Unicode version….
ကမ္ဘာကျော် Honda အနေဖြင့် ၄င်း၏ ပထမဆုံး (၁၀)ချက်ထိုးအော်တိုဂီယာပုံစံအသစ်အား အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာရှိသည့် Tallapoosa ဒေသရှိစက်ရုံတွင် ထုတ်လုပ်တပ်ဆင်ထား ပါသည်။
အဆိုပါ ဂီယာ(၁၀)ချက်ထိုးစနစ်အတွက် Honda အနေဖြင့် အမေရိကန်ဒေါ်လာသန်း(၁၅၀)ခန့် ရင်းနှီးမည်ဖြစ်ပြီး အမေရိကန်၊ အိုဟိုင်းအိုးဒေသရှိ Honda နှင့် ဂျော်ဂျီယာစက်ရုံတို့ ပူးပေါင်းထုတ်လုပ် မည်ဖြစ်ပါသည်။ ပထမဆုံးအနေဖြင့် 2018 Model Honda Odyssey Minivan တွင် စတင်ထည့်သွင်း ပါမည်။
Honda အနေဖြင့် အဆိုပါ အော်တိုဂီယာ(၁၀)ချက်ထိုးစနစ်ကို ၄င်း၏ Light Truck နှင့် အခြား ကားများတွင် ဆက်လက်ထည့်သွင်းထားပါမည်။ ဖြစ်နိုင်သည့် ကားများမှာ Pilot SUV နှင့် Accord Sedan တို့ဖြစ်ပါမည်။
မြောက်အမေရိကစျေးကွက်ကြီးအပေါ်မှာ Honda တစ်မျိုးသာ ရင်းနှီးမှုများစွာပြုလုပ်ခြင်းမဟုတ်ဘဲ အခြားသောနာမည်ကျော် Brand များလည်း အလားတူစက်ရုံများထောင်ကြပါသည်။Hyundai /Nissan/ Mercedes-Benz တို့သည် (အယ်လ်ဘားမားပြည်နယ်)တွင် စက်ရုံများဖွင့်လှစ်ခြင်း BMW/ Toyota/ Volkswagen နှင့် အခြားသော Brands များသည် အမေရိကန်တောင်ပိုင်းပြည်နယ်များတွင် စက်ရုံများ တည်ဆောက်ခြင်းတို့ ပြုလုပ်ထားပါသည်။
Honda ၏ ထင်ရှားသည့် အမေရိကန်နိုင်ငံရှိ စက်ရုံမှာ Ohio ဒေသရှိ စက်ရုံဖြစ်ပြီး CR-V / Accord နှင့် Acura TLX တို့ကို ထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်ပါသည်။အခြားသော Honda Models များကို (အယ်လ်ဘားမား)ပြည်နယ် (Lincoln)ဒေသရှိ Honda စက်ရုံတွင် ထုတ်လုပ်ပါသည်။
အဆိုပါဂီယာစနစ်ပါသည့် Odyssey အားမကြာမီကျင်းပခဲ့သည့် Detroit Auto Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။
Zawgyi version…
ကမာၻေက်ာ္ Honda အေနျဖင့္ ၄င္း၏ ပထမဆံုး (၁၀)ခ်က္ထိုးေအာ္တိုဂီယာပံုစံအသစ္အား အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္မွာရွိသည့္ Tallapoosa ေဒသရွိစက္ရံုတြင္ ထုတ္လုပ္တပ္ဆင္ထား ပါသည္။
အဆိုပါ ဂီယာ(၁၀)ခ်က္ထိုးစနစ္အတြက္ Honda အေနျဖင့္ အေမရိကန္ေဒၚလာသန္း(၁၅၀)ခန္႕ ရင္းႏွီးမည္ျဖစ္ၿပီး အေမရိကန္၊ အိုဟိုင္းအိုးေဒသရွိ Honda ႏွင့္ ေဂ်ာ္ဂ်ီယာစက္ရံုတို႕ ပူးေပါင္းထုတ္လုပ္ မည္ျဖစ္ပါသည္။ ပထမဆံုးအေနျဖင့္ 2018 Model Honda Odyssey Minivan တြင္ စတင္ထည့္သြင္း ပါမည္။
Honda အေနျဖင့္ အဆိုပါ ေအာ္တိုဂီယာ(၁၀)ခ်က္ထိုးစနစ္ကို ၄င္း၏ Light Truck ႏွင့္ အျခား ကားမ်ားတြင္ ဆက္လက္ထည့္သြင္းထားပါမည္။ ျဖစ္ႏိုင္သည့္ ကားမ်ားမွာ Pilot SUV ႏွင့္ Accord Sedan တို႕ျဖစ္ပါမည္။
ေျမာက္အေမရိကေစ်းကြက္ႀကီးအေပၚမွာ Honda တစ္မ်ိဳးသာ ရင္းႏွီးမႈမ်ားစြာျပဳလုပ္ျခင္းမဟုတ္ဘဲ အျခားေသာနာမည္ေက်ာ္ Brand မ်ားလည္း အလားတူစက္ရံုမ်ားေထာင္ၾကပါသည္။Hyundai /Nissan/ Mercedes-Benz တို႕သည္ (အယ္လ္ဘားမားျပည္နယ္)တြင္ စက္ရံုမ်ားဖြင့္လွစ္ျခင္း BMW/ Toyota/ Volkswagen ႏွင့္ အျခားေသာ Brands မ်ားသည္ အေမရိကန္ေတာင္ပိုင္းျပည္နယ္မ်ားတြင္ စက္ရံုမ်ား တည္ေဆာက္ျခင္းတို႕ ျပဳလုပ္ထားပါသည္။
Honda ၏ ထင္ရွားသည့္ အေမရိကန္ႏိုင္ငံရွိ စက္ရံုမွာ Ohio ေဒသရွိ စက္ရံုျဖစ္ၿပီး CR-V / Accord ႏွင့္ Acura TLX တို႕ကို ထုတ္လုပ္ျခင္းျဖင့္ နာမည္ေက်ာ္ပါသည္။အျခားေသာ Honda Models မ်ားကို (အယ္လ္ဘားမား)ျပည္နယ္ (Lincoln)ေဒသရွိ Honda စက္ရံုတြင္ ထုတ္လုပ္ပါသည္။
အဆိုပါဂီယာစနစ္ပါသည့္ Odyssey အားမၾကာမီက်င္းပခဲ့သည့္ Detroit Auto Show တြင္ မိတ္ဆက္ျပသခဲ့ပါသည္။