Unicode version…

( Driver Assist ) နှင့် (၃၆၀ ဒီဂရီပတ်လည်ကင်မရာ ) ကဲ့သို့ Features များသည် ယခုအခါ Economy Car များ၌ပင် ထည့်သွင်း ထားသည်ကိုတွေ့ရပါသည်။ ထိုကဲ့သို့ပင် (Head – up Display ) စနစ်သည်လည်း များ မကြာခင် ကာလ၌ ယခုထက်ပို၍ ကျယ်ပြန့်စွာ တွေ့မြင်ရပါမည်။ ဥပမာအားဖြင့် -2018 Toyota Camry တွင် ထည့်သွင်းထားသည့် (10 – inch HUD ) စနစ်သည် HUD များအနက် အရွယ်အကြီးဆုံးနှင့် ရုပ်ထွက်အကောင်းဆုံး အမျိုးအစားဖြစ်ပါသည်။ ထို့အတူ Mazda သည်လည်း HUD ရေးစီးကြောင်း ၌ ရှေ့တန်းရောက်နေသည့် တီထွင်မှုကို ဖန်တီးနိုင်ခဲ့ပါသည်။ ၎င်း၏ HUD စနစ်သည် Dashboard ၌ မြှုပ်ဝင်နေသည့် ဒီဇိုင်းဖြစ်ပြီး Plastic Lens ပုံစံဖြစ်ကာ အသုံးမပြုလိုပါက ခေါက်သိမ်းထားနိုင်မည်ဖြစ်သည်။ (2017 Lincoln Continental ) အတွက် Prototype အနေဖြင့် စမ်းသပ်ထားသည့် (HUD ) စနစ်အား (AR HUD ) ဟု ခေါ်ဆိုုပြီး ယာဉ်မောင်းမြင်ကွင်းအတွက် ထိရောက်သည့် သတင်းများကိုပါရရှိနိုင်မည့် Extra Layer များဖြည့်စွက်ပါရှိသည့် စနစ်ဖြစ်သည်။ ဥပမာ – ခရီးလမ်းတလျှောက်ရှိ မရောက် ဖူးသည့်လမ်းမျာကို HUD မှတဆင့် Navigation ကဲ့သို့ အရောင်များဖြင့် ပြသမည်ဖြစ်ပြီး ထိုသို့ ပြသနိုင်ရန် ယာဉ်၏ GPS စနစ်မှကူညီပေးမည်ဖြစ်သည်။ ထိုအပြင် ကွဲပြားသည့် သတိပေးချက်များကို ပြုလုပ်စေးခြင်းဖြင့် ယာဉ်၏ Driver Assist System ကိုလည်း ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။ 2017 Lincoln Continental နှင့် 2018 Lincoln Navigator တို့တွင် Digital Micro mirror device –DMD နည်းပညာသုံး HUD ကိုစတင် ထည့်သွင်းထားပြီး ၎င်း HUD စနစ်သည် AR နည်းစနစ်နှင့် ပုှံမှန် HUD တို့၏ ပေါင်းကူးစနစ်ဖြစ်ပြီး သာမန်ထက် အရွယ်ကြီးစားကာ ပုံရိပ်များသည် လည်း ပို ၍ ပီပီပြင်ပြင်ရှိမည်ဖြစ်ပါသည်။ Lincoln အနေဖြင့် အပြည့်အဝ AR HUD နည်းပညာအား 2023တွင် ဖန်တီးနိုင်မည်ဟုသတ်မှတ်ထားပါသည်။ ကမ္ဘာ့ပထမဆုံးသော HUD နည်းပညာအား အမေရိကန်ထုတ် Oldsmobile Cutlass Supreme Model ၌ (1988 ) တွင် စတင်တီထွင်တပ်ဆင်ခဲ့ပါသည်။

Zawgyi version…
( Driver Assist ) ႏွင့္ (၃၆၀ ဒီဂရီပတ္လည္ကင္မရာ ) ကဲ့သို႔ Features မ်ားသည္ ယခုအခါ Economy Car မ်ား၌ပင္ ထည့္သြင္း ထားသည္ကိုေတြ႔ရပါသည္။ ထုိကဲ့သုိ႔ပင္ (Head – up Display ) စနစ္သည္လည္း မ်ား မၾကာခင္ ကာလ၌ ယခုထက္ပို၍ က်ယ္ျပန္႔စြာ ေတြ႔ျမင္ရပါမည္။ ဥပမာအားျဖင့္ -2018 Toyota Camry တြင္ ထည့္သြင္းထားသည့္ (10 – inch HUD ) စနစ္သည္ HUD မ်ားအနက္ အရြယ္အႀကီးဆုံးႏွင့္ ရုပ္ထြက္အေကာင္းဆုံး အမ်ဳိးအစားျဖစ္ပါသည္။ ထို႔အတူ Mazda သည္လည္း HUD ေရးစီးေၾကာင္း ၌ ေရွ႔တန္းေရာက္ေနသည့္ တီထြင္မႈကို ဖန္တီးႏိုင္ခဲ့ပါသည္။ ၎၏ HUD စနစ္သည္ Dashboard ၌ ျမွဳပ္၀င္ေနသည့္ ဒီဇိုင္းျဖစ္ၿပီး Plastic Lens ပုံစံျဖစ္ကာ အသုံးမျပဳလိုပါက ေခါက္သိမ္းထားႏိုင္မည္ျဖစ္သည္။ (2017 Lincoln Continental ) အတြက္ Prototype အေနျဖင့္ စမ္းသပ္ထားသည့္ (HUD ) စနစ္အား (AR HUD ) ဟု ေခၚဆိုုၿပီး ယာဥ္ေမာင္းျမင္ကြင္းအတြက္ ထိေရာက္သည့္ သတင္းမ်ားကိုပါရရွိႏိုင္မည့္ Extra Layer မ်ားျဖည့္စြက္ပါရွိသည့္ စနစ္ျဖစ္သည္။ ဥပမာ – ခရီးလမ္းတေလွ်ာက္ရွိ မေရာက္ ဖူးသည့္လမ္းမ်ာကို HUD မွတဆင့္ Navigation ကဲ့သို႔ အေရာင္မ်ားျဖင့္ ျပသမည္ျဖစ္ၿပီး ထိုသို႔ ျပသႏိုင္ရန္ ယာဥ္၏ GPS စနစ္မွကူညီေပးမည္ျဖစ္သည္။ ထိုအျပင္ ကြဲျပားသည့္ သတိေပးခ်က္မ်ားကို ျပဳလုပ္ေစးျခင္းျဖင့္ ယာဥ္၏ Driver Assist System ကိုလည္း ကူညီေထာက္ပံ့ေပးမည္ျဖစ္သည္။ 2017 Lincoln Continental ႏွင့္ 2018 Lincoln Navigator တို႔တြင္ Digital Micro mirror device –DMD နည္းပညာသုံး HUD ကိုစတင္ ထည့္သြင္းထားၿပီး ၎ HUD စနစ္သည္ AR နည္းစနစ္ႏွင့္ ပုွံမွန္ HUD တုိ႔၏ ေပါင္းကူးစနစ္ျဖစ္ၿပီး သာမန္ထက္ အရြယ္ႀကီးစားကာ ပုံရိပ္မ်ားသည္ လည္း ပို ၍ ပီပီျပင္ျပင္ရွိမည္ျဖစ္ပါသည္။ Lincoln အေနျဖင့္ အျပည့္အ၀ AR HUD နည္းပညာအား 2023တြင္ ဖန္တီးႏိုင္မည္ဟုသတ္မွတ္ထားပါသည္။ ကမၻာ့ပထမဆုံးေသာ HUD နည္းပညာအား အေမရိကန္ထုတ္ Oldsmobile Cutlass Supreme Model ၌ (1988 ) တြင္ စတင္တီထြင္တပ္ဆင္ခဲ့ပါသည္။