Unicode vesion…

Drive ရဲ့ Issue တိုင်းမှာပါဝင်နေကြဖြစ်တဲ့ Maintenance ကဏ္ဍမှာတစ်ပတ်အတွက်ရွေးချယ်ထားတာကတော့ HTS Japan Car Service ဖြစ်ပါတယ်။ဒီ Car Service က Japan ကားတွေကို အဓိကပြုပြင် ပေးနေသလို ဂျပန်နဲ့ပူးပေါင်းထားတာမို့လို့ ဂျပန်နိုင်ငံ နံပါတ်(၁) အဆင့်ရဝါရင့် ဂျပန်အင်ဂျင်နီယာကိုယ်တိုင် ဦးစီးပြုပြင် ပေးနေပါတယ်။ နောက်ပြီး Hybrid ကားတွေလိုပြုပြင်ရခက်တဲ့ကားတွေအတွက်လည်း အကောင်းဆုံးဝန်ဆောင်မှုလေးတွေ ပေးနေလို့Drive ပရိသတ်တွေအတွက် sharing လုပ်ပေးလိုက်ပါရစေ။

မေး-လက်ရှိ အကိုတာဝန်ယူထားတဲ့ အပိုင်းနဲ့ဒီ service ကိုဘယ်တုန်းကစတင်တည်ထောင်ခဲ့တာပါလဲ။

ဖြေ-ကျွန်တော့်နာမည်က စိုင်းအောင်မြင့်ပါ။မန်နေဂျာတာဝန်ယူထားပါတယ်။ဒီ service ကို မြန်မာက PPA Companyနဲ့ ဂျပန်က HTR Company တို့ပူပေါင်းပြီးတော့ HTS Myanmar Co.,Ltd ဆိုပြီး ၂၀၁၆ မေ ၂၉ ကစပြီး ဖွင့်လှစ်ခဲ့တာဆိုတော့ ၁ နှစ်ကျော်ပါပြီ။

မေး-အကိုတို့ဆီကပေးတဲ့ service တွေကို ပြောပြပေးပါ။

ဖြေ-Service ပေးနေတာကတော့ ကားနဲ့ပတ်သက်သမျှအောက်ပိုင်း၊ဝါယာရိန်း၊အင်ဂျင်ကအစပေါ့ အခုနောက်ဆုံး Car Coating အထိရှိတယ်။မရတာဆိုလို့ဆေး၊ဘော်ဒီပိုင်းပဲရှိပါတယ်။ အတိအကျပြောရရင် Hybrid Treatment ,Car Computer, Wiring, 3D Alignment, Tire Changer, Transmission, Oil Change, Brake Fluid Exchange System, Power Steering, Engine Repair, Wheel Balancing, Car Coating စတဲ့ Service အပိုင်းတွေပဲဖြစ်ပါတယ်။

မေး- HTS Japan car service ဆိုတော့ ဂျပန်ကားတွေပဲသီးသန့် service ပေးတာလား။ဒါမှမဟုတ် ကျန်တဲ့ကားတွေရော ပါပါသလား။

ဖြေ- HTS Japan Car Service ဆိုပေမဲ့ ဥရောပကားတွေ၊ကိုရီးယား၊တရုတ် ကားတွေလည်းလာကြပါ တယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာက ဂျပန် Technician ရှိတယ်လေ။ပြီးတော့ ဝန်ဆောင်မှုကောင်းကောင်းပေးပြီး သင့်တင့်တဲ့စျေးနှုန်းပဲယူထားလို့ပါ။

မေး-ဘယ်လိုစက်တွေသုံးပြီး ကားတွေကိုပြုပြင်မှု ပေးပါသလဲ။

ဖြေ-3D Alignment (Made in USA Hunter Brand)စက်ရှိတယ်။ဒီစက်က ဆင်ဆာနဲ့ဒီဂရီအတိအကျဖော်ပြပေးတော့ အတိအကျချိန်ပေးနိုင်တယ်။နောက်ပြီး G Scan 2 စက်၊Noisy Tester စက်၊ CO2 ဘယ်လောက်ထွက်သလဲဆိုတဲ့ Exhaust Gas Tester စက်တွေကိုအသုံးပြုပါတယ်။ နောက်ပြီး Hybrid နဲ့ပတ်သက်တဲ့ Hybrid Special Tools တွေအသုံးပြုပြီးတော့ Hybrid ကားတွေကိုပြုပြင်ပေးတယ်။ဒါကြောင့် Hybrid ကားတွေတော်တော် လာပြုပြင်ကြတယ်။ ဂျပန်အင်ဂျင်နီယာကိုယ်တိုင်က လည်းဦးစီးလုပ်ပေးနေတာဆိုတော့လေ။ သူက Mechanic တွေကို Job Training ပေးရင်းနဲ့ကားတွေကိုအကောင်းဆုံး ပြုပြင်လုပ်ပေးနေပါတယ်ခင်ဗျ။သူက ဂျပန်မှာကျွမ်းကျင်အဆင့် ၁ လက်မှတ်ရထားသူပါ။ Company စတည်ထောင်စဉ်တည်းက ရောက်နေတဲ့ ဂျပန်ပညာရှင်ပါ။

မေး-Hybrid နဲ့ပတ်သက်လို့အကိုတို့ကကျွမ်းကျင်တယ်ဆိုတော့ ဒီကားတွေနဲ့ပတ်သက်ပြီး sharing လုပ်ပေးပါဦး။

ဖြေ-ဟုတ်ကဲ့၊ Hybrid ကားအပျက်များတာတွေက Hybrid Fan, Hybrid Battery စတာတို့ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာက Hybrid hhhhပိုင်းကိုမနိုင်တာများပါတယ်။ကျွန်တော်တို့မှာတော့ ဂျပန် Technician ရှိတော့ အားသာချက်ဖြစ်တာပေါ့။ Hybrid နဲ့ပတ်သက် ပြီးအကောင်းဆုံးစစ်ဆေးပေးနိုင်ပါတယ်။ Honda Hybrid ဘက်ထရီဆိုကျွန်တော်တို့ဆီမှာ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ Hybrid Car System တွေကိုလဲ Upgrade ပြုလုပ်ပေး နိုင်ပါတယ်။

မေး-ဒီမှာလာပြင်တဲ့သူတွေက ဘယ်အပိုင်းကို အဓိကလာပြင်ကြပါသလဲ။

ဖြေ-ဒီမှာတော့ မော်ဒယ်မြင့်ကားတွေရဲ့ Computer System ပိုင်းတွေ၊ Hybrid System ပိုင်းတွေ လာပြင်ကြပါ တယ်။ဒီအ ပိုင်းတွေကို ကျွန်တော်တို့အကောင်းဆုံး service ပေးနိုင်ပါတယ်။ ပြီးတော့ ကားအောက်ပိုင်း၊ အင်ဂျင်ပိုင်း နဲ့ 3D Alignment ရှိတော့ Alignment အများစုလာပြင်ကြပါတယ်။

မေး-ပစ္စည်းတွေဘာတွေရော ဂျပန်ကနေမှာပေးတာမျိုးရှိပါသလား။

ဖြေ-ရှိပါတယ်။ ဂျပန်ကပစ္စည်းတွေကို တိုက်ရိုက်မှာပေးနေပါတယ်။ကျွန်တော်တို့ကမှာတဲ့ပစ္စည်းတွေကို ဂျပန်ကနေ EMS နဲ့ပို့ပေးပါတယ်။ပစ္စည်းမှာလို့ရှိရင် ၁ ပတ်ကနေ ၁၀ ရက်အတွင်းကြာ ပါတယ်။ နည်းနည်းကြီးတဲ့ပစ္စည်းတွေဆိုရင် Shipping နဲ့မှာရတယ်။Shipping နဲ့ကတော့နည်းနည်းကြာ ပါတယ်။ ၂ လကျော်လောက်ကြာပါတယ်။

မေး-Customer တွေကို ဘယ်လိုမျိုးဝန်ဆောင်မှုပေးပါသလဲ။

ဖြေ-ဟုတ်ကဲ့။ customer တစ်ဦးက ဒီကိုကားလာပြင်တာ ၃ ကြိမ်ရှိသွားပြီဆိုရင် Member Card ထုတ်ပေးတယ်။ အဲဒါက Amount နဲ့မသတ်မှတ်ဘူး။အကြိမ်နဲ့ပဲသတ်မှတ်ပါတယ်။ Member Card ရသူက Service charges ကို ၁၅ ရာခိုင်နှုန်း Discount ခံစားခွင့်ရမယ်၊Total Check Service ကိုလည်း ၅၀ ရာခိုင်နှုန်း Discount ရမယ်၊ ပြီးတော့ အလိုင်းမန့်ကိုလည်း ၁ လ ၁ ကြိမ် free စစ်ပေးတယ်။ အခြားပြုလုပ်တဲ့ Promotion တွေကိုလည်းခံစားခွင့်ရရှိမှာပါ။ ကျွန်တော်တို့ဆီ လာနေတဲ့ Customer လက်ရှိမှာ ၁၈၀၀ ကျော်ရှိပါပြီ။

မေး-ကားပို်င်ရှင်တစ်ဦးအနေနဲ့ကိုယ့်ကားကို ဘယ်လိုအပိုင်းတွေအဓိကထား စစ်ဆေးပြုပြင်သင့်ပါသလဲ။

ဖြေ-မြန်မာပြည်လမ်းတွေနဲ့ကျတော့ ကားအောက်ပိုင်းတွေအဓိကဖြစ်တာများပါတယ်။မြန်မာပြည်ထုံးစံက ကားကိုပျက်မှပြင်ပါတယ်။မပျက်ခင်စစ်ဆေးတာတွေ၊ပြုပြင်တာတွေနည်းတယ်။အဲဒါလေးက အားနည်းချက်ပါပဲ။ ကျွန်တော်တို့ဆီမှာ Total check ဆိုတာရှိပါတယ်။ ကားတစ်စီးလုံးအောက်ပိုင်း၊အင်ဂျင်ခန်း၊ ဝါယာရိန်းအကုန်စစ်ပေးတယ်။ ဂျပန်မှာဆိုရင် ဂျပန်တွေက သူတို့ရဲ့ကားကို Total check ၁ နှစ်တစ်ခါလုပ်ကြတယ်။မြန်မာပြည်အနေအထားနဲ့ဆို ကျွန်တော်အကြံပေးချင်တာက ၆ လ တစ်ခါစစ်သင့်ပါတယ်။ ဒီမှာကလမ်းကအစ ဂျပန်နဲ့ကွာတယ်လေ။ပြီးတော့ ဟိုမှာကကားအသစ်တွေ၊ဒီမှာက Second တွေဆိုတော့လေ။ Total Check စစ်ခြင်းအားဖြင့် ကိုယ့်ကားမပျက်ခင်ကြိုသိပြီး ကြိုပြင်ထားနိုင်တော့ ကားကော လူကော အန္တရယ်ကင်းတာပေါ့။

မေး-အကိုတို့ဆီက မြန်မာ Mechanic တွေက တရားဝင်ကျွမ်းကျင်လက်မှတ်ရပြီးသားလို့သိရပါတယ်။ အဲဒါလေးနဲ့ပတ် သက်လို့လည်းဖြေပေးပါဦး။

ဖြေ-ဟုတ်ပါတယ်။ဒီက Mechanic တွေ က Glory ကျောင်းဆင်းတွေပါ။ထူးချွန်တဲ့ Mechanic တွေကို တစ်နှစ် ၂ ယောက်ရွေးပြီး ဂျပန်ကိုလေ့လာရေးပို့ပေးပါတယ်။ ဒီနှစ် ၁၂ လပိုင်းမှာလည်း ၂ ဦးရွေးပြီး ဂျပန်ပို့ပေးမှာပါ။ ဒီတစ်ခေါက်က Japan Sapporo မှာလုပ်မယ့် Service Technology Contest ပြိုင်ပွဲကို ဝင်ပြိုင်စေ မှာပါ။ နောက်ပြီးတော့ ဒီမှာရှိတဲ့ Mechanic တွေက မြန်မာနိုင်ငံ National Skills Standards Authority (NSSA) ကျွမ်းကျင်မှုအဆင့် ၁ လက်မှတ်ရပြီးသားတွေပါ။ ပြီးတော့ Japan Engineer ကိုယ်တိုင် နေ့စဉ် Training ပေးနေတဲ့ Mechanic တွေဖြစ်တယ်။

မေး-နောက်ဆုံးအနေနဲ့ကားပို်င်ရှင်တွေကို ဘာများပြောချင်ပါသလဲ။နောက်ပြီးအကိုတို့ဆိုင်ခွဲတွေရောဖွင့်ဖို့ ရှိပါသလား။

ဖြေ- အခုနောက်ပိုင်းဝင်လာတဲ့ကားတွေရဲ့ System တွေက အရမ်းမြင့်လာတယ်။ အဲဒါကြောင့် ကိုယ့်ကားပြင်မယ်ဆိုရင် နည်းပညာပိုင်းကျွမ်းကျင်စိတ်ချရတဲ့ Car Service ကောင်းတွေကိုရွေးချယ်စေလိုပါတယ်။ ဒါ့အပြင် ကားပိုင်ရှင်တွေ အနေနဲ့ကိုယ်နေ့စဉ်သုံးနေတဲ့ကားကို ပျက်မှပြင်မယ်ဆိုရင် အချိန်ကုန်မယ်၊ငွေပိုကုန်မယ်၊ အလုပ်ပျက်မယ်။အဲဒီတော့ ကိုယ်အားတဲ့အချိန်လေးမှာ ကြိုစစ်ဆေးပြီး မပျက်ခင် ကြိုတင်ပြင်ဆင်တာတွေလုပ်သင့်ပါတယ်။ဒါမှသာ ကားရဲ့သက် တမ်းပိုခံပြီး၊ အလုပ်ပျက်အကိုင်ပျက်မဖြစ်ဘဲ အချိန်ကုန်လဲသက်သာပါမယ််။လက်ရှိမှာတော့ ရန်ကုန်မှာ နောက် တစ်ဆိုင်၊မန္တလေးနဲ့နေပြည်တော်မှာလည်းဆိုင်ခွဲတွေဖွင့်ဖို့ရှိနေပါတယ်။ လက်ရှိလိပ်စာကတော့ No 5,Thirimon 10 street,Thirimon 1 Quarter,Mayangone Township,Yangon ပါ။ဖုန်းကတော့ 09 252779977 နဲ့ 09 252 779988 တို့ကိုဆက်သွယ်နိုင်ပါတယ်။

သူရတွေ့ဆုံမေးမြန်းသည်။

­­

Zawgyi  version…

Drive ရဲ႕ Issue တုိင္းမွာပါဝင္ေနၾကျဖစ္တဲ့ Maintenance က႑မွာတစ္ပတ္အတြက္ေရြးခ်ယ္ထားတာကေတာ့ HTS Japan Car Service ျဖစ္ပါတယ္။ဒီ Car Service က Japan ကားေတြကုိ အဓိကျပဳျပင္ ေပးေနသလုိ ဂ်ပန္နဲ႕ပူးေပါင္းထားတာမုိ႕လုိ႕ ဂ်ပန္ႏိုင္ငံ နံပါတ္(၁) အဆင့္ရဝါရင့္ ဂ်ပန္အင္ဂ်င္နီယာကုိယ္တုိင္ ဦးစီးျပဳျပင္ ေပးေနပါတယ္။ ေနာက္ျပီး Hybrid ကားေတြလုိျပဳျပင္ရခက္တဲ့ကားေတြအတြက္လည္း အေကာင္းဆုံးဝန္ေဆာင္မွဳေလးေတြ ေပးေနလုိ႕Drive ပရိသတ္ေတြအတြက္ sharing လုပ္ေပးလုိက္ပါရေစ။

ေမး-လက္ရွိ အကုိတာဝန္ယူထားတဲ့ အပုိင္းနဲ႕ဒီ service ကုိဘယ္တုန္းကစတင္တည္ေထာင္ခဲ့တာပါလဲ။

ေျဖ-က်ြန္ေတာ့္နာမည္က စုိင္းေအာင္ျမင့္ပါ။မန္ေနဂ်ာတာဝန္ယူထားပါတယ္။ဒီ service ကုိ ျမန္မာက PPA Companyနဲ႕ ဂ်ပန္က HTR Company တို႔ပူေပါင္းၿပီးေတာ့ HTS Myanmar Co.,Ltd ဆိုၿပီး ၂၀၁၆ ေမ ၂၉ ကစျပီး ဖြင့္လွစ္ခဲ့တာဆုိေတာ့ ၁ ႏွစ္ေက်ာ္ပါၿပီ။

ေမး-အကုိတုိ႕ဆီကေပးတဲ့ service ေတြကုိ ေျပာျပေပးပါ။

ေျဖ-Service ေပးေနတာကေတာ့ ကားနဲ႕ပတ္သက္သမွ်ေအာက္ပုိင္း၊ဝါယာရိန္း၊အင္ဂ်င္ကအစေပါ့ အခုေနာက္ဆုံး Car Coating အထိရွိတယ္။မရတာဆုိလုိ႕ေဆး၊ေဘာ္ဒီပုိင္းပဲရွိပါတယ္။ အတိအက်ေျပာရရင္ Hybrid Treatment ,Car Computer, Wiring, 3D Alignment, Tire Changer, Transmission, Oil Change, Brake Fluid Exchange System, Power Steering, Engine Repair, Wheel Balancing, Car Coating စတဲ႕ Service အပုိင္းေတြပဲျဖစ္ပါတယ္။

ေမး- HTS Japan car service ဆုိေတာ့ ဂ်ပန္ကားေတြပဲသီးသန္႔ service ေပးတာလား။ဒါမွမဟုတ္ က်န္တဲ့ကားေတြေရာ ပါပါသလား။

ေျဖ- HTS Japan Car Service ဆုိေပမဲ့ ဥေရာပကားေတြ၊ကုိရီးယား၊တရုတ္ ကားေတြလည္းလာၾကပါ တယ္ခင္ဗ်။ ဘာလုိ႕လဲဆုိေတာ့ က်ြန္ေတာ္တုိ႕ဆီမွာက ဂ်ပန္ Technician  ရွိတယ္ေလ။ျပီးေတာ့ ဝန္ေဆာင္မွဳေကာင္းေကာင္းေပးျပီး သင့္တင့္တဲ့ေစ်းႏွဳန္းပဲယူထားလုိ႕ပါ။

ေမး-ဘယ္လုိစက္ေတြသုံးျပီး ကားေတြကုိျပဳျပင္မွဳ ေပးပါသလဲ။

ေျဖ-3D Alignment (Made in USA Hunter Brand)စက္ရွိတယ္။ဒီစက္က ဆင္ဆာနဲ႕ဒီဂရီအတိအက်ေဖာ္ျပေပးေတာ့ အတိအက်ခ်ိန္ေပးနိုင္တယ္။ေနာက္ျပီး G Scan 2 စက္၊Noisy Tester စက္၊ CO2 ဘယ္ေလာက္ထြက္သလဲဆုိတဲ့ Exhaust Gas Tester စက္ေတြကုိအသုံးျပဳပါတယ္။ ေနာက္ျပီး Hybrid နဲ႕ပတ္သက္တဲ့ Hybrid Special Tools ေတြအသံုးျပဳၿပီးေတာ့ Hybrid ကားေတြကိုျပဳျပင္ေပးတယ္။ဒါေၾကာင့္ Hybrid ကားေတြေတာ္ေတာ္ လာျပဳျပင္ၾကတယ္။ ဂ်ပန္အင္ဂ်င္နီယာကုိယ္တုိင္က လည္းဦးစီးလုပ္ေပးေနတာဆုိေတာ့ေလ။ သူက Mechanic ေတြကုိ Job Training  ေပးရင္းနဲ႕ကားေတြကိုအေကာင္းဆံုး ျပဳျပင္လုပ္ေပးေနပါတယ္ခင္ဗ်။သူက ဂ်ပန္မွာက်ြမ္းက်င္အဆင့္ ၁ လက္မွတ္ရထားသူပါ။ Company စတည္ေထာင္စဥ္တည္းက ေရာက္ေနတဲ့ ဂ်ပန္ပညာရွင္ပါ။

ေမး-Hybrid နဲ႕ပတ္သက္လုိ႕အကုိတုိ႕ကက်ြမ္းက်င္တယ္ဆုိေတာ့ ဒီကားေတြနဲ႕ပတ္သက္ျပီး sharing လုပ္ေပးပါဦး။

ေျဖ-ဟုတ္ကဲ့၊  Hybrid ကားအပ်က္မ်ားတာေတြက Hybrid Fan, Hybrid Battery  စတာတို႔ျဖစ္တယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာက Hybrid hhhhပုိင္းကုိမႏုိင္တာမ်ားပါတယ္။က်ြန္ေတာ္တုိ႕မွာေတာ့ ဂ်ပန္ Technician ရွိေတာ့ အားသာခ်က္ျဖစ္တာေပါ့။ Hybrid နဲ႕ပတ္သက္ ၿပီးအေကာင္းဆံုးစစ္ေဆးေပးႏိုင္ပါတယ္။ Honda Hybrid ဘက္ထရီဆုိကၽြန္ေတာ္တို႔ဆီမွာ အဆင္သင့္ရိွပါတယ္။ ကၽြန္ေတာ္တို႔ဆီမွာ Hybrid Car System ေတြကိုလဲ Upgrade ျပဳလုပ္ေပး ႏိုင္ပါတယ္။

ေမး-ဒီမွာလာျပင္တဲ့သူေတြက ဘယ္အပုိင္းကုိ အဓိကလာျပင္ၾကပါသလဲ။

ေျဖ-ဒီမွာေတာ့ ေမာ္ဒယ္ျမင့္ကားေတြရဲ႕ Computer System ပိုင္းေတြ၊ Hybrid System ပိုင္းေတြ လာျပင္ၾကပါ တယ္။ဒီအ ပုိင္းေတြကုိ က်ြန္ေတာ္တုိ႕အေကာင္းဆုံး service ေပးႏုိင္ပါတယ္။ ျပီးေတာ့ ကားေအာက္ပိုင္း၊ အင္ဂ်င္ပိုင္း နဲ႔ 3D Alignment ရွိေတာ့ Alignment အမ်ားစုလာျပင္ၾကပါတယ္။

ေမး-ပစၥည္းေတြဘာေတြေရာ ဂ်ပန္ကေနမွာေပးတာမ်ိဳးရွိပါသလား။

ေျဖ-ရွိပါတယ္။ ဂ်ပန္ကပစၥည္းေတြကုိ တုိက္ရုိက္မွာေပးေနပါတယ္။က်ြန္ေတာ္တုိ႕ကမွာတဲ့ပစၥည္းေတြကို ဂ်ပန္ကေန EMS နဲ႔ပို႔ေပးပါတယ္။ပစၥည္းမွာလုိ႕ရွိရင္ ၁ ပတ္ကေန ၁၀ ရက္အတြင္းၾကာ ပါတယ္။ နည္းနည္းၾကီးတဲ့ပစၥည္းေတြဆုိရင္ Shipping နဲ႕မွာရတယ္။Shipping နဲ႕ကေတာ့နည္းနည္းၾကာ ပါတယ္။ ၂ လေက်ာ္ေလာက္ၾကာပါတယ္။

ေမး-Customer ေတြကုိ ဘယ္လုိမ်ိဳးဝန္ေဆာင္မွဳေပးပါသလဲ။

ေျဖ-ဟုတ္ကဲ့။ customer တစ္ဦးက ဒီကုိကားလာျပင္တာ ၃ ၾကိမ္ရွိသြားျပီဆုိရင္ Member Card ထုတ္ေပးတယ္။ အဲဒါက Amount နဲ႕မသတ္မွတ္ဘူး။အၾကိမ္နဲ႕ပဲသတ္မွတ္ပါတယ္။ Member Card ရသူက Service charges ကုိ ၁၅ ရာခုိင္ႏွဳန္း Discount ခံစားခြင့္ရမယ္၊Total Check Service ကိုလည္း ၅၀ ရာခိုင္ႏွဳန္း Discount ရမယ္၊ ျပီးေတာ့ အလုိင္းမန္႕ကုိလည္း ၁ လ ၁ ၾကိမ္ free စစ္ေပးတယ္။ အျခားျပဳလုပ္တဲ့ Promotion ေတြကုိလည္းခံစားခြင့္ရရွိမွာပါ။ ကၽြန္ေတာ္တို႔ဆီ လာေနတဲ့ Customer လက္ရွိမွာ ၁၈၀၀ ေက်ာ္ရွိပါျပီ။

ေမး-ကားပုိ္င္ရွင္တစ္ဦးအေနနဲ႕ကုိယ့္ကားကုိ ဘယ္လိုအပုိင္းေတြအဓိကထား စစ္ေဆးျပဳျပင္သင့္ပါသလဲ။

ေျဖ-ျမန္မာျပည္လမ္းေတြနဲ႕က်ေတာ့ ကားေအာက္ပုိင္းေတြအဓိကျဖစ္တာမ်ားပါတယ္။ျမန္မာျပည္ထုံးစံက ကားကုိပ်က္မွျပင္ပါတယ္။မပ်က္ခင္စစ္ေဆးတာေတြ၊ျပဳျပင္တာေတြနည္းတယ္။အဲဒါေလးက အားနည္းခ်က္ပါပဲ။ က်ြန္ေတာ္တုိ႕ဆီမွာ Total check ဆုိတာရွိပါတယ္။ ကားတစ္စီးလုံးေအာက္ပုိင္း၊အင္ဂ်င္ခန္း၊ ဝါယာရိန္းအကုန္စစ္ေပးတယ္။ ဂ်ပန္မွာဆိုရင္ ဂ်ပန္ေတြက သူတုိ႕ရဲ႕ကားကုိ Total check ၁ ႏွစ္တစ္ခါလုပ္ၾကတယ္။ျမန္မာျပည္အေနအထားနဲ႕ဆုိ က်ြန္ေတာ္အၾကံေပးခ်င္တာက ၆ လ တစ္ခါစစ္သင့္ပါတယ္။ ဒီမွာကလမ္းကအစ ဂ်ပန္နဲ႕ကြာတယ္ေလ။ျပီးေတာ့ ဟုိမွာကကားအသစ္ေတြ၊ဒီမွာက Second ေတြဆုိေတာ့ေလ။ Total Check စစ္ျခင္းအားျဖင့္ ကုိယ့္ကားမပ်က္ခင္ၾကိဳသိၿပီး ႀကိဳျပင္ထားႏိုင္ေတာ့ ကားေကာ လူေကာ အႏၱရယ္ကင္းတာေပါ့။

ေမး-အကုိတုိ႕ဆီက ျမန္မာ Mechanic ေတြက တရားဝင္က်ြမ္းက်င္လက္မွတ္ရျပီးသားလုိ႕သိရပါတယ္။ အဲဒါေလးနဲ႕ပတ္ သက္လုိ႕လည္းေျဖေပးပါဦး။

ေျဖ-ဟုတ္ပါတယ္။ဒီက Mechanic ေတြ က Glory ေက်ာင္းဆင္းေတြပါ။ထူးခ်ြန္တဲ့ Mechanic ေတြကုိ တစ္ႏွစ္ ၂ ေယာက္ေရြးျပီး ဂ်ပန္ကုိေလ့လာေရးပုိ႕ေပးပါတယ္။ ဒီႏွစ္ ၁၂ လပုိင္းမွာလည္း ၂ ဦးေရြးျပီး ဂ်ပန္ပုိ႕ေပးမွာပါ။ ဒီတစ္ေခါက္က Japan Sapporo မွာလုပ္မယ့္ Service Technology Contest ျပိဳင္ပဲြကို ဝင္ၿပိဳင္ေစ မွာပါ။ ေနာက္ျပီးေတာ့ ဒီမွာရွိတဲ့ Mechanic ေတြက ျမန္မာႏိုင္ငံ National Skills Standards Authority (NSSA) က်ြမ္းက်င္မွဳအဆင့္ ၁ လက္မွတ္ရျပီးသားေတြပါ။ ၿပီးေတာ့ Japan Engineer ကိုယ္တိုင္ ေန႔စဥ္ Training ေပးေနတဲ့ Mechanic ေတြျဖစ္တယ္။

ေမး-ေနာက္ဆုံးအေနနဲ႕ကားပုိ္င္ရွင္ေတြကုိ ဘာမ်ားေျပာခ်င္ပါသလဲ။ေနာက္ျပီးအကုိတုိ႔ဆုိင္ခဲြေတြေရာဖြင့္ဖုိ႕ ရွိပါသလား။

ေျဖ- အခုေနာက္ပိုင္းဝင္လာတဲ့ကားေတြရဲ႕ System ေတြက အရမ္းျမင့္လာတယ္။ အဲဒါေၾကာင့္ ကိုယ့္ကားျပင္မယ္ဆိုရင္ နည္းပညာပိုင္းကၽြမ္းက်င္စိတ္ခ်ရတဲ့ Car Service ေကာင္းေတြကိုေရြးခ်ယ္ေစလိုပါတယ္။  ဒါ့အျပင္ ကားပုိင္ရွင္ေတြ အေနနဲ႕ကုိယ္ေန႕စဥ္သုံးေနတဲ့ကားကုိ ပ်က္မွျပင္မယ္ဆုိရင္ အခ်ိန္ကုန္မယ္၊ေငြပုိကုန္မယ္၊ အလုပ္ပ်က္မယ္။အဲဒီေတာ့  ကုိယ္အားတဲ႕အခ်ိန္ေလးမွာ ၾကိဳစစ္ေဆးျပီး မပ်က္ခင္ ႀကိဳတင္ျပင္ဆင္တာေတြလုပ္သင့္ပါတယ္။ဒါမွသာ ကားရဲ႕သက္ တမ္းပုိခံျပီး၊  အလုပ္ပ်က္အကိုင္ပ်က္မျဖစ္ဘဲ အခ်ိန္ကုန္လဲသက္သာပါမယ္္။လက္ရွိမွာေတာ့ ရန္ကုန္မွာ ေနာက္ တစ္ဆုိင္၊မႏၱေလးနဲ႕ေနျပည္ေတာ္မွာလည္းဆုိင္ခဲြေတြဖြင့္ဖုိ႕ရွိေနပါတယ္။ လက္ရွိလိပ္စာကေတာ့ No 5,Thirimon 10 street,Thirimon 1 Quarter,Mayangone Township,Yangon ပါ။ဖုန္းကေတာ့ 09 252779977 နဲ႕ 09 252 779988 တုိ႕ကုိဆက္သြယ္ႏုိင္ပါတယ္။

သူရေတြ႕ဆုံေမးျမန္းသည္။

­­