Honda သည် All – New SUV အသစ်တမျိုးအား မိတ်ဆက်မည်ဖြစ်ကာ ၎င်း SUV သည် Honda HR – V / Vezel နှင့် Honda CR – V တို့အကြား အရွယ်ရှိမည်ဖြစ်သည်။ အဆိုပါ New SUV အား New – gen Civic ကို အခြေခံကာ ဖန်တီးမည့်ဖြစ်ပြီး Civic ၏ Power Train အချို့ကိုလည်း မျှဝေရယူမည်။ အဆိုပါ SUV အသစ်အား 2022 September တွင် Global Debut ပြုလုပ်ရန် Honda မှ ရည်မှန်းထားပါသည်။ ယခုလက်ရှိတွင် လူကြိုက်များလျက်ရှိသည့် SUV Trend နှင့် လိုက်လျောညီထွေရှိစေရန် Honda အနေဖြင့် SUV Model အသစ်များကို တိုးချဲဖန်တီးရန် အစီအစဉ်များ ချမှတ်ထားပါသည်။

 

မျိုးဆက်သစ် Honda HR – Vezel အား ယခုနှစ် February တွင် မိတ်ဆက်ခဲ့ပြီး ယခုအခါ လူကြိုက်များလျက်ရှိသည့် Honda SUV အနေဖြင့် ထင်ရှားနေပါသည်။ အသစ်ထွက်ရှိမည့် New SUV ၏ Design ပုံစံများသည် CR V / HR V တို့နှင့် ကွဲလွဲနိုင်မည်ဖြစ်ပြီး ဝံ့ကြွားလှပမှုကို အလေးပေး ထားဖွယ်ရှိပါသည်။ Styling အား မကြာခင်က မိတ်ဆက်ထားသည့် Honda RS Concept Model ထံမှ မှီငြမ်းဖန်တီးမည်ဖြစ်သည်။ New SUV Model တွင် ( 1.5 L Turbo – petrol engine ) ၊ ( 182 hp ) အင်ဂျင်နှင့် (CVT Gearbox ) တို့ ပါဝင်မည့်အပြင် Honda ၏ HEV Strong hybrid Technology အသုံးပြုထားသည့် Hybrid Power train ကိုလည်း ထည့်သွင်းထားပါမည်။ အသစ်ထွက်ရှိ မည့် New Honda SUV သည် Hyundai Creta နှင့် Kia Sestos တို့နှင့် Segment တူညီမည်ဖြစ်သည်။ Honda သည် City Hybrid Model အား 2022 တွင် မိတ်ဆက်မည်ဖြစ်သည်။
#DriveMediaMyanmar