Unicode Version..
လက်ရှိမော်တော်ကားပေါ်လစီအရ ကားသစ်ဈေးကွက်ကို သွားနေတာဆိုတော့ Brand New ကားတွေက နှစ်ပေါင်းများ စွာပေါ်ပြူလာဖြစ်လာတဲ့ Used တွေကိုရင်ဘောင်တန်းနိုင်ဖို့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်လာနေပါပြီ။ ကားသစ် တွေက ပေါ်ပြူလာဖြစ်စေတဲ့ အဓိကအချက်က နောက်ဆုံးပေါ်မော်ဒယ်ဖြစ်ခြင်း၊ After sale service နဲ့ပတ်သက်လို့ တာဝန်ယူပေးခြင်းနဲ့ နှစ်ရှည်အရစ်ကျစနစ်ဝယ်ယူနိုင်ခြင်းက ကားဟောင်း အရစ်ကျစနစ်ထက် ပိုပြီးအဆင်ပြေစေတဲ့အ တွက် ကားဝယ်မယ့်သူတွေရဲ့အာရုံကလည်း ကားသစ်တွေဘက်ဦးလှည့်လာကြပါတယ်။ ဒီတော့ … Brand New ကား သစ်တစ်စီးဝယ်မယ်ဆိုရင် ဘယ်ကားတွေက ပိုသင့်တော်မယ်၊ ကိုယ့်ရည်မှန်းထားတဲ့ Budget နဲ့ကိုက်ညီရဲ့လား၊ ဘယ်အ ချက်တွေကြောင့် ရွေးချယ်သင့်သလဲ၊ ဘာလိုအားသာချက်၊အားနည်းချက်တွေရှိသလဲ စတာတွေကို သုံးသပ်ဖော်ပြသွားပါ့ မယ်။
ကားသစ်နဲ့ကားဟောင်းဈေးကွက်
မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ ကားဟောင်းဈေးကွက်ပေါ်မှာပဲမှီခိုခဲ့ရပါတယ်။ အဓိကကတော့ ဈေးသက်သာတယ်၊ အပိုပစ္စည်းပေါတယ်၊ ပြုပြင်ထိန်းသိမ်းဖို့အတွက် တစ်ဦးတစ်ယောက်အပေါ်မှီခိုစရာမလိုဘူး။ ဆိုလိုတာက Brand New တစ်စီးဝယ်ရင် After sale service အရအာမခံပါတယ်။ဒီတော့ ဝယ်သူက အခြား Service ကိုသွားပြလို့ရှိရင်အာမခံပျက် သွားမယ်။ ဒီတော့ ရွေးချယ်စရာမရှိဘူး။ဒါကိုဆိုလိုတာပါ။ Used ကျတော့ နဂိုကတည်းက After sale service အာမခံပါ လာတာမဟုတ်ဘူး။ ဒါကြောင့် User ကကိုယ်အဆင်ပြေတဲ့ Service ကိုရွေးချယ်နိုင်တယ်။ ဒါကြောင့် ပြင်ဆင်ရလွယ်ပြီး အပိုပစ္စည်းပေါတဲ့ ဂျပန်ကျတွေက ဒီမှာအခုထိလူတိုင်းကိုဆွဲဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်လေလံကားတွေက Domestic သုံးတွေဆိုတော့ သူ့မော်ဒယ် Grade အလိုက်အရည်အသွေးမီတယ်။ ဒါကြောင့် မြန်မာပြည်သူအများစု အတွက် အခုထိအဆင်ပြေနေတာဖြစ်ပါတယ်။ ဒါပေသိ ဝိသမလောဘသားတွေကြောင့် အာမခံမပါတဲ့ ကားဟောင်းတွေက ကီလိုအမှန်မဖြစ်တာတွေ၊ ဒီကားရဲ့နောက်ကြောင်းရာဇဝင်နဲ့ ပတ်သက်လို့ အတိအကျမသိရတာတွေ၊ပြီးတော့ လိုင်စင် မဲ့ဖြစ်တာတွေ၊ဖောက်စွပ်တွေလားဆိုတဲ့ စိုးရိမ်တွေရှိနေလို့ ဝယ်ရတာတောင်ပူပန်နေရတဲ့ စိတ်ဒုက္ခကရှိနေဆဲဖြစ်ပါတယ်။ ကားတွေအကြောင်း လုံးစေ့ပတ်စေ့သိမှကားဝယ်ရမယ်ဆိုတာကတော့ အဆင်မပြေပါဘူး။ ကြားထဲက အေးဂျင့်၊ ပွဲစား အားကိုးရတာက ဘယ်လောက်အထိ အာမခံချက်ရှိသလဲ။ ဒီလိုအချက်တွေမှာကျတော့ ကားသစ်တွေကအဆင်ပြေတယ်။ ကားဝယ်ပြီး ယာဉ်မှန်/မမှန်စစ်ဆေးဖို့၊အရှုပ်အရှင်းတွေကင်းဖို့စတဲ့စိုးရိမ်ပူပန်စရာမျိုးတွေ မလိုအပ်တဲ့အပြင် First Owner လည်းဖြစ်ခွင့်ရမယ်။ အဓိကအချက်က လူအများစုက အရစ်ကျစနစ်ကို ပိုကြိုက်ကြတယ်။အဲလိုအရစ်ကျမှာလည်း နှစ်ရှည်လေကြိုက်လေပဲ။ ငွေတစ်လုံး၊တစ်ခဲမရှိသူတွေ၊မပေးချင်သူတွေအတွက် နိုင်ငံတကာမှာလိုပဲ အရစ်ကျစနစ်က ပိုပြီးအဆင်ပြေလာတယ်။ ဒီအခါမှာ တစ်ခုသတိထားဖို့လိုတာက ဘဏ်ရဲ့အတိုးနှုန်း၊အခြားဝန်ဆောင်ခတွေ၊ လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်မှုပုံစံတွေပါပဲ။ ဆိုလိုတာက ကိုယ့်လက်ထဲကားဝယ်နိုင်လောက်တဲ့ ငွေပမာဏရယ်၊လစဉ်ပေးသွင်း ရမယ့် ငွေရယ်ရှိလာပြီဆိုတာနဲ့ ဝယ်ဖို့မစဉ်းစားနဲ့ပါဘူး။ ကိုယ့်ချေးငွေအတွက် ပေးရမယ့်အတိုးကိုလည်း တွက်ချက် ဖို့လိုပါတယ်။ မတွက်တတ်ရင် Car Showroom ကအရောင်းတွေကိုတွက်ခိုင်းနိုင်ပါတယ်။ ဒါတွေကိုသိရှိပြီး ကိုယ် ကျေနပ်တဲ့ အတိုင်း အတာဆိုရင် ကားသစ်ဝယ်ဖို့ စတင်လှုပ်ရှားလို့ရပါပြီ။
စစ်မှန်တဲ့ ကားသစ်ဝယ်ယူနည်း
ကားဝယ်မယ့်သူတစ်ဦးအနေနဲ့ ကားသစ်ဝယ်မယ်ဆိုရင် ဘယ်အချက်ကိုအဓိကထားကြည့်မလဲ။ အများစုကတော့ ကားတန်ဖိုးကိုပဲအဓိကထားပါလိမ့်မယ်။ ကားတန်ဖိုးနဲ့အတူ ဝင်ငွေခွန်မဆောင်ထားရင်ပေးရမယ့်ဝင်ငွေ ခွန်တန်ဖိုးတွေကို လည်း သိထားသင့်ပါတယ်။ ပြီးရင် ကားရဲ့အမှတ်တံဆိပ်… အမှတ်တံဆိပ်ဆိုတဲ့အထဲမှာ Reliable ဖြစ်မှု၊ Trust ဖြစ်မှု စတာတွေပါဝင်လာမှာဖြစ်ပါတယ်။ပြီးရင် ကိုယ်နဲ့ကိုက်ညီမှုရှိရမယ်။ ဆိုတာက ကိုယ်က မြို့တွင်းမှာပဲအဓိက သုံးဖို့ရှိ တယ်။ နယ်ဝေးအတွက်မရည်ရွယ်ဘူး။ဒါဆိုရင် အင်ဂျင်သေးတဲ့ မြို့တွင်းသုံးကားကိုသာရွေးချယ်သင့်တယ်။ ဒါမှ တန်ဖိုး သက်သာမှာဖြစ်သလို ဆီစားလည်းသက်သာမယ်။ ဒီလိုကြည့်ရာမှာ ဒီကားရဲ့အင်ဂျင်ပါဝါ၊ပျှမ်းမျှဆီစားနှုန်း၊ ကိုယ့်အတွက် အဆင်ပြေစေမယ့်မောင်းနှင်မှု(ဆိုတာကတော့ ဘက်ကင်မရာ၊ဆင်ဆာ၊Driver အထောက်အကူပြုစနစ်နဲ့ ခေတ်မီ Info စနစ်စတာတွေ) ။ နောက်တစ်ခုက Warranty ပါ။ဒါနဲ့ပတ်သက်လို့ ကိုယ်ဝယ်ချင်တဲ့ ကားသစ်ကို အရင်ဝယ်ထားသူတွေရဲ့ Feedback တွေကိုလေ့လာကြည့်သင့်တယ်။ ဒါမှ After sale service ပိုင်းကိုကွဲကွဲပြားပြားသိရှိနိုင်မယ်။ အပိုပစ္စည်း ပေါရဲ့လား၊ ဈေးရောသင့်ရဲ့လား၊ အာမခံမှုဘယ်လောက်ရှိသလဲ၊ ပြုပြင်ထိန်းသိမ်းမှုမှာ မြန်ဆန်သေချာရဲ့လား စတာ တွေကို သိရပါမယ်။ ကားသစ်ဝယ်ရင် After sale service ကအရမ်းအရေးကြီးပါတယ်။ ဒီစနစ်ကြောင့် User စိတ်ညစ်ရတာတွေအများကြီးပါပဲ။ ဒါကြောင့် ဒီစနစ်က သိပ်အရေးပါပါတယ်။ နောက်ပြီး ကားမဝယ်ခင်မှာအရင်ဆုံး Test Drive လုပ်ကိုလုပ်ရပါမယ်။ ဘယ်လောက်ကောင်းတဲ့ကားပင်ဖြစ်စေ၊ ကိုယ့်စိတ်၊ပုံစံနဲ့ အဆင်မပြေတာတွေကြုံ တွေ့ရ နိုင်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ ကားမှာပါတဲ့ Feature တွေကိုလက်တွေ့စမ်းနိုင်မယ်။ အော်တိုစနစ်တွေက ထိန်းချုပ် ရတာအ ဆင်ပြေရဲ့လား။ အတွင်းခန်းအကျယ်အဝန်း၊ထိုင်ခုံအနေအထား၊စီးနင်းမောင်းနှင်ရမှု၊ Visibility (ကားမြင် ကွင်းတွေ ကောင်းသလား၊တစ်စီးလုံးကို အတွင်းကနေကြည့်ရတာအဆင်ပြေရဲ့လားစသည်)၊ နောက်ပြီး Paddle တွေက User အတွက်အဆင်ပြေရဲ့လား၊ ကားထဲက Control Button တွေက နေရာကျရဲ့လားစတာတွေကိုပါ စစ်ဆေးနိုင်သလို စစ်လည်းစစ်ဆေးနိုင်ပါတယ်။ နောက်တစ်ခုက Safety စနစ်ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ကားက Budget မြို့တွင်းသုံးမို့ လေအိတ် ၂ လုံးလောက်၊ ABS လောက်ပဲပါတာက အဆင်ပြေလောက်ပေမယ့် ဟိုင်းဝေးအတွက်ဆိုရင်တော့ ဒါစနစ် လောက်နဲ့ မလုံလောက်တော့ပါဘူး။ ဒီထက်ပိုတဲ့ Safety စနစ်သုံးကားတွေကို ရွေးချယ်သင့်တယ်။နောက်တစ်ခုကတော့ အခြား incentives တွေဖြစ်တဲ့ ရန်ကုန်လိုင်စင်တို့၊အရစ်ကျဝယ်ရင် အတိုးနှုန်းလျှော့ပေးတာတို့၊ After sale service ပိုင်းစတာတွေပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Compare လုပ်ကြည့်ရမယ့်အချက်တွေရှိလာပါတယ်။ ဒီလိုလုပ်ရာမှာ အမှတ်တံဆိပ်မတူတဲ့ ကားသစ်အချင်းချင်းလည်းပါသ လို ကားဟောင်းတွေလည်း ပါပါသေးတယ်။ နောက် ထပ် တစ်ခုက တော့ ကိုယ်ဝယ်ထားတဲ့ကားသစ်ကို အခြားနဲ့လဲလှယ်ချင်လို့ Trade in လုပ်လို့ရနိုင်သလားဆိုတဲ့အချက်ပါ။ဒီအချက်က တော့ ဒီမှာအရမ်းမတွင်ကျယ်သေးပါဘူး။
ဈေးနှုန်းပိုင်းနှိုင်းယှဉ်ခြင်း
ကျွန်တော်တို့က Brand New ဘက်သွားမှာဆိုတော့ ကားသစ်တွေကိုပဲဇောင်းပေးမှာဖြစ်ပြီး ကားဟောင်းတွေ ကတော့ အပေါ်ယံလောက်ပဲပါမှာဖြစ်ပါတယ်။ ကဲ… ပထမဆုံးကားသစ်လူစီးတွေထဲက သိန်း၂၀၀ နဲ့၃၀၀ ကြားကားတွေ ကိုကြည့် ရအောင်ပါနော်။ အခုပြောမှာက ကားရဲ့ရောင်းဈေးတစ်ခုတည်းသာဖြစ်ပြီး ဝင်ငွေခွန်နဲ့ အခြားကုန်ကျစရိတ်တွေမပါပါဘူး။ ဒီကဏ္ဍကသိပ်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ လူလတ်တန်းစား အများစုတတ်နိုင်ပြီး စိတ်ဝင်စားကြတဲ့ ဈေးတန်းမို့ လို့ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်လိုင်စင်ရနေတဲ့ SKD တွေထဲက Suzuki Swift, Ciaz, Ertiga ရှိမယ်။ နောက်ပြီး Nissan Sunny ရယ်။ Lifan X50, X60 တွေပါမယ်။ SKD မဖြစ်တဲ့ထဲမှာဆိုရင် Hyundai Grand i10,Mitsubishi Mirage နဲ့ Attrage တို့ရှိတယ်။ Toyota ထဲကဆိုရင် Vios ရှိတယ်။ DFM S 370 ရှိမယ်။ ဈေးကွက်ထဲမှာ သူတို့ရဲ့ဈေးနဲ့ နီးစပ်တဲ့ ကားဟောင်းတွေက ကျော်ကြားတဲ့ Honda Fit GK3 (2013-YGN), Honda Fit Shuttle (2011-YGN), Honda Civic (2011-YGN),Toyota Belta(2012 -YGN), Toyota Corolla Fielder(2010 -YGN), Toyota Kluger(2001-YGN), Toyota Wish (2004-YGN), Toyota Vitz (2014-YGN), Toyota Mark II (2004-YGN), Toyota Crown Royal Saloon ( 2003 –YGN) , Toyota Mark X (2005 –YGN) , Nissan JUKE (2011 – YGN), Nissan Latio (2014 –YGN) တို့လိုကားတွေနဲ့ယှဉ်လို့ရတယ်။ အချို့၂၀၁၀ မော်ဒယ်နဲ့အထက် ကားဟောင်း တွေဆိုရင် အသစ်နီးပါးလောက်ကို ကောင်းတာတွေရှိတယ်။ ဂျပန်ပြည်တွင်းသုံးဆိုတော့ ကီလိုလည်းသိပ် မရှိသေးဘူး။နည်းပညာပိုင်းလည်း ကောင်းတယ်။ ဇိမ်ခံထဲကဆို Mark II , Crown, Mark X တွေလည်းရှိတယ်။ ဒါတွေကတော့ မော်ဒယ် အရမ်းဟောင်းတွေပဲရမှာမို့ စဉ်းစားစရာတော့ဖြစ်သွားပါပြီ။ သိန်း၂၀၀ နဲ့ ၃၀၀ ကြားလက်ရှိအဟောင်းဈေးကွက်ရဲ့ အဟော့ဆုံး Honda Fit GK 3 ဆို TV,Back Camera,Steering Volume Control, Digital A/C တွေ၊ smart key , ရှေ့နောက် fog light မီးပါစတာ တွေပါမယ်။ 1.3L Atkinson cycle DOHC i-VTEC engine and CVT transmission တွဲထားတယ်။ဒါကြောင့် အထွက် တွေမှာ သိပ်ပြီးစွမ်းဆောင်ရည်ကောင်းတယ်။ ပြီးတော့ Honda ရဲ့ all-new “Global Small Car Platform” ကိုအခြေခံ တည်ဆောက်ထားလို့ အရင်မော်ဒယ်တွေထက် ပိုပြီးကြံ့ခိုင်မှုအားကောင်းလာတယ်။ အတွင်းခန်းပိုကျယ်လာတယ်။ ဒီဇိုင်း ပုံစံကလည်း တော်တော်လေးကို ဆွဲဆောင်မှုရှိလာတယ်။ သူ့ကို Hatchback ဖြစ်တဲ့ Suzuki Swift နဲ့ယှဉ်ရင် Automatic air-con system, push-start, key-less entry,3.5 inches LCD,Cruise control, 16 inches alloy wheel,1.2L engine တွေသုံးထားတဲ့ Suzuki Swift ကကောင်းကောင်းယှဉ်နိုင်တယ်။ ဒါပေမဲ့ GK 3 က အတွင်းခန်းပို ကျယ်တယ်။ ပိုမာတယ် (ဒါက ပြည် တွင်းရောက်နေတဲ့ ဂျပန်အဟောင်း Swift တွေကိုကြည့်ပြောတာပါ)။ ပါဖောင့်မန့်ပို ကောင်းတယ်။ ဒါပေမဲ့လည်း Suzuki Swift က ၀ ကီလိုရမယ်၊ Warranty ရှိတယ်။ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်မယ်။ ပြီးတော့ နှစ်ရှည် အရစ်ကျစနစ်နဲ့လည်းဝယ်နိုင်တယ်။ ဈေးကလည်း ပိုသက်သာမယ်။ ဒါကြောင့် Swift က Hatchback အဟောင်းလောကရဲ့ဆရာတစ်ဆူဖြစ်တဲ့ Honda Fit ကိုကောင်းကောင်းကြီးယှဉ်နိုင်ပါတယ်။ ပြီးတော့ ဈေး ကွက်ထဲလည်း ပိုနေရာရလာပါပြီ။ နောက်တစ်ခုနှိုင်းယှဉ်ပြချင်တာကတော့ အသစ်ဆီဒင်တွေထဲမှာ နာ မည်ကြီးတဲ့ Ciaz နဲ့အဟောင်း လောကက Belta တို့အကြားနှိုင်းယှဉ်မှုပါ။ Ciaz က Sport ဆန်တဲ့ ရုပ်ထွက်မျိုး ဖန်တီးထားပြီး အိမ်စီး မော်ဒယ် တစ်ခုအတွက် လက်ခံနှစ်သက်နိုင်လောက်တဲ့ ရုပ်ထွက်နဲ့ အချိုးအဆစ် ကိုတွေ့ရပါတယ်။ ဒီဇိုင်းပိုင်းရိုးရှင်းမှုကို အခြေခံထားပြီး မြေပြင်ကင်းလွတ်ပမာဏကလည်း ဆီဒင်တွေထဲမှာ ထူးထူးခြားခြားကောင်းမွန်သလို အသစ်တွေထဲမှာတော့ ရောင်းအားအကောင်းဆုံးဆီဒင်တစ် စီးဖြစ်နေပါတယ်။ သူ့မှာ အတွင်းခန်း လေအေးပေးစနစ် ကပတ်လည်စနစ်၊ စပီကာ ၄လုံး၊ Navigation ပါချိတ်ဆက်နိုင်တဲ့ Audio Touch Screen စနစ်၊ Back Mirror မှာ နောက်ကြည့် ကင်မရာပါဝင်မှုတွေအပြင် 1.4L DOHC 16 Value with VVT ဓာတ်ဆီအင်ဂျင်သုံးဖြစ်ပြီး မြင်းကောင်ရေက 92hp @ 6000 rpm ထွက်ရှိကာ 4 Speed Auto Transmission နဲ့လာပါတယ်။ Belta မှာတော့ 1.3-liter engines ကို CVT automatic စနစ်သုံးထားသလို TV, Back Camera, ဒိုင်ခွက် နှစ်ခွက်, All Power Windows စနစ်တွေပါပါတယ်။ အတွင်းခန်း၊ ရုပ်ထွက်တွေကအစ Ciaz ကပိုကျယ်၊ ပိုလှတယ်။ Sporty ပုံစံ Modified လည်းလုပ်လို့ရပါတယ်။ ထပ်ပြီး Compare လုပ်ရရင်ပြောမကုန်နိုင်တော့ပါဘူး။
အထက်မှာဆိုခဲ့သလိုပါပဲ။ဂျပန်ကျတွေက Domestic သုံးတွေဆိုတော့ မာတယ်၊ စပါယ်ယာပတ်စ်တွေပေါ တယ်။ ရောင်းရဝယ်ရလွယ်တယ်။ ဒါပေမဲ့ အသစ်တွေလောက်တော့ နည်းပညာ Latest မဖြစ်သေးဘူး။ပြီးတော့ အာမခံလည်းမရှိပါဘူး။ အဟောင်းတွေမှာလည်း သူ့အားသာချက်နဲ့သူရှိနေသေးတော့ လူကြိုက်များနေတာ ပေါ့။ သို့ပေမဲ့လည်း အစိုးရရဲ့မူဝါဒကိုက အသစ်ဈေးကွက်ကို အဓိကဇောင်းပေးနေလေတော့ ကျွန်တော် တို့အနေနဲ့လည်း ကားသစ်တွေဘက်ပဲသွားကြရတော့မှာဖြစ်ပါတယ်။ ဒီလိုသွားတဲ့နေရာမှာလည်း ကိုယ့်နိုင်တဲ့ ငွေရယ်၊ ကိုယ့်အကြိုက်ရယ်ထပ်တူဖြစ်ပြီး အရွေးမမှားကြဖို့ပဲလိုပါတယ်။ ဒါကြောင့်ဒီ Article လေးက ကားသစ် ဝယ်မယ့် သူတွေကို တစ်စိတ်တစ်ဒေသတော့ ကူညီပေးနိုင်မယ်ထင်ပါတယ်။





Zawgyi Version…
Brand New ကားသစ္တစ္စီးဝယ္မယ္ဆုိရင္…
လက္ရွိေမာ္ေတာ္ကားေပၚလစီအရ ကားသစ္ေစ်းကြက္ကုိ သြားေနတာဆုိေတာ့ Brand New ကားေတြက ႏွစ္ေပါင္းမ်ား စြာေပၚျပဴလာျဖစ္လာတဲ့ Used ေတြကုိရင္ေဘာင္တန္းႏိုင္ဖုိ႔ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ ခ်ီတက္လာေနပါျပီ။ ကားသစ္ ေတြက ေပၚျပဴလာျဖစ္ေစတဲ့ အဓိကအခ်က္က ေနာက္ဆုံးေပၚေမာ္ဒယ္ျဖစ္ျခင္း၊ After sale service နဲ႔ပတ္သက္လုိ႔ တာဝန္ယူေပးျခင္းနဲ႔ ႏွစ္ရွည္အရစ္က်စနစ္ဝယ္ယူႏိုင္ျခင္းက ကားေဟာင္း အရစ္က်စနစ္ထက္ ပုိျပီးအဆင္ေျပေစတဲ့အ တြက္ ကားဝယ္မယ့္သူေတြရဲ႕အာရုံကလည္း ကားသစ္ေတြဘက္ဦးလွည့္လာၾကပါတယ္။ ဒီေတာ့ … Brand New ကား သစ္တစ္စီးဝယ္မယ္ဆုိရင္ ဘယ္ကားေတြက ပုိသင့္ေတာ္မယ္၊ ကို္ယ့္ရည္မွန္းထားတဲ့ Budget နဲ႔ကုိက္ညီရဲ႕လား၊ ဘယ္အ ခ်က္ေတြေၾကာင့္ ေရြးခ်ယ္သင့္သလဲ၊ ဘာလုိအားသာခ်က္၊အားနည္းခ်က္ေတြရွိသလဲ စတာေတြကုိ သုံးသပ္ေဖာ္ျပသြားပါ့ မယ္။
ကားသစ္နဲ႔ကားေဟာင္းေစ်းကြက္
ျမန္မာႏိုင္ငံက ႏွစ္ေပါင္းမ်ားစြာ ကားေဟာင္းေစ်းကြက္ေပၚမွာပဲမွီခုိခဲ့ရပါတယ္။ အဓိကကေတာ့ ေစ်းသက္သာတယ္၊ အပုိပစၥည္းေပါတယ္၊ ျပဳျပင္ထိန္းသိမ္းဖုိ႔အတြက္ တစ္ဦးတစ္ေယာက္အေပၚမွီခုိစရာမလုိဘူး။ ဆုိလုိတာက Brand New တစ္စီးဝယ္ရင္ After sale service အရအာမခံပါတယ္။ဒီေတာ့ ဝယ္သူက အျခား Service ကုိသြားျပလုိ႔ရွိရင္အာမခံပ်က္ သြားမယ္။ ဒီေတာ့ ေရြးခ်ယ္စရာမရွိဘူး။ဒါကုိဆုိလုိတာပါ။ Used က်ေတာ့ နဂုိကတည္းက After sale service အာမခံပါ လာတာမဟုတ္ဘူး။ ဒါေၾကာင့္ User ကကုိယ္အဆင္ေျပတဲ့ Service ကုိေရြးခ်ယ္ႏိုင္တယ္။ ဒါေၾကာင့္ ျပင္ဆင္ရလြယ္ျပီး အပုိပစၥည္းေပါတဲ့ ဂ်ပန္က်ေတြက ဒီမွာအခုထိလူတုိင္းကုိဆဲြေဆာင္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ပန္ေလလံကားေတြက Domestic သုံးေတြဆုိေတာ့ သူ႕ေမာ္ဒယ္ Grade အလုိက္အရည္အေသြးမီတယ္။ ဒါေၾကာင့္ ျမန္မာျပည္သူအမ်ားစု အတြက္ အခုထိအဆင္ေျပေနတာျဖစ္ပါတယ္။ ဒါေပသိ ဝိသမေလာဘသားေတြေၾကာင့္ အာမခံမပါတဲ့ ကားေဟာင္းေတြက ကီလုိအမွန္မျဖစ္တာေတြ၊ ဒီကားရဲ႕ေနာက္ေၾကာင္းရာဇဝင္နဲ႔ ပတ္သက္လုိ႔ အတိအက်မသိရတာေတြ၊ျပီးေတာ့ လုိင္စင္ မဲ့ျဖစ္တာေတြ၊ေဖာက္စြပ္ေတြလားဆုိတဲ့ စုိးရိမ္ေတြရွိေနလုိ႔ ဝယ္ရတာေတာင္ပူပန္ေနရတဲ့ စိတ္ဒုကၡကရွိေနဆဲျဖစ္ပါတယ္။ ကားေတြအေၾကာင္း လုံးေစ့ပတ္ေစ့သိမွကားဝယ္ရမယ္ဆုိတာကေတာ့ အဆင္မေျပပါဘူး။ ၾကားထဲက ေအးဂ်င့္၊ ပဲြစား အားကုိးရတာက ဘယ္ေလာက္အထိ အာမခံခ်က္ရွိသလဲ။ ဒီလုိအခ်က္ေတြမွာက်ေတာ့ ကားသစ္ေတြကအဆင္ေျပတယ္။ ကားဝယ္ၿပီး ယာဥ္မွန္/မမွန္စစ္ေဆးဖို႔၊အရႈပ္အရွင္းေတြကင္းဖို႔စတဲ့စိုးရိမ္ပူပန္စရာမ်ိဳးေတြ မလိုအပ္တဲ့အျပင္ First Owner လည္းျဖစ္ခြင့္ရမယ္။ အဓိကအခ်က္က လူအမ်ားစုက အရစ္က်စနစ္ကုိ ပုိၾကိဳက္ၾကတယ္။အဲလုိအရစ္က်မွာလည္း ႏွစ္ရွည္ေလၾကိဳက္ေလပဲ။ ေငြတစ္လုံး၊တစ္ခဲမရွိသူေတြ၊မေပးခ်င္သူေတြအတြက္ ႏိုင္ငံတကာမွာလုိပဲ အရစ္က်စနစ္က ပုိျပီးအဆင္ေျပလာတယ္။ ဒီအခါမွာ တစ္ခုသတိထားဖုိ႔လုိတာက ဘဏ္ရဲ႕အတုိးႏွဳန္း၊အျခားဝန္ေဆာင္ခေတြ၊ လုပ္ငန္း အဆင့္ဆင့္ ေဆာင္ရြက္မွဳပုံစံေတြပါပဲ။ ဆုိလုိတာက ကုိယ့္လက္ထဲကားဝယ္ႏိုင္ေလာက္တဲ့ ေငြပမာဏရယ္၊လစဥ္ေပးသြင္း ရမယ့္ ေငြရယ္ရွိလာျပီဆုိတာနဲ႔ ဝယ္ဖုိ႔မစဥ္းစားနဲ႔ပါဘူး။ ကုိယ့္ေခ်းေငြအတြက္ ေပးရမယ့္အတုိးကုိလည္း တြက္ခ်က္ ဖုိ႔လုိပါတယ္။ မတြက္တတ္ရင္ Car Showroom ကအေရာင္းေတြကုိတြက္ခိုင္းႏိုင္ပါတယ္။ ဒါေတြကုိသိရွိျပီး ကုိယ္ ေက်နပ္တဲ့ အတုိင္း အတာဆုိရင္ ကားသစ္ဝယ္ဖုိ႔ စတင္လွဳပ္ရွားလုိ႔ရပါျပီ။
စစ္မွန္တဲ့ ကားသစ္ဝယ္ယူနည္း
ကားဝယ္မယ့္သူတစ္ဦးအေနနဲ႔ ကားသစ္ဝယ္မယ္ဆုိရင္ ဘယ္အခ်က္ကုိအဓိကထားၾကည့္မလဲ။ အမ်ားစုကေတာ့ ကားတန္ဖုိးကုိပဲအဓိကထားပါလိ္မ့္မယ္။ ကားတန္ဖုိးနဲ႔အတူ ဝင္ေငြခြန္မေဆာင္ထားရင္ေပးရမယ့္ဝင္ေငြ ခြန္တန္ဖုိးေတြကုိ လည္း သိထားသင့္ပါတယ္။ ျပီးရင္ ကားရဲ႕အမွတ္တံဆိပ္… အမွတ္တံဆိပ္ဆုိတဲ့အထဲမွာ Reliable ျဖစ္မွဳ၊ Trust ျဖစ္မွဳ စတာေတြပါဝင္လာမွာျဖစ္ပါတယ္။ျပီးရင္ ကုိယ္နဲ႕ကုိက္ညီမွဳရွိရမယ္။ ဆုိတာက ကုိယ္က ျမိဳ႕တြင္းမွာပဲအဓိက သုံးဖုိ႔ရွိ တယ္။ နယ္ေဝးအတြက္မရည္ရြယ္ဘူး။ဒါဆုိရင္ အင္ဂ်င္ေသးတဲ့ ျမိဳ႕တြင္းသုံးကားကုိသာေရြးခ်ယ္သင့္တယ္။ ဒါမွ တန္ဖုိး သက္သာမွာျဖစ္သလုိ ဆီစားလည္းသက္သာမယ္။ ဒီလုိၾကည့္ရာမွာ ဒီကားရဲ႕အင္ဂ်င္ပါဝါ၊ပွ်မ္းမွ်ဆီစားႏွဳန္း၊ ကုိယ့္အတြက္ အဆင္ေျပေစမယ့္ေမာင္းႏွင္မွဳ(ဆုိတာကေတာ့ ဘက္ကင္မရာ၊ဆင္ဆာ၊Driver အေထာက္အကူျပဳစနစ္နဲ႔ ေခတ္မီ Info စနစ္စတာေတြ) ။ ေနာက္တစ္ခုက Warranty ပါ။ဒါနဲ႔ပတ္သက္လုိ႔ ကို္ယ္ဝယ္ခ်င္တဲ့ ကားသစ္ကုိ အရင္ဝယ္ထားသူေတြရဲ႕ Feedback ေတြကုိေလ့လာၾကည့္သင့္တယ္။ ဒါမွ After sale service ပုိင္းကုိကြဲကြဲျပားျပားသိရွိႏိုင္မယ္။ အပုိပစၥည္း ေပါရဲ႕လား၊ ေစ်းေရာသင့္ရဲ႕လား၊ အာမခံမွဳဘယ္ေလာက္ရွိသလဲ၊ ျပဳျပင္ထိန္းသိမ္းမွဳမွာ ျမန္ဆန္ေသခ်ာရဲ႕လား စတာ ေတြကုိ သိရပါမယ္။ ကားသစ္ဝယ္ရင္ After sale service ကအရမ္းအေရးၾကီးပါတယ္။ ဒီစနစ္ေၾကာင့္ User စိတ္ညစ္ရတာေတြအမ်ားၾကီးပါပဲ။ ဒါေၾကာင့္ ဒီစနစ္က သိပ္အေရးပါပါတယ္။ ေနာက္ျပီး ကားမဝယ္ခင္မွာအရင္ဆုံး Test Drive လုပ္ကုိလုပ္ရပါမယ္။ ဘယ္ေလာက္ေကာင္းတဲ့ကားပင္ျဖစ္ေစ၊ ကိုယ့္စိတ္၊ပုံစံနဲ႔ အဆင္မေျပတာေတြၾကဳံ ေတြ႕ရ ႏိုင္ပါတယ္။ ဒီလုိလုပ္ရင္းနဲ႔ ကားမွာပါတဲ့ Feature ေတြကုိလက္ေတြ႕စမ္းႏိုင္မယ္။ ေအာ္တုိစနစ္ေတြက ထိန္းခ်ဳပ္ ရတာအ ဆင္ေျပရဲ႕လား။ အတြင္းခန္းအက်ယ္အဝန္း၊ထုိင္ခုံအေနအထား၊စီးနင္းေမာင္းႏွင္ရမွဳ၊ Visibility (ကားျမင္ ကြင္းေတြ ေကာင္းသလား၊တစ္စီးလုံးကုိ အတြင္းကေနၾကည့္ရတာအဆင္ေျပရဲ႕လားစသည္)၊ ေနာက္ျပီး Paddle ေတြက User အတြက္အဆင္ေျပရဲ႕လား၊ ကားထဲက Control Button ေတြက ေနရာက်ရဲ႕လားစတာေတြကုိပါ စစ္ေဆးႏိုင္သလုိ စစ္လည္းစစ္ေဆးႏုိင္ပါတယ္။ ေနာက္တစ္ခုက Safety စနစ္ျဖစ္ပါတယ္။ ကုိယ္ေရြးခ်ယ္တဲ့ကားက Budget ျမိဳ႕တြင္းသုံးမုိ႔ ေလအိတ္ ၂ လုံးေလာက္၊ ABS ေလာက္ပဲပါတာက အဆင္ေျပေလာက္ေပမယ့္ ဟုိင္းေဝးအတြက္ဆုိရင္ေတာ့ ဒါစနစ္ ေလာက္နဲ႔ မလုံေလာက္ေတာ့ပါဘူး။ ဒီထက္ပုိတဲ့ Safety စနစ္သုံးကားေတြကုိ ေရြးခ်ယ္သင့္တယ္။ေနာက္တစ္ခုကေတာ့ အျခား incentives ေတြျဖစ္တဲ့ ရန္ကုန္လုိင္စင္တုိ႔၊အရစ္က်ဝယ္ရင္ အတုိးႏွဳန္းေလွ်ာ့ေပးတာတုိ႔၊ After sale service ပုိင္းစတာေတြပဲျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ Compare လုပ္ၾကည့္ရမယ့္အခ်က္ေတြရွိလာပါတယ္။ ဒီလုိလုပ္ရာမွာ အမွတ္တံဆိပ္မတူတဲ့ ကားသစ္အခ်င္းခ်င္းလည္းပါသ လုိ ကားေဟာင္းေတြလည္း ပါပါေသးတယ္။ ေနာက္ ထပ္ တစ္ခုက ေတာ့ ကုိယ္ဝယ္ထားတဲ့ကားသစ္ကုိ အျခားနဲ႕လဲလွယ္ခ်င္လုိ႔ Trade in လုပ္လုိ႔ရႏိုင္သလားဆုိတဲ့အခ်က္ပါ။ဒီအခ်က္က ေတာ့ ဒီမွာအရမ္းမတြင္က်ယ္ေသးပါဘူး။
ေစ်းႏွဳန္းပုိင္းႏွဳိင္းယွဥ္ျခင္း
ကြ်န္ေတာ္တုိ႔က Brand New ဘက္သြားမွာဆုိေတာ့ ကားသစ္ေတြကုိပဲေဇာင္းေပးမွာျဖစ္ျပီး ကားေဟာင္းေတြ ကေတာ့ အေပၚယံေလာက္ပဲပါမွာျဖစ္ပါတယ္။ ကဲ… ပထမဆုံးကားသစ္လူစီးေတြထဲက သိန္း၂၀၀ နဲ႕၃၀၀ ၾကားကားေတြ ကုိၾကည့္ ရေအာင္ပါေနာ္။ အခုေျပာမွာက ကားရဲ႕ေရာင္းေစ်းတစ္ခုတည္းသာျဖစ္ျပီး ဝင္ေငြခြန္နဲ႔ အျခားကုန္က်စရိတ္ေတြမပါပါဘူး။ ဒီက႑ကသိပ္အေရးၾကီးပါတယ္။ဘာလုိ႔လဲဆုိေတာ့ လူလတ္တန္းစား အမ်ားစုတတ္ႏိုင္ျပီး စိတ္ဝင္စားၾကတဲ့ ေစ်းတန္းမုိ႔ လုိ႔ျဖစ္ပါတယ္။ လက္ရွိမွာ ရန္ကုန္လုိင္စင္ရေနတဲ့ SKD ေတြထဲက Suzuki Swift, Ciaz, Ertiga ရွိမယ္။ ေနာက္ျပီး Nissan Sunny ရယ္။ Lifan X50, X60 ေတြပါမယ္။ SKD မျဖစ္တဲ့ထဲမွာဆုိရင္ Hyundai Grand i10,Mitsubishi Mirage နဲ႔ Attrage တုိ႔ရွိတယ္။ Toyota ထဲကဆုိရင္ Vios ရွိတယ္။ DFM S 370 ရွိမယ္။ ေစ်းကြက္ထဲမွာ သူတုိ႔ရဲ႕ေစ်းနဲ႕ နီးစပ္တဲ့ ကားေဟာင္းေတြက ေက်ာ္ၾကားတဲ့ Honda Fit GK3 (2013-YGN), Honda Fit Shuttle (2011-YGN), Honda Civic (2011-YGN),Toyota Belta(2012 -YGN), Toyota Corolla Fielder(2010 -YGN), Toyota Kluger(2001-YGN), Toyota Wish (2004-YGN), Toyota Vitz (2014-YGN), Toyota Mark II (2004-YGN), Toyota Crown Royal Saloon ( 2003 –YGN) , Toyota Mark X (2005 –YGN) , Nissan JUKE (2011 – YGN), Nissan Latio (2014 –YGN) တုိ႕လုိကားေတြနဲ႕ယွဥ္လုိ႔ရတယ္။ အခ်ိဳ႕၂၀၁၀ ေမာ္ဒယ္နဲ႔အထက္ ကားေဟာင္း ေတြဆုိရင္ အသစ္နီးပါးေလာက္ကုိ ေကာင္းတာေတြရွိတယ္။ ဂ်ပန္ျပည္တြင္းသုံးဆုိေတာ့ ကီလုိလည္းသိပ္ မရွိေသးဘူး။နည္းပညာပုိင္းလည္း ေကာင္းတယ္။ ဇိမ္ခံထဲကဆုိ Mark II , Crown, Mark X ေတြလည္းရွိတယ္။ ဒါေတြကေတာ့ ေမာ္ဒယ္ အရမ္းေဟာင္းေတြပဲရမွာမုိ႔ စဥ္းစားစရာေတာ့ျဖစ္သြားပါျပီ။ သိန္း၂၀၀ နဲ႔ ၃၀၀ ၾကားလက္ရွိအေဟာင္းေစ်းကြက္ရဲ႕ အေဟာ့ဆုံး Honda Fit GK 3 ဆုိ TV,Back Camera,Steering Volume Control, Digital A/C ေတြ၊ smart key , ေရွ႕ေနာက္ fog light မီးပါစတာ ေတြပါမယ္။ 1.3L Atkinson cycle DOHC i-VTEC engine and CVT transmission တဲြထားတယ္။ဒါေၾကာင့္ အထြက္ ေတြမွာ သိပ္ျပီးစြမ္းေဆာင္ရည္ေကာင္းတယ္။ ျပီးေတာ့ Honda ရဲ႕ all-new “Global Small Car Platform” ကုိအေျခခံ တည္ေဆာက္ထားလုိ႔ အရင္ေမာ္ဒယ္ေတြထက္ ပုိျပီးၾက့ံခုိင္မွဳအားေကာင္းလာတယ္။ အတြင္းခန္းပုိက်ယ္လာတယ္။ ဒီဇုိင္း ပုံစံကလည္း ေတာ္ေတာ္ေလးကုိ ဆဲြေဆာင္မွဳရွိလာတယ္။ သူ႕ကုိ Hatchback ျဖစ္တဲ့ Suzuki Swift နဲ႔ယွဥ္ရင္ Automatic air-con system, push-start, key-less entry,3.5 inches LCD,Cruise control, 16 inches alloy wheel,1.2L engine ေတြသုံးထားတဲ့ Suzuki Swift ကေကာင္းေကာင္းယွဥ္ႏိုင္တယ္။ ဒါေပမဲ့ GK 3 က အတြင္းခန္းပုိ က်ယ္တယ္။ ပုိမာတယ္ (ဒါက ျပည္ တြင္းေရာက္ေနတဲ့ ဂ်ပန္အေဟာင္း Swift ေတြကုိၾကည့္ေျပာတာပါ)။ ပါေဖာင့္မန္႔ပုိ ေကာင္းတယ္။ ဒါေပမဲ့လည္း Suzuki Swift က ၀ ကီလုိရမယ္၊ Warranty ရွိတယ္။ ေနာက္ဆုံးေပၚေမာ္ဒယ္ျဖစ္မယ္။ ျပီးေတာ့ ႏွစ္ရွည္ အရစ္က်စနစ္နဲ႕လည္းဝယ္ႏိုင္တယ္။ ေစ်းကလည္း ပုိသက္သာမယ္။ ဒါေၾကာင့္ Swift က Hatchback အေဟာင္းေလာကရဲ႕ဆရာတစ္ဆူျဖစ္တဲ့ Honda Fit ကုိေကာင္းေကာင္းၾကီးယွဥ္ႏိုင္ပါတယ္။ ျပီးေတာ့ ေစ်း ကြက္ထဲလည္း ပုိေနရာရလာပါျပီ။ ေနာက္တစ္ခုႏွိဳင္းယွဥ္ျပခ်င္တာကေတာ့ အသစ္ဆီဒင္ေတြထဲမွာ နာ မည္ၾကီးတဲ့ Ciaz နဲ႕အေဟာင္း ေလာကက Belta တုိ႔အၾကားႏွိဳင္းယွဥ္မွဳပါ။ Ciaz က Sport ဆန္တဲ့ ရုပ္ထြက္မ်ိဳး ဖန္တီးထားျပီး အိမ္စီး ေမာ္ဒယ္ တစ္ခုအတြက္ လက္ခံႏွစ္သက္ႏုိင္ေလာက္တဲ့ ရုပ္ထြက္နဲ႔ အခ်ိဳးအဆစ္ ကိုေတြ႔ရပါတယ္။ ဒီဇုိင္းပို္င္းရုိးရွင္းမွဳကုိ အေျခခံထားျပီး ေျမျပင္ကင္းလြတ္ပမာဏကလည္း ဆီဒင္ေတြထဲမွာ ထူးထူးျခားျခားေကာင္းမြန္သလုိ အသစ္ေတြထဲမွာေတာ့ ေရာင္းအားအေကာင္းဆုံးဆီဒင္တစ္ စီးျဖစ္ေနပါတယ္။ သူ႕မွာ အတြင္းခန္း ေလေအးေပးစနစ္ ကပတ္လည္စနစ္၊ စပီကာ ၄လုံး၊ Navigation ပါခ်ိတ္ဆက္ႏုိင္တဲ့ Audio Touch Screen စနစ္၊ Back Mirror မွာ ေနာက္ၾကည့္ ကင္မရာပါဝင္မွဳေတြအျပင္ 1.4L DOHC 16 Value with VVT ဓာတ္ဆီအင္ဂ်င္သုံးျဖစ္ျပီး ျမင္းေကာင္ေရက 92hp @ 6000 rpm ထြက္ရွိကာ 4 Speed Auto Transmission နဲ႕လာပါတယ္။ Belta မွာေတာ့ 1.3-liter engines ကုိ CVT automatic စနစ္သုံးထားသလုိ TV, Back Camera, ဒိုင္ခြက္ ႏွစ္ခြက္, All Power Windows စနစ္ေတြပါပါတယ္။ အတြင္းခန္း၊ ရုပ္ထြက္ေတြကအစ Ciaz ကပုိက်ယ္၊ ပုိလွတယ္။ Sporty ပုံစံ Modified လည္းလုပ္လုိ႔ရပါတယ္။ ထပ္ျပီး Compare လုပ္ရရင္ေျပာမကုန္ႏိုင္ေတာ့ပါဘူး။
အထက္မွာဆုိခဲ့သလုိပါပဲ။ဂ်ပန္က်ေတြက Domestic သုံးေတြဆုိေတာ့ မာတယ္၊ စပါယ္ယာပတ္စ္ေတြေပါ တယ္။ ေရာင္းရဝယ္ရလြယ္တယ္။ ဒါေပမဲ့ အသစ္ေတြေလာက္ေတာ့ နည္းပညာ Latest မျဖစ္ေသးဘူး။ျပီးေတာ့ အာမခံလည္းမရွိပါဘူး။ အေဟာင္းေတြမွာလည္း သူ႕အားသာခ်က္နဲ႔သူရွိေနေသးေတာ့ လူၾကိဳက္မ်ားေနတာ ေပါ့။ သုိ႔ေပမဲ့လည္း အစိုးရရဲ႕မူဝါဒကုိက အသစ္ေစ်းကြက္ကုိ အဓိကေဇာင္းေပးေနေလေတာ့ ကြ်န္ေတာ္ တုိ႔အေနနဲ႔လည္း ကားသစ္ေတြဘက္ပဲသြားၾကရေတာ့မွာျဖစ္ပါတယ္။ ဒီလုိသြားတဲ့ေနရာမွာလည္း ကုိယ့္ႏိုင္တဲ့ ေငြရယ္၊ ကုိယ့္အၾကိဳက္ရယ္ထပ္တူျဖစ္ျပီး အေရြးမမွားၾကဖုိ႔ပဲလုိပါတယ္။ ဒါေၾကာင့္ဒီ Article ေလးက ကားသစ္ ဝယ္မယ့္ သူေတြကုိ တစ္စိတ္တစ္ေဒသေတာ့ ကူညီေပးႏိုင္မယ္ထင္ပါတယ္။
