြုပြင်မှုပေးနေပါသလဲ။
ဆားဗစ်ထဲဝင်လာတာနဲ့ Test Lane နဲ့ အရင်စ တင်စစ်ဆေးတယ်။ဘာတွေ ပြင်ဆင်ရမယ် ဆိုတာ ကွန်ပြူတာ စနစ်နဲ့ စစ်ဆေးပေးတယ်။ထွက်လာတဲ့ အဖြေနဲ့ ဘာတွေ ပြင်ဆင်ရမယ်ဆိုတာ ဒီက ၀ါရင့် ဆရာတွေက ကား ကို ကိုယ်တိုင်းမောင်းကြည့်တဲ့ အဖြေကို တိုက်ဆိုင်ပြီး ဘယ်အပိုင်းကို အဓိကထားပြင်ဆင်ရ မယ်ဆိုတာ Customer ကိုပြောပြမယ်။ အဲဒီစက်က မြန်မာနိုင်ငံမှာ တစ်ခုတဲရှိပြီး စျေးကလည်း အကြီးဆုံးပေးဝယ်ထား တာက အကောင်းဆုံးService ပေးနိုင်အောင်လို့ပါ။
စျေးနှုန်းပိုင်းကရောဘယ်လိုရှိပါသလဲ။နောက်ပြီးတော့ အပိုပစ္စည်းတွေရောရနိုင်ပါသလဲ။
၀န်ဆောင်မှုမှာ Sale Service ,Spare parts , Survey ဆိုတဲ့(S ) လေးခုပါ၀င်တယ်။ Aliment စနစ်နဲ့ အခြား အစိပ်အပိုင်းတွေကို ကွန်ပြူတာစနစ်တွေနဲ့ ဆောင်ရွက်ပါတယ်။ အပိုပစ္စည်းအသစ်တွေကို အရောင်းဆိုင် သဘောမျိုးထား ရှိတဲ့ အတွက် ကျနော်တို့ဆီမှာ ကားပြင်တဲ့အခါ လိုအပ်ရင် ပုံမှန်စျေးနုန်း အတိုင်း အပိုပစ္စည်း ရောင်းပေးမှာပါ။ စျေးနုန်း မများစေရဘူး။ အပြင်ဆိုင်ရောင်းစျေးအတိုင်းပဲ။
နောက်ပြီးတော့ အခြားကားနဲ့ပတ်သက်လို့ရောဘာတွေလုပ်ပေးနေပါသလဲ။
ကျနော်တို့ဆီမှာ ကားမှန်စတစ်ကာ ၊အလှဆင်နဲ့ ရေဆေးတာကစလို့ အသေးစား ကနေ အကြီး စားပြင်ဆင်မှု တွေကို တစ်နေရာထဲမှာ လုပ်ပေးပြီး ပြန်လှည့့်မကြည့်ရဘဲ စိတ်ကျေနပ်အောင် အတတ် နိုင်ဆုံး ဆောင်ရွက် ပေးပါမယ်။ကားတစ်စီးနဲ့ ပတ်သက်တဲ့ ဆေးသုတ် ပေါင်းတင်တာက စလို့ပေါ့။
Customer တွေရဲ့ကားတွေအတွက် ဘယ်လို Record တွေထားပြီးဆောင်ရွက်ပေးပါသလဲ။
Customer Survey နဲ့ ပတ်သက်လို့ Customer က ကိုယ့်ဆီမှာ လာသွားပြီး အင်ဂျင်ဝိုင် ထည့်တာဖြစ်ဖြစ် ၊ပြင်ဆင်မှှုပိုင်းလုပ်တာပဲဖြစ်ဖြစ် နေ့ရက်၊အချိန်တွေ ပြင်ဆင်မှုပိုင်းတွေကိုမှတ်တမ်းပြုစု ထားပြီး လိုအပ်သလို အဆင်ပြေမှုရှိ/မရှိဆိုတာမျိုးဖုန်းဆက်မေးမြန်းမှုတွေလုပ်ပေးတယ်။ ကျနော်တို့ ဆီမှာ အင်ဂျင်ဝိုင်လဲသွား တယ်ဆိုပါစို့၊ ကီလို ငါးထောင်ပြည့်တိုင်း လဲရမယ်ဆိုရင် ငါးထောင် ပြည့်ချိန်မှာ ဖုန်းဆက်ပြီး အသိပေးမယ်။ Customer တွေအတွက် သီးသန့်လုပ်ပေး ပါတယ်။
ကျနော်တို့ ဆီလာရောက်တဲ့ Customer တွေအတွက် နားနေခန်းထားပေးတဲ့အပြင် သီးသန့်အစီအစဉ်မှာအခန်း အကြောဖြေ အနိပ်စက်တွေထားပေးတယ်။အဲဒီမှာ အနှိပ်ခံရင်း စောင့်လို့ရတယ်။WiFi Free လဲ ပေးတားတယ်။ မိသားစုကလေးငယ်များပါလာရင်လည်း ကစားကွင်းထားရှိတဲ့အတွက် မိသားစုအဆင်ပြေစေမှာပါ။ သက် တောင့် သက်သာ အနားယူဖို့ နှိပ်စက်တွေထားရှိတယ်။အဲဒီဝန်ဆောင်မှုတွေအားလုံးက ဘာမှ ပေးစရာမလို ပါဘူး။စိတ်ချမ်းသာစေဖို့ ရည်ရွယ်ပြီး Customer တွေ အတွက် အခမဲ့သီးသန့်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
On Call စနစ်နဲ့လည်း ဝန်ဆောင်မှုပေးတယ်လို့ သိရပါတယ်။အဲဒါနဲ့ပတ်သက်လို့ရောပြောပြပေးပါဦး။
၂၄ နာရီ On Call စနစ်ပါ။ညသန်းခေါင်ဖြစ်ပါစေ ကျနော်တို့ကို ခေါ်လိုက်ရင် အရောက်လာခဲ့မယ်။ကားလာပြင် တဲ့သူက ကားထားခဲ့မယ်ဆိုရင်လည်း ကျနော်တို့ ဆီက ကားနဲ့ လိုက်ပို့ပေးလိုက်မယ်။လာခေါ်ဆိုရင်လည်း လာခေါ်မယ်။ကားပြင်ပြီးသွားရင် အိမ်အထိ ပို့ပေးမယ်။ကားပျက်လို့ လှမ်းခေါ်တဲ့အခါ လာရောက်စစ်ဆေးပြီး နေရာမှာ ပြင်ဆင်လို့ မရနိုင်ဘူးဆိုရင် ကျနော်တို့ ဆီက ဆွဲကားနဲ့ ကားကို ဆွဲပေးလို့လည်းရသလို ကားပေါ် တင်ပြီး သယ်လာပေးဖို့ထိ ၀န်ဆောင်မှုရှိတယ်။ ဒါကလည်း ငွေပေးစရာမလိုဘူး။သီးသန့်ဝန်ဆောင်မှုပေး နေပါတယ်။
နောက်ဆုံးစကားလက်ဆောင်လေးပြောပေးပါဦးခင်ဗျ။
လက်ဆောင်စကားပြောချင်တာကတော့ HARVARD One Stop Auto Service မိဘပြည်သူများ၊ ဘယ်သူ ဖြစ်ဖြစ် ကြုံတဲ့ အချိန််မှာ လာကြည့်ပါ။ စိတ်တိုင်းကျဖြစ်မဖြစ်နဲ့ ၀န်ဆောင်မှုတွေကို လက်တွေ့ကျကျလာရောက် ကြည့်ရှု လှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။လိပ်စာကတော့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၃၅ လမ်းနဲ့ ၅၁ လမ်း မှာပါ။ဖုန်း ၀၉-၂၅၀၀ ၂၄၃၂၄ ၊၀၉-၇၈၈ ၁၃၈ ၆၆၆ ၊၀၉-၇၈၇ ၁၃၈ ၆၆၆ ကို ဆက်သွယ်နိုင်ပါတယ်။
ကျော်ထက် ရေးသားသည်
Zawgyi version…
ကျော်ထက် ရေးသားသည်