Unicode version…

တောင်ကိုရီးယားအခြေစိုက် (Hyundai)သည် (New Product)ဖြစ်သည့် (Kona Crossover)အား ထုတ်လုပ်ဖော်ပြလိုက်ပါသည်။ ၎င်းအား (Kia Soul / Nissan Juke / Toyota C-HR) ထိုကဲ့သို့ (Compact Crossover)အနေဖြင့် ထုတ်လုပ်ခြင်းလည်း ဖြစ်ပါသည်။ (Hyundai) မှ (New Kona)၏ ဓါတ်ပုံအချို့နှင့် ဗွီဒီယို တို့အား ပြသခဲ့ပါသည်။

(Kona Crossover)၏ ဓါတ်ပုံများအရ ၎င်းသည် လှပဆန်းသစ်ပြီး ခေတ်ဆန်သည့်ပုံဖြစ်ပြီး (Hyundai) ၏ အစဉ်အလာ(Corporte Grille)အား ကားအရှေ့ဘက်တွင် ထည့်သွင်းထားပါသည်။ ၎င်း၏ အပြင်ဖက်ဒီဇိုင်း အား ၀ံ့ကြွားပြီး လှပသည့် ပုံစံဖြင့် ဖန်တီးထားကာ (ကားထွက်နေသည့်) Fenders များ /သပ်ရပ်ပြီး သွယ်လျ သည့် ဘေးဖက်ဒီဇိုင်းနှင့် ခေတ်ရေစီးကြောင်းအတိုင်း ဖန်တီးထားသည့် (Roof)တို့ကို တွေ့မြင်ရမည် ဖြစ်ပါ သည်။ ထို့အတူ ၎င်း၏ အနောက်ဖက်ဒီဇိုင်းအား (Hyundai)၏ ယေဘုယျပုံစံကို အခြေခံသော်လည်း လှပ ဆန်းသစ်သည့် နောက်မီးလုံး ဒီဇိုင်းအသစ်များကို ထည့်သွင်းထားပါသည်။ ထို့အတူ (Rear Bumper)ကိုလည်း ထူအဲပြီး ခိုင်ခန့်သည့် ပုံစံအဖြင့် တွေ့မြင်ရမည် ဖြစ်ပါသည်။

(Kona Crossover)၏ မိတ်ဆက် ဗွီဒီယိုတွင် ၎င်း၏ အတွင်းခန်းအား ပြသထားပြီး (Kona)၏ အတွင်းခန်းသည် လှပသပ်ရပ်ပြီး လူငယ်ကြိုက် (Design)ဖြင့် ဖန်တီးထားပါသည်။ ထူးခြားမှုအနေဖြင့် (Head – up Display)အား ထည့်သွင်းထားပြီး အဆိုပါ (HUD) စနစ်သည် (Hyundai)၏ (SUVS)များတွင် ပထမဆုံး ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ထို့အပြင် (Information Display)ကိုလည်း (Pop-up)ပုံစံဖြင့် တွေ့ရမည် ဖြစ်ပါသည်။ ၎င်း၏ (HUD)စနစ်တွင် (Color Projection System)ကိုလည်း ထည့်သွင်းထားသည်ဖြစ်ပါသည်။ (Hyundai)အနေဖြင့် ၎င်း၏ (Kona Crossover)နှင့် ပက်သတ်သည့် အသေးစိတ်အချက်အလက်များအား မကြာမှီ တရားဝင် ကြေငြာမည် ဖြစ်ပါသည်။

Zawgyi version…


