Honda သည် Level 3 Autonomous System အား Mass Produce အနေဖြင့် ထည့်သွင်းမည်ဟု ကြေငြာလိုက်ပါသည်။ Level 3 အဆင့်ရှိသည့် အလိုအလျောက်မောင်းနှင်မှု စနစ်သည် အလွန်အဆင့်မြင့်သည့် နည်းပညာဖြစ်ပြီး ယာဉ်မောင်းအား System မှ လိုအပ်မည့် Data များ မျှဝေခြင်းမှစ၍ Traffic ဆိုင်ရာများကို Guideline ပြုလုပ်ပေးခြင်းတို့ကို ကူညီ ဆောင်ရွက်ပေးမည့် ပုံစံဖြစ်သည်။ Honda အနေဖြင့် အဆိုပါ System တပ်ဆင်ထားသည့် New Legend Sedan အား ဂျပန်ဈေးကွက်တွင် 2021 March တွင် စတင်ရောင်းချမည်ဖြစ်သည်။ Legend သည် Honda တွင် အကောင်းဆုံး Luxury Sedan ဖြစ်ပြီး ဆန်းသစ်သည့် နည်းပညာများ အမြဲပင် ထည့်သွင်းလေ့ရှိသည့် Model လည်း ဖြစ်သည်။ Honda Legend အား Acura RL / RLX အမည်ဖြင့်လည်း ထုတ်လုပ်ပါသည်။ New Legend တွင် ပါဝင်မည့် Self-Driving ဆိုင်ရာ နည်းပညာအသစ်သည် ခေတ်မှီကားနည်းပညာလောကကို တခေတ်ဆန်းသစ်စေမည့် နည်းပညာ ဟုဆိုရပါမည်။ Self-Driving ဆိုင်ရာနည်းပညာရပ်ကို စဉ်ဆက်မပြတ် စမ်းသပ်နေသည့် ကုမ္ပဏီများတွင် Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet လည်းပါဝင်ပြီး ဒေါ်လာဘီလီယံခန့် အထိ အကုန်အကျခံကာ Develop ပြုလုပ်လျက်ရှိပါသည်။ Level – 3 Self Driving အဆင့်တွင် စနစ်သည် ထိန်းချုပ်မှုအားလုံးကို ကောင်းစွာဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း ယာဉ်မောင်း၏ ညွှန်ကြားမှုသည် လိုအပ်မည်ဖြစ်သည်။ သို့သော် Level 1 / 2 အဆင့်များထက်ပို၍ တိကျပြီး ရှုပ်ထွေးသည့် ထိန်းချုပ်မှုများကို System မှ ဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း ယာဉ်မောင်း၏ ညွှန်ကြားမှုသည်လိုအပ်ပါသည်။ နာမည်ကျော် Tesla သည် Level 5 အဆင့်ရှိသည့် ( Fully Self Driving ) အဆင့်ကို အပြီးသတ်နိုင်ရန် နီးကပ် နေကြောင်းကို July တွင် ပြောကြားခဲ့ပြီး မဝေးလှသည့် အနာဂတ်တွင် ဖန်တီးနိုင်မည်ဖြစ်ပါသည်။

24 Nov 2020
0