Unicode version…
Audi ၏ထင်ရှားသည့် A5 Coupe Model တွင် စိတ်ဝင်စားဖွယ်အချက်တစ်ခုရှိပါသည်။၄င်းတွင် Power Sunroof အမြဲပါရှိသော်လည်း ဖွင့်/ပိတ် အသုံးပြု၍မရဘဲ ဖွင့်၍ သာသာစောင်းခြင်းသာ ပြုလုပ် နိုင်ပါသည်။ ထိုသို့ ဖန်တီးထားမှုသည် များစွာအံ့သြဖွယ်ကောင်းပါသည်။ Audi A5 Sunroof အား Only tilt အနေအထားသာရရှိရန် ၄င်း၏ Designer မှ လုပ်ဆောင်ခဲ့ပါသည်။
Audi A5 Coupe ၏ ဒီဇိုင်းဖန်တီးသူသည် Mr Walter De Silva ဆိုသူဖြစ်ပြီး ၄င်းသည်လွန်စွာထင် ရှားသည့် Designer တစ်ဦးဖြစ်ပါသည်။ ၄င်းသည် (Alfa Romeo 156) (Audi R 8) (Volkswagen LC) အပါအဝင် များစွာသော Audi နှင့် Volkswagen ကားများအား ဒီဇိုင်းထုတ်ခဲ့သူဖြစ်ပါသည်။
Audi A5 Coupe အား 2007 ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး Mr Silva မှ အလုံးစုံတာဝန်ယူခဲ့ပါသည်။ A5 Coupe ၏ Sunroof နေရာ ၌ ဆင်ခြေလျှောပုံစံဖက်သို့ များစွာရောက်ရှိသွား၍ Sunroof အား ဖွင့်/ပိတ် ပြုလုပ်နိုင်သော်လည်း ခက်ခဲနိုင်မည်ဖြစ်ပါသည်။ထိုအချက်ကြောင့် အမိုးလိုင်းများပျက်စီးစေသည်မှာ အဓိက ဖြစ်ပါသည်။Mr Silva မှ A5 Coupe ၏ Sunroof အား ဖွင့်/ပိတ်နိုင်သည့်စနစ်အား မတပ်ဆင်ခဲ့ခြင်းဖြစ်ပါ သည်။ မည်သို့ပင်ဖြစ်စေ Audi A5 Coupe သည်များစွာလှပသည့် ပုံစံရှိသည်မှာ ကောင်းမွန်သည့် အချက် ပင်ဖြစ်ပါသည်။
ထို့အပြင် အမိုးဖွင့်စနစ်ကို နှစ်သက်ကြသည့် ကားချစ်သူများအနေဖြင့် (Audi) မှ (A5 Cabriolet) အမျိုးအစားကိုလည်း ၀ယ်ယူနိုင်မည်ဖြစ်၍ A5 Series အတွက် ရွေးချယ်မှုများကိုလည်း Audi မှ ပေးအပ် ထားခဲ့ပါသည်။
အထက်ပါအချက်များကြောင့် Audi A5 Coupe ၏ အမိုးတွင် Only Tilt စနစ်ကို အသုံးပြုရခြင်းပင် ဖြစ်ပါသည်။
Zawgyi version..