Zawgyi version…
လျှင်မြန်မှု
တစ်ပြိုင်နက်လုပ်ပါ။
Unicode version..
ကားတစ်စီးကို ဘယ်လိုမြန်မြန်မောင်းရမလဲ
လူတိုင်းက မြန်ဆန်တဲ့ကားကိုလိုချင်ကြတယ်။ တစ်ချို့ကပဲ ကားကိုဘယ်လိုမြန်အောင် မောင်းရမလဲဆိုတာကို စိတ်င်စားကြပါတယ်။ ခင်ဗျားရဲ့ကားက Lamborghini ဖြစ်ဖြစ် Toyota Belter ဖြစ်ဖြစ် မြန်နှုန်းကို ထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အောက်မှာတော့ ကားတစ်စီးကို ဘယ်လိုမြန်မြန်မောင်းရမလဲဆိုတာကို အသေးစိတ် အကြံပေးမှာဖြစ်ပါတယ်။
ခင်ဗျားရဲ့ ဦးတည်ချက်ကို သေချာအာရုံစိုက်လိုက်မယ်ဆိုရင် လက်နဲ့ခြေထောက်က ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲဆိုတာ အလိုအလျောက်သိသွားပါလိမ့်မယ်။
လျှင်မြန်မှု
လက်ရှိအချိန်မှာ အရမ်းမြန်တဲ့ ကားတွေမှာ အကောင်းစား မြင်းကောင်ရေတွေနဲ့ ကွန်ပျူတာထိန်း ဘရိတ်စနစ်တွေပါနေတဲ့အတွက် ကားမောင်းသူတွေအနေနဲ့ မောင်းတဲ့အချိန်မှာ ဝေါ့ရှော့ဆရာလောက် သိထားရမယ်ဆိုတဲ့အချက်ကို အားမပေးချင်ပါဘူး။ ဗဟုသုတအနည်းငယ်က အန္တရာယ်လည်းဖြစ်စေနိုင်တယ်ဆိုပေမယ့် တစ်ခါတလေတော့ အသက်ကယ်ဆေးဖြစ်နိုင်ပါတယ်။mclaren_p1-lead-photo-2nd-option
မြန်နှုန်းက ခင်ဗျားရဲ့ အခြေအနေပေါ်မှာမူတည်ပါတယ်။ အခုအကြံပေးချက်တွေက ဖြောင့်ဖြူးတဲ့ ဟိုက်ဝေးလမ်းပေါ်မှာ 160km/hr (သို့မဟုတ်) လမ်းကြမ်းမှာ 80km/hr (သို့) မြို့တွင်း အလည်အပတ်သဘောမျိုးတွေကို မူတည်ပြီး ရေးသားထားတာဖြစ်ပါတယ်။ အဓိကကတော့ အာရုံစူးစိုက်မှု၊ ထိန်းချုပ်နိုင်မှုနဲ့ ကားနဲ့ကိုယ့်ရဲ့ကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။
ခင်ဗျားရဲ့ မျက်လုံးက ခင်ဗျားအလိုချင်ဆုံးနဲ့ အကြောက်ဆုံးအရာတွေကို ရှာဖွေပေးပါတယ်။ ပြီးတော့ ခင်ဗျားကိုယ်တိုင်ကလည်း စိတ်မပါရင်တော့ မျက်လုံးရဲ့ ဦးဆောင်ရာကို သွားပါတယ်။
လုံးရှေ့မှာ လှပတဲ့ ကောင်မလေးပဲရှိရှိ သစ်ပင်ပဲရှိရှိ အရှိန်ပြင်းပြင်းနဲ့သာ မောင်းလာရင် ကျိန်းသေဝင်တိုက်မှာပါပဲ။ ဒါကြောင့် ကိုယ်သွားချင်တဲ့နေရာကို သေချာကြည့်ထားဖို့ အရေးကြီးပါတယ်။
အမြဲတမ်းလိုလို ကိုယ့်ကားကို ကိုယ်သွားချင်နေရာဆီကိုသာမောင်းပါ။ ကိုယ်ကြောက်တဲ့နေရာကို မကြည့်ပါနဲ့။ အဝေး ပွိုင့်တွေကို ကြိုကြည့်ထားပါတယ်။ ပြီးတော့ ထောင့်ချိုးတွေကိုလည်းသတိထားဖို့လိုပါတယ်။ ကားပဲမောင်းမောင်၊ စက်ဘီးပဲစီးစီး ကိုယ်နောက်ဆုံးသွားချင်တဲ့နေရာကို သေချာမှတ်ပြီးကြည့်မယ်ဆို ကိုယ့်ရဲ့ခန္ဒာကိုယ်က အလိုအလျောက်အလုပ်လုပ်သွားပါလိ်မ့်မယ်။
ကားပြိုင်ပွဲတွေကိုခင်ဗျားကြည့်မယ်ဆိုရင် တစ်ချို့အမြန်ဆုံး အပတ်ရေက ကိုယ့်မျက်လုံးထဲမှာ နှေးနေသလိုဖြစ်တတ်ပါတယ်။ ကားမောင်းသူက ကားကို သာသာယာယာပဲ ထိန်းချုပ်မောင်းနေပြီး ဘာမှ ထူးထူးထွေထွေ မလုပ်သလိုပါပဲ။
ခင်ဗျားအနေနဲ့လည်း ကားမောင်းတဲ့အခါမှာ သွေးအေးအေးနဲ့ သာသာယာယာမောင်းဖို့လိုပါတယ်။ ရုတ်တရက် ရပ်လိုက်၊ ကွေ့လိုက်တာမျိုး၊ ကားကို ဦးတည်ချက်ပြောင်းအောင်လုပ်လိုက်တာမျိုးတွေကို မလုပ်မိဖို့ သတိထားရပါမယ်။the-eyes-have-it-fernando-alonso
ကား ဦးတည်ချက်အပြောင်းအရွှေ့၊ ဘရိတ်နင်းတာ၊ လီဗာနင်းတာတွေကို ဖြေးဖြေးနဲ့မှန်မှန်ပဲလုပ်ပါ။ ခင်ဗျားရဲ့ ခန္ဒာကိုယ်က ဒီလိုမျိုး လှုပ်ရှားမှုမျိုးတွေရဖို့ အလေ့အကျင့်လုပ်ပေးပါ။ ဒီလိုဖြေးဖြေးမှန်မှန်လုပ်ပြီးမှ အရှိန်မြင့်သွားဖို့ လုပ်ဆောင်သွားနိုင်ပါတယ်။
စိတ်ကို သာသာယာယာထားပြီး ကားမောင်းနေတာကို စျန်ကြွနေသလို ခံစားထားပါ။ ဒီလိုဖြစ်နေမှသာ အရှိန်ပြင်းတဲ့ကားကို အလုံးစုံထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
တစ်ပြိုင်နက်လုပ်ပါ။
ကွေ့မယ်ဆိုရင် ဘရိတ်ကို ချက်ချင်းအုပ်ပါ။ ဒီလိုလုပ်ရင်း စတီရာတိုင်ကို လွတ်ရာဘက်ကို ချက်ချင်းရွှေ့ပြီး အကွေ့ကလွတ်တာနဲ့ အရှိန်ကိုလျှော့လိုက်ပါ။ သတိထားရမှာက ဒါတွေကို ချက်ချင်းလုပ်ရမှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်မှာတော့ ခင်ဗျားအတွက်ခက်ခဲနိုင်ပေမယ့် ဒါကို မလုပ်နိုင် ကားကို ဘယ်လိုမှ ထိန်းချုပ်မောင်းနှင်နိုင်မှာမဟုတ်ပါဘူး။
ဟန်ချက်ညီဖို့ကြိုးစားပါ။
ကားကိုအရှိန်ပြင်းပြင်းမောင်းနှင့်ရင် အရေးကြီးဆုံးက ကားကို ဟန်ချက်ညီအောင်ထားဖို့ပါပဲ။ ကားကို ခင်ဗျားအရှိန်ပြင်းအောင်တင်လိုက်မယ်ဆိုရင် အနည်းငယ်ရမ်းသွားနိုင်ပါတယ်။ ဘရိတ်အုပ်လိုက်ရင်လည်း ကားရဲ့ ၀ိတ်ကြောင့် အနည်းငယ်ရမ်းသွားနိုင်ပါတယ်။
အကယ်၍ ကွေ့မယ်ဆိုရင် ကိုယ့်ရဲ့ကားဘီး လေးဘီးစလုံး ဟန်ချက်ညီနိုင်သမျှညီဖို့ လုပ်ဆောင်ရပါမယ်။ ဒါက ကိုယ့်ကားရဲ့ စွမ်းဆောင်ရည်နဲ့ တည်ဆောက်ထားမှုအပေါ်တော့ မူတည်ပါတယ်။
အရှေ့အနောက်ဟန်ချက်ညီဖို့ကတော့ ကားကိုကွေ့ပြီဆိုတာနဲ့ အရှိန်ကို ထိန်းဖို့ပါ။ ရှိသမျှခြေထောက်တွေကို မလွှတ်လိုက်ပဲ အားလုံးအပေါ်ကို သာသာယာယာလေးတင်ထားဖို့လိုပါတယ်။
တည်တည်ငြိမ်ငြိမ်ထားပါ
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။ အားလုံးကို ကြောက်နေတာက ပျော်ဖို့မကောင်းဘူးလေ။ အကြောက်တရားတွေကို ဘေးဖယ်ပြီး ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်ဖို့လုပ်ပါ။ တရားလွန်ကြောက်နေမယ်ဆိုရင် ကိုယ့်ဦးနောက်က မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိပါလိမ့်မယ်။ မှန်ကန်တဲ့ဘက်မှာနေပါလို့ အကြံပေးချင်ပါတယ်။