Unicode version…
Huawei Device Myanmar သည် Huawei ၏ နာမည်ကျော် Flagship စမတ်ဖုန်းများဖြစ်သည့် Huawei P20 နှင့် P20 Pro ၏ AI မိတ်ဆက်ပြသပွဲနှင့် မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ရောင်းချသည့်ပွဲအား ရန်ကုန်မြို့ Junction City ၌ ၂၇ ရက် မေလက ကျင်းပပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးပေါ် အဆင့်မြင့် AI နည်းပညာများနှင့် တည်ဆောက်ထားသည့် အဆိုပါစမတ်ဖုန်းများတွင် ကမ္ဘာ့ပထမဆုံးအနေဖြင့် Leica ကင်မရာသုံးလုံး ပါဝင်ပြီး ကင်မရာအတွေ့အကြုံသစ်တစ်ရပ်ကို ယူဆောင်ပေးမည် ဖြစ်ပါသည်။
အဆိုပါ စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြံုကို အဆင့်မြှင့်တင်လိုက်နိုင်သည့် Huawei P20 Series ၏ AI မိတ်ဆက်ပြသပွဲ၌ စမတ်ဖုန်းအသုံးပြုသူများ၊ သတင်းနှင့် စာနယ်ဇင်းမှ မီဒီယာမိတ်ဆွေများကို ဖိတ်ကြား ကာ AI နည်းပညာထောက်ပံ့ထားသည့် ဓာတ်ပုံရိုက်ကူးမှု အနုပညာနှင့် ထိတွေ့ရင်းနှီးစေခဲ့သည်။ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Love Diary Wedding Professional ၏ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ပြီး Low Light Photography အား ပိုင်ပိုင်နိုင်နိုင်ရိုက်ကူးပုံဖော်လေ့ရှိသည့် ဓာတ်ပုံပညာရှင် ကိုဝေလင်းမှ မြင်ကွင်း နှင့် အရာဝတ္ထုပေါင်း ၁၉ မျိုးကို ခွဲခြားသိရှိနိုင်မည့် Master AI Photography ၊ လှပသည့် ပုံရိပ်များကို ရိုက်ကူး စေနိုင်မည့် 3D Portrait Lighting၊ Huawei P20 Series ရဲ့ ထင်ရှားသည့် လုပ်ဆောင်ချက်များထဲက တစ်ခုဖြစ်သည့် Low Light Photography များအကြောင်းအား လက်တွေ့ ပြသရှင်းလင်းခဲ့ပြီး အခြားသော Huawei P 20 Series အသစ်၏ အဆင့်မြင့် လုပ်ဆောင်ချက်များကို မိတ်ဆက်ခဲ့သည်။
Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းမှ “Huawei P20 နဲ့ P20 Pro တို့ဟာ ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံပညာကို ရူးသွပ်ကြတဲ့ စမတ်ဖုန်းအသုံးပြုသူတွေရဲ့ ဓာတ်ပုံပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ထူးခြားတဲ့ အတွေ့အကြံုသစ်တစ်ရပ်ကို အခုဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေဆီကို ယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက စမတ်ဖုန်းအသုံးပြုသူတွေကနေပြီးတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဓာတ်ပုံရုပ်ထွက်တွေကို လွယ်ကူသက်သာစွာနဲ့ ရိုက်ကူးပုံဖော်နိုင်တော့မှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
Huawei P20 Pro တွင် ခေတ်သစ်စမတ်ဖုန်းလောက၏ အမြင့်မားဆုံး pixel ပမာဏဖြစ်သည့် 40MP RGB sensor ၊ အဖြူအမည်း ဓာတ်ပုံများကို ဖမ်းယူပေးမည့် 20MP monochrome sensor ၊ တယ်လီဖိုတို မှန်ဘီလူး (telephoto lens) အတွက် 8MB sensor တို့ ပါဝင်ပြီး Huawei P20 တွင် 12 MP RGB Sensor နှင့် 20 MP Monochrome Sensor ပါဝင်သည်။ Dedicated ISP နှင့် Leica အရောင်အသစ်တစ်မျိုး ပါဝင်ပြီး colour temperature sensor ကြောင့် အရောင်ထွက် ပိုမိုကောင်းမွန်မှုရှိပါသည်။
Huawei သည် မတူညီသောမြင်ကွင်းနှင့် အရာဝတ္ထု ၁၉ မျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိပြီး မှန်ကန်သည့် အချိန်တွင် မှန်ကန်သည့် ကင်မရာစွမ်းဆောင်ရည်နှင့် ရိုက်ကူးပေးနိုင်သည့် object recognition လုပ်ဆောင်ချက်နှင့်အတူ စမတ်ဖုန်းအသုံးပြုသူများ၏ နှလုံးသားကို လှုပ်ကိုင်နိုင်ခဲ့ပါသည်။ P20 Series ၏ နောက်ထပ်အဆင့်မြင့်ကင်မရာစနစ် အသစ်တစ်ခုက 4D predictive focus ဖြစ်သည်။ လှုပ်ရှားနေသော အရာဝတ္ထုများကို အထူးလျင်မြန်တိကျစွာနှင့် ခန့်မှန်းပေးပြီး အသေးစိတ်အချက်အလက်များအထိ ဖမ်းယူရိုက်ကူးပေးနိုင်စွမ်းရှိသည်။ ထို့အပြင် AI-assisted composition လုပ်ဆောင်ချက်က မိမိရိုက်ကူးလိုသည့် ဓာတ်ပုံအနေအထားအလိုက် group shot နှင့် landscape ဟူပြီး အကြံဉာဏ်ပေးသည်။ AI beautification နှင့် 3D portrait lighting option များက အသားအရောင်များကို လိုအပ်သလို ချိန်ညှိပေးပြီး သဘာဝဆန်သည့် 3D ရုပ်ထွက်များနှင့် ပေါင်းစပ်ကာ လှပသည့် selfie များကို ဖန်တီးပေးပါသည်။
Huawei P20 တွင် ၅.၈ လက်မအရွယ်နှင့် Huawei P20 Pro တွင် ၆.၁ လက်မအရွယ် FullView Display တို့ ပါဝင်ပါသည်။ အထူးပါးလွှာသည့်ဘေးဘောင်၊ အံ့အားသင့်လောက်သည့် မျက်နှာပြင်ကိုယ်ထည် အချိုးအစား (screen-to-body-ratios) တို့ကို သေသပ်လှပသော မျက်နှာပြင်အကွေးများနှင့် လိုက်ဖက်ညီညီ ပေါင်းစပ်ဖွဲ့စည်းထားမှုကြောင့် ကိုင်ဆောင်ရလွယ်ကူမှုရှိသည်။ Android 8.1 ကို အခြေခံသည့် EMUI 8.1 ၊ dedicated NPU တို့နှင့် ပေါင်းစပ်ထားပြီး ချောမွေ့ပြေပြစ်သည့် သုံးစွဲသူအတွေ့အကြံုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ Huawei P20 Pro အား Twilight ၊ Black ၊ Midnight Blue ဆိုပြီး အရောင်သုံးရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး P20 အား Black, Midnight Blue နှင့် Pink Gold ဆိုပြီး အရောင်သုံးရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Huawei P20 Pro အား မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ နှင့် Huawei P20 အား မြန်မာငွေကျပ် ၈၅၉,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
Zawgyi version….