ဂျပန်အခြေစိုက် ကမ္ဘာကျော် (Honda)အနေဖြင့် (Fullym Autonomous Vehicle)ခေါ် (လူသား၏ ကြားဝင် ထိန်းချုပ်မှု မလိုအပ်သည့် မော်တော်ယာဉ်)များအား (2025)ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား ပါသည်။ (Honda)မှ (လမ်းအခြေအနေများအပေါ် လူသား၏ ထိန်းကျောင်းမှု မလိုဘဲ တုန့်ပြန်နိုင်သည့်ယာဉ်) များအား (Autonomous Freeway Drive System)အမည်ဖြင့် (2020)မှ စတင်ကာ (5)နှစ် စီမံကိန်းချ၍ တီထွင်ဖန်တီးမည်လည်း ဖြစ်ပါသည်။
(Honda)သည် (EVs)ယာဉ် များဖွံ့ဖြိုးမှုကဏ္ဍအား (2016)မှ စတင်တည်ထောင်ခဲ့ပြီး စွမ်းအင် ထုတ်လွှတ်မှုများစွာ သက်သာသည့် (Gasonline Hybirds/Plug-in Hybrids/ EVs / Hydrogen Fuel cell vehicles – FCVs)စသည့် ကားများအား (2030)ခုနှစ်အတွင်း ဖန်တီးရန် စီမံကိန်း ချမှတ်ခဲ့ပါသည်။ ယခုအခါ စီမံကိန်း(5%)ခန့် ထုတ်လုပ်လျှက်ရှိပါသည်။
ယခုလက်ရှိအချိန်တွင် (Honda)၏ (Self-driving System)များသည် (ကင်မရာ/လိုင်ဒါ နှင့် ရေဒါအာရုံခံကိရိယာ)များကို မှီခိုနေရဆဲပင် ဖြစ်ပါသည်။ အဆင့်သတ်မှတ်မူ အနေဖြင့်လည်း (SAE-International an Automotive Standradization)မှ သတ်မှတ်သည့် (SAE Level-3)အဆင့်တွင် ရောက်ရှိထားပါသည်။ အဆိုပါအဆင့်တွင် (Highway)လမ်းများ၌ အလိုအလျောက် မောင်းနှင်ခြင်းအား ပြုလုပ်နိုင်မည်ဖြစ်ပြီး မြို့တွင်းလမ်းများ၌မူ လူသား၏ ထိန်းချုပ်မှုအောက်၌သာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
(ကျွန်တော်တို့အနေဖြင့် SAE Leve-4 အဆင့်ဖြစ်သည့် ယာဉ်မှ အလုံးစုံ ထိန်းချုပ်မှု အဆင့်သို့ ရောက်ရန် နည်းပညာဆိုင်ရာ တည်ဆောင်မှုများအား 2025 ခုနှစ်အတွင်း အောင်မြင်နိုင်ရန် ကြိုးပမ်းလျှက် ရှိပါသည်)ဟု (Honda)၏ (CEO) ဖြစ်သူ (Mr Takahim Hachigo)မှ ပြောကြားထားပါသည်။ (ကျွန်တော်တို့ အနေဖြင့် အလိုအလျောက် မောင်းနှင်မှု စနစ်အား ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရန် ကြိုးပမ်းလျက် ရှိပြီး ရည်ရွယ်ချက်မှာ လူသားများ အနေဖြင့် Honda အား အသုံးပြုသည့်အတွက် လုံခြုံစိတ်ချမှုအား အပြည့်အ၀ ရရှိစေရန် ရည်ရွယ်ပါသည်)ဟု လည်းထပ်လောင်း ပြောကြားခဲ့ပါသည်။