General Motors သည်ပူပူနွေးနွေး မိတ်ဆက်ထားသည့် GMC Hummer EV SUV နှင့် Hand – Built ဖန်တီးထားသည့် Cadillac Celestiq Luxury Sedan တို့အား တရုတ်ဈေးကွက်တွင် စတင် မိတ်ဆက်လိုက်ပါသည်။ အဆိုပါ Model ( ၂ ) ခုအား 2022 November 5  တွင် ၊ တရုတ်နိုင်ငံ Shanghai တွင်ပြုလုပ်ခဲ့သည့် China International Import Expo 2022 ပွဲတွင် မိတ်ဆက်ခြင်းဖြစ်ကာ – Hummer EV Pickup ၊ Hummer EV SUV ၊ Cadillac Celestiq Sedan ဟူ၍ ပုံစံ ( ၃ ) မျိုးအား မိတ်ဆက်ခဲ့ပါသည်။ GM သည်ဝယ်လိုအား အလွန်ကြီးမားသည့် တရုတ်ဈေးကွက်တွင် ထိုကဲ့သို့ တန်ဖိုးကြီး EV Model များကို ကျယ်ပြန့်စွာ ရောင်းချနိုင်ရန် ရည်ရွယ်ထားသည့်အပြင် ၎င်း၏ အနာဂတ်ထုတ် EV များအား The Durant Guild Business Division မှတဆင့် ရောင်းချမည်ဖြစ်သည်။

Cadillac သည် Celestiq အား U.S.A Michigan ပြည်နယ် ၊ Warren ရှိ Global Tech Center တွင် Hand – Built ဖန်တီးခြင်းဖြစ်သည်။ တရုတ်အခြေစိုက် The Guild သည် Lifestyle Platform အနေဖြင့် U.S.A မှ ထုတ်လုပ်သည့် Iconic ဖြစ်ပြီး ဈေးအလွန်ကြီးသည့် EV Car များကို Direct Sales Model ပုံစံဖြင့် တရုတ်ဈေးကွက်တွင် ရောင်းချမည်ဖြစ်သည်။ GM သည် Cadillac Celestiq အတွက်တရုတ်နိုင်ငံ အမှာစာများကို စတင်လက်ခံလျှက်ရှိသော်လည်း Hummer EVs များအတွက် Order လက်ခံမည့် အချိန်အား ထပ်မံသတ်မှတ်မည်ဟု GM မှ ပြောကြားပါသည်။ GM သည် Cadillac ၏အထူးအားထုတ်ဖန်တီးထားသည့် Cadillac Celestiq Luxury Sedan အားတရုတ်နိုင်ငံရှိ လူချမ်းသာများ အတွက် – ( Exclusive and Handcrafted )  Standard အနေဖြင့် ရည်ရွယ်ထားပါသည်။

#DriveMediaMyanmar