General Motors Company သည် ဆယ်စုနှစ်တစ်ခုကြာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော Hummer ကို ပြန်လည်ဆန်းသစ်ထားသည့်အနေဖြင့် All-Electric Hummer အား ပြီးခဲ့သည့် ဇန်နဝါရီ(၃၀)က Super Bowl ပြိုင်ပွဲတွင် ကြော်ညာသွားခဲ့သည်။
GMC သည် ဆန်းသစ်ထားသည့် All-Electric Hummer ၏ မိနစ်(၃၀)စာ ကြော်ငြာတွင် အမေရိကန် ဘတ်စကတ်ဘော နာမည်ကျော် လက်ဘရွန်ဂျိမ်းစ်ကို အသုံးပြုခဲ့ပြီး Hummer ၏ အခန်းကဏ္ဍသစ်ကို သူ့ပရိတ်သတ်များအတွက် စိတ်ဝင်စားဖွယ်ချပြခဲ့သည်။
အဆိုပါကြော်ငြာသည် All-Electric Hummer နှင့် ပတ်သတ်သည့် အချက်အလက်အနည်းငယ်သာ ဖော်ပြသွားခဲ့ပြီး GMC မှ အသေးစိတ်ကို လာမည့်မတ်လ (၂၀)ရက်တွင် မိတ်ဆက်သွားမည်ဖြစ်သည်။
အသစ်မိတ်ဆက်မည့် All-Electric Hummer သည် မြင်းကောင်ရေ 1000 hp နှင့် ရုန်းအား 11,500 ft-lb စွမ်းဆောင်ပေးနိုင်မည်ဖြစ်ပြီး (၃)စက္ကန့်အတွင်း (0-60) mph ထိ မောင်းနှင်နိုင်မည်ဖြစ်သည်။
Hummer Model အသစ်၏ ဒီဇိုင်းကို ခန့်ထည်မှုရှိပြီး ဝံ့ကြွားသည့် ပုံစံဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်ဖက်များမှာ – Tesla Cybertruck ၊ Bollinger ၏ EV တို့ဖြစ်ကြသည်။
Zawgyi Version….
Hummer ကို EV အျဖစ္ ျပန္လည္ျမင္ေတြ႕ရမည္
General Motors Company သည္ ဆယ္စုႏွစ္တစ္ခုၾကာ ထုတ္လုပ္မႈရပ္ဆုိင္းခဲ့ေသာ Hummer ကို ျပန္လည္ဆန္းသစ္ထားသည့္အေနျဖင့္ All-Electric Hummer အား ၿပီးခဲ့သည့္ ဇန္နဝါရီ(၃၀)က Super Bowl ၿပိဳင္ပြဲတြင္္ ေၾကာ္ညာသြားခဲ့သည္။
GMC သည္ ဆန္းသစ္ထားသည့္ All-Electric Hummer ၏ မိနစ္(၃၀)စာ ေၾကာ္ျငာတြင္ အေမရိကန္ ဘတ္စကတ္ေဘာ နာမည္ေက်ာ္ လက္ဘရြန္ဂ်ိမ္းစ္ကို အသံုးျပဳခဲ့ၿပီး Hummer ၏ အခန္းက႑သစ္ကို သူ႔ပရိတ္သတ္မ်ားအတြက္ စိတ္ဝင္စားဖြယ္ခ်ျပခဲ့သည္။
အဆုိပါေၾကာ္ျငာသည္ All-Electric Hummer ႏွင့္ ပတ္သတ္သည့္ အခ်က္အလက္အနည္းငယ္သာ ေဖာ္ျပသြားခဲ့ၿပီး GMC မွ အေသးစိတ္ကို လာမည့္မတ္လ (၂၀)ရက္တြင္ မိတ္ဆက္သြားမည္ျဖစ္သည္။
အသစ္မိတ္ဆက္မည့္ All-Electric Hummer သည္ ျမင္းေကာင္ေရ 1000 hp ႏွင့္ ႐ုန္းအား 11,500 ft-lb စြမ္းေဆာင္ေပးႏုိင္မည္ျဖစ္ၿပီး (၃)စကၠန္႔အတြင္း (0-60) mph ထိ ေမာင္းႏွင္ႏုိင္မည္ျဖစ္သည္။
Hummer Model အသစ္၏ ဒီဇိုင္းကို ခန္႔ထည္မႈရွိၿပီး ၀ံ့ႂကြားသည့္ ပံုစံျဖင့္ ထုတ္လုပ္မည္ျဖစ္ၿပီး ေစ်းကြက္အတြင္း ယွဥ္ၿပိဳင္ဖက္မ်ားမွာ – Tesla Cybertruck ၊ Bollinger ၏ EV တို႔ျဖစ္ၾကသည္။