2014 တွင် Project အနေဖြင့် စတင်ခဲ့သည့် Hennessey Performance ၏ F5 Program သည် ယခုအခါ Venom F5 Supercar အနေဖြင့် တွေ့မြင်ရတော့ပါမည်။ Production Model သည် မိတ်ဆက်ပြသခဲ့သည့် Concept Model နှင့် များစွာတူညီပါမည်။ အလွန်ခေတ်ဆန်ပြီး သွယ်လျသည့် Carbon Fiber Monocoque Design တွင် နူးညံ့သည့် အပြောင်းအလဲ အချို့ဖြင့် ထုတ်လုပ်မည်ဖြစ်ကာ Engine Cover ကို Carbon Fiber ဖြင့် ဖန်တီးထားပါမည်။ Dark Blue Color နှင့် Quad Tailpipe ကဲ့သို့ ထူးခြားမှုများလည်း ပါဝင်ပါမည်။ အပြင်ဖက်ဒီဇိုင်းသည် ခေတ်ဆန်သကဲ့သို့ အတွင်းခန်းကိုလည်း Supercar အခင်းအကျင်းအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။ Formula One ပြိုင်ကားများ၏ Steering ကဲ့သို့ ဖန်တီးထားသည့် Steering မှ အစပြု၍ Carbon Fiber များစွာပါရှိသည့် အခင်းအကျင်း ၊ Leather ဖုံးအုပ်ထားသည့် Dashboard နှင့် Seat Pad များ ၊ Aluminum Plats များကို ခံစားတွေ့မြင်ရပါမည်။ ခေတ်မှီနည်းပညာများစွာ ပေါင်းစပ်ပါဝင်သည့် မီတာဒိုင်ခွက်နှင့် Infotainment System တို့လည်းပါရှိမည်။ အင်ဂျင် အနေဖြင့် – ( 6.6 Twin – Turbo V8 Engine ) ၊ ( 1817 hp ) အင်ဂျင်ပါဝင်မည်ဖြစ်ကာ Engine ၏ Performance သည် ( 0 to 62 mph ) အား ( 3 Second ) ဝန်းကျင်ဖြင့် ရောက်နိုင်ပါမည်။ Venom F5 ၏ Top Speed အား ( 311 mph ) အထိ ရနိုင်ရန် စီစဉ်ဖန်တီးမည်ဖြစ်သည်။ Hannessey သည် Venom F5 Coupe အား (၂၄) စင်းသာ နမူနာ ထုတ်လုပ်မည်ဖြစ်ပြီး (၁၂)စင်းကို U.S တွင် ရောင်းချမည်ဖြစ်ကာ အခြား (၁၂) စင်းကို နိုင်ငံခြားဈေးကွက်များသို့ ရောင်းချပါမည်။ ကားတန်ဖိုးသည် ( USD 2.1 Million ) ခန့်ကျသင့်မည်ဖြစ်ကာ 2021 တွင် ကျရောက်မည့် Hennessey ၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်တွင် စတင်ရောင်းချပါမည်။

31 Dec 2020
0