(Japan)၏ တတိယမြောက်အကြီးဆုံး (Automaker)ဖြစ်သည့် (HONDA) အနေဖြင့် ယခု (2017) တွင် ၄င်း၏ အသားတင်အမြတ်ငွေသည် ယခင်နှစ်များထက်ပိုမိုနိုင်မည်ဖြစ်ပါသည်။
ထိုသို့သုံးသပ်ရခြင်း မှာ ကမ္ဘာ့အနှံ့ရှိ (ကြီး မားသောဝယ်လိုအား)များအပေါ် အခြေခံသုံးသပ်ခြင်းဖြစ်ပြီး အထူးအားဖြင့် (မြောက် အမေရိကဈေး ကွက်)တွင် ရောင်း အားအကောင်းဆုံး (Brands)များစာရင်းဝင်နိုင်ခဲ့ပါသည်။ (Honda)၏ နာမည်ကျော် (Accord) နှင့် (Civic) ကားများ သည် လွန်စွာရောင်းချရသည်ကို တွေ့ရပြီး၎င်းမှ အသစ် ထုတ်လုပ်သည့် (SUVS) များသည်လည်း များစွာ ရောင်း ချခဲ့ရပါသည်။သို့သော် (မြောက်အမေရိက ဈေးကွက်) အတွက်မူ (Honda)၏ရောင်းအားသည် ယမန်နှစ်များက ထက် (2017)တွင်ဝယ်လိုအားကျဆင်း နေသည်ကိုတွေ့ရပြီး ၄င်း၏ (2017)နှစ်အတွက် အဓိက၀ယ်လို အားဖြစ် သည့် ဈေး ကွက်ဒေသမှာ (အာရှ ဈေးကွက်)ဖြစ်လာသည်ကို တွေ့ရပါသည်။ (Honda U.S.A) ၏ (2017 June)အထိ ရောင်း အားသည် (10.8 percent) အထိဖြစ်ခဲ့ပါသည်။ အာရှတွင် (တရုတ်နိုင်ငံ)သည် ၀ယ်လိုအားအမြင့်ဆုံးဖြစ်ခဲ့ပြီး တရုတ် နိုင်ငံ ရှိ (Honda)ရောင်းချရမှုသည် အာရှတိုက်ရောင်းအား၏ (65 percent) အထိ ရှိနေပါသည်။ အထူး သဖြင့် (Honda Civic) နှင့် (Honda XR-V Compact SUV)များသည် တရုတ်နိုင်ငံတွင် အဓိက ရောင်း ချခဲ့ရ ပါသည်။
(Honda) အနေဖြင့် ယခုနှစ် (March) အထိ အမြတ်ငွေ ခန့်မှန်းမှုမှာ (725 billion Yen) ခန့်ဖြစ် သော် လည်း ယခုလက်ရှိ (အမေရိကန်ဒေါ်လာ)နှင့် (ဂျပန်ယန်း) ငွေလဲနှုန်းများအပေါ် အခြေခံပြီး (705 billion Yen)ခန့် ရရှိနိုင်ရန် မျှော်မှန်းထားပါသည်။ လတ်တလောဖြစ်ပေါ်နေသည့် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှုသည် (Honda)၏ အာရှဒေသဈေးကွက်သို့ ကားတင်ပို့ ရောင်းချရမှုအပေါ် များစွာသက်ရောက်မှုရှိသည်ကို တွေ့ရှိရပါသည်။