Unicode version….
(Honda Motor Co., Ltd) မှ ၄င်း၏နောက်ဆုံးထုတ် (Accord)များအနက် ကမ္ဘာအနှ့ံရှိ ကားအစင်းရေ (2.1 သန်း)အား (Battery Sensors)များ လဲလှယ်ရန်အလို့ငှာ (Recall) ပြုလုပ်ထားပါ သည်။ ထိုသို့ပြုလုပ်ရခြင်းသည် (မီးအန္တရာယ်)ကြိုတင်ကာကွယ်ရန်အတွက် ဖြစ်ပါသည်။ (Honda Japan)၏ ပြောရေးဆိုခွင့်ရှိသူ (Mr. Chris Martin) မှ (Recall ခေါ်ယူထားသည့် Accord ကားများသည် 2013-2016 Model များဖြစ်ကြပြီး ၄င်းတို့အနက် (1.15 သန်း)သည် (U.S Market)မှ ဖြစ်ပါသည်။ (Honda) မှ ကားအင်ဂျင်ခန်းမီးလောင်မှုဖြစ်စဉ် (၄)ခုအား (U.S.A) မှ ၄င်း/ဖြစ်စဉ်(၁)ခုအား (ကနေဒါ) မှ၄င်း လက်ခံရရှိခဲ့ပါသည်။အလားတူ (U.S.A) ရှိ (Accord)အစင်းရေ (3972)စင်း၏ (Warranty Claims) များကိုလည်း အဆိုပါကိစ္စနှင့် ဆက်စပ်ပြီး လက်ခံရရှိခဲ့ပါသည်။)ဟု ပြောကြားခဲ့ပါသည်။ လေ့လာမှုများအရ အဆိုပါ (Accord)ကားများ၏ (Battery sensors )များအား လုံလောက်သည့်ဖုံးအုပ်မှု များမရှိခဲ့၍ စိုထိုင်းမှုများဖြစ်ပေါ်သည်ကို တွေ့ရပါသည်။ အဆိုပါစိုထိုင်းမှုဖြစ်စဉ်သည် အင်ဂျင်အား သံချေးတက်ခြင်းနှင့် Sensor ၏လျှပ်စစ်ဆိုင်ရာလုပ်ငန်းများချို့ယွင်းခြင်းများကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် (Accord)ကားများကို (Recall)ပြုလုပ်စဉ် ကမ္ဘာအနှ့ရှိ (Dealers) များမှ ကားများ၏ (Battery)များအား စေးကပ်သောကော်များဖြင့် ယာယီဖုံးအုပ်ခြင်းကို ပြုလုပ်ကြပါသည်။
(Honda)၏ ပထမဆုံး (Battery Sensor) ပြဿနာအား (2015)တွင် (ကနေဒါ) ၌ စတင် တွေ့ရှိခဲ့ပြီး (2016)နှစ်ဦးပိုင်း၌ (တရုတ်နိုင်ငံ)တွင် ထပ်မံတွေ့ရှိခဲ့ပါသည်။ ထိုအဖြစ်အပျက်များအား လေ့လာပြီး (2016 June)တွင် (Honda)မှ (Redesigned Battery Sensor)များအား တီထွင် ဖန်တီးနိုင်ခဲ့ ပါသည်။ထို့နောက်အလားတူ ပြဿနာများ ထပ်မံတွေ့ရှိရ၍ ကမ္ဘာအနှံ့မှ (Accord)များအား ပစ္စည်းအသစ်များဖြင့် အစားထိုးလဲလှယ်ရန် (Recall)ခေါ်ယူရခြင်းဖြစ်ပါသည်။
Zawgyi version….