Unicode version…
hummer1
(SUV) သီးသန့်ထုတ်လုပ်သည့် ကမ္ဘာကျော် (Hummer ) သည် အမေရိကန်ခြေ စိုက်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး (၂၀ဝ၆)ခုနှစ်အထိ (SUV) များကိုထုတ်လုပ်ခဲ့ပါသည်။ (Hummer Model ) များသည် ကမ္ဘာမှာအကောင်းဆုံးနှင့်ခံထည်မှုအရှိဆုံးကားများအဖြင့် ထင်ရှားပါ သည်။ ထိုသို့အောင်မြင်မှုများရရှိခဲ့သည့် (Hummer ) အားစတင်လေ့လာကြပါစို့။
hummer2 မူလအစ (Hummer ) အား (၁၉၄၀) တွင်စတင်ခဲ့သည် (Willys-Overland Jeep) မှဒီဇိုင်းထုတ်ဖန်းတီးခဲ့ပါသည်။ (Hummer ) ၏အရင်းအမြစ်အနေဖြင့် (Willys-Jeep ) အား (Mr Henry J.Kaiser ) မှ (၁၉၅၃) တွင်ဝယ်ယူခဲ့ပြီး ထိုမှတဖန် (American Motors ) မှ (၁၉၇၀) ခန့်တွင်၄င်းထံမှ ပြန်လည်ဝယ်ယူခဲ့ကာ (Jeep Corporation ) အနေဖြင့်ဖွဲ့စည်းခဲ့ပါ သည်။ ထို့အဖွဲ့၏ (Jeep) ထုတ်လုပ်မှုတွင် (Commercial Products) အနေဖြင့်၄င်း / (Government Products) အနေဖြင့် ၄င်းအဓိက (၂)မျိုးခွဲခြားပြီးကားများထုတ်လုပ်ခဲ့ပါသည်။
hummer3 (၁၉၇၁) ခုနှစ်တွင် (Jeep Corporation) ၏ (Government Products) ထုတ်လုပ်မှုသည် အမေရိကန်တပ်မတော်၏ (AM General) ၏လက်အောက်သို့ရောက်ရှိခဲ့ပါ သည်။ ထို့နောက် (၁၉၈၀) ပြည့်နှစ်အစောပိုင်းကာလတွင် (AM General ) ထံမှ (LTV Corporation) မှပြောင်းလဲဝယ်ယူခဲ့ပြီး အမေရိကန်တပ်မတော်အတွက် အကူးအသုံးပြုရန်အပေါ့စား နည်းဗျူဟာသုံးကားများအားထုတ်လုပ်ရန် သဘောတူခဲ့ပါသည်။ ထိုမော်တော်ယာဉ်အား (HMMWV-High Mobility Multi-Purpose Wheeled Vehicle ) ဟုခေါ်ဆိုခဲ့ပြီးတပ်မတော် အသုံးပြုရန်တွက် ဒီဆိုင်းထုတ်လုပ်ဖန်တီးခဲ့ပါသည်။ (AM General ) နှင့် (LTV Corporation ) တို့သည် (၁၉၈၃-၁၉၈၈) ငါးနှစ်ကာလအတွင်း (U.S Army) အသုံးပြုရန် (Humvee) မော်တော်ယာဉ် (၅၅၀ဝဝ) ခန့်ထုတ်လုပ်ရန်သဘောတူညီခဲ့ကြပါသည်။
(၁၉၉၀) ပြည့်နှစ်တွင်ဖြစ်သွားခဲ့သည့် (ပါရှန်ပင်လယ်တွေ့စစ်ပွဲ) အတွင်း (U.S Army) မှအသုံးပြုခဲ့သည့် (Hummvees) မော်တော်ယာဉ်များ၏ ပြောင်မြောက်သောစွမ်းဆောင် ရည်အား ကမ္ဘာအနှံ့မှထူးခြားစွာမြင်တွေ့ခဲ့ရပြီးနောက်ပိုင်းတွင် (AM General ) ယခု (Renco Group ) မှ (Humvees) မော်တော်ယာဉ်အသစ်တစ်မျိုးအားထုတ်လုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်အပေါ်အခြေခံကာ (Hummer ) အမည်ဖြင့် (SUV) ကားများအား (၁၉၉၂) ခုနှစ် တွင်စတင်မွေးဖွားထုတ်လုပ်ခဲ့ပါသည်။
(၁၉၉၉) ခုနှစ်မှစတင်ကာ (General Motors ) မှ (Hummer ) Brand အားဝယ်ယူ ခဲ့ပြီး ၄င်းဖွံ့ဖြိုးတိုးတက်မှု/ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ကြေကြာခြင်း/ ထုတ်လုပ်ဖြန့်ချီခြင်းများ အားအလုံးစုံတာဝန်ယူခဲ့ပါသည်။
(Hummer Family ) တွင် (H1,H2,H3) ဟူ၍ (Model) (၃)မျိုးအဓိက ထုတ်လုပ်ကာ (SUV) သီးသန့်ကားများပင်ဖြစ်ပါသည်။ အချို့သော (Models) များအား (Double-cub) ပုံစံဖြင့်လည်းသီးခြားထုတ်လုပ်ပါသည်။ (Hummer H1 ) သည် (Hummer ) တွင်အရောင်းရဆုံးကား (Flatiship) အနေဖြင့်ထင်ရှားခဲ့ပါသည်။
hummer4
Zawgyi version…