အမေရိကန်နာမည်ကျော် ကားအမှတ်တံဆိပ်ဖြစ်တဲ့ Hummer ဟာ ကာလအတန်ကြာ သတင်း ထွက်ပေါ်နေခဲ့တဲ့ သူတို့ရဲ့ မော်ဒယ်သစ် Hummer EV Edition 1 – Pick up ကို ပြီးခဲ့တဲ့ရက်အတွင်း မိတ်ဆက်သွားခဲ့ပြီး ဈေးကွက်အတွင်း Hummer ရဲ့ တကျော့ပြန်ခြေလှမ်းအသစ်ကို ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
Hummer ရဲ့ ယခင်မျိုးဆက်တွေအတိုင်း ကြီးမားခန့်ထည်တဲ့ ရုပ်ထွက်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း အထူးမြှင့်တင်ထားပြီး နောက်ဆုံးပေါ် နည်းပညာတွေကိုလည်း အသုံးပြုထားပါတယ်။
Hummer EV Edition 1 ဟာ စွမ်းဆောင်ရည်ပိုင်းအတွက် elelctric motor (၃)ခုနဲ့ မြင်းကောင်ရေ 1000 hp နဲ့ 11,500 lb-ft ရုန်းအားထွက်ရှိမှာဖြစ်ပြီး 0-60 mph ကို 3 seconds မြန်နှုန်းထိ မောင်းနှင်နိုင်မယ့် Electric SuperTruck တစ်စီးဖြစ်ပါတယ်။ မော်တာများအတွက် 24-module Ultium battery pack ကို အသုံးပြုထားပြီး 800-volt DC fast charger နဲ့ (၁၀)မိနစ်အားသွင်းကာ မိုင်(၁၀၀) နီးပါးထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
အတွင်းခန်းကို ကျယ်ပြန့်တဲ့ပုံစံနဲ့ ခန့်ထည်စွာ ဒီဇိုင်းဆင်ထားပြီး နည်းပညာပိုင်းအရ Four-Wheel Steering system၊ ဘေးတိုက်ရွေးလျားနိုင်မယ့် Crab Mode၊ Extect Mode၊ Ultravision၊ Super Cruise စသည်တို့အပြင် အမိုးများကို ဖြုတ်နိုင်ပါသေးတယ်။ Hummer EV Edition 1 ရဲ့ ဈေးနှုန်းကိုတော့ ဒေါ်လာ 112,595 နဲ့ ရောင်းချသွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နောင်းပိုင်းတွင် ဈေးကွက်ထဲ စတင်ဖြန့်ချိသွားဖို့ရှိနေပါတယ်။
The 2022 GMC HUMMER EV is a first-of-its kind supertruck developed to forge new paths with zero emissions. From bold and futuristic design cues, to cleverly executed details, the 2022 GMC HUMMER EV reimagines an instantly recognizable silhouette for a modern, all-electric future The GMC HUMMER EV is driven by next-generation EV propulsion technology that enables unprecedented off-road capability, extraordinary on-road performance and an immersive driving experience. The GMC HUMMER EV is designed to be an off-road beast, with all-new features developed to conquer virtually any obstacle or terrain. The GMC HUMMER EV is driven by next-generation EV propulsion technology that enables unprecedented off-road capability, extraordinary on-road performance and an immersive driving experience.
ခမ်းနားကြီးကျယ်မှုနဲ့ ပြန်လည်မွေးဖွားလာတဲ့ Hummer EV Edition 1 – Pick up