Lexus ၏အသေးဆုံး SUV ဖြစ်သည့် UX သည် 2023 Model Year အတွက် Update Model အနေဖြင့်ထွက်ရှိလာပါသည်။ Subcompact SUV  ဖြစ်သည့် 2023 UX သည် Hybrid Version သာဖြစ်သည်။ 2023 UXh Model တွင် – 2.0 L I4 Engine ၊ 169 hp အင်ဂျင်နှင့်အတူ အနောက်ဝန်ရိုးတွင် တပ်ဆင်ထားသည့် လျှပ်စစ်မော်တာတို့ပေါင်းစပ်ပါဝင်မည်ဖြစ်ကာ ( Combine Output 181 hp ) ရရှိပါမည်။ 2023 UXh ၏ ဒီဇိုင်းသည် Refresh Design ဟုဆိုရပါမည်ဖြစ်ပြီး တမူထူးခြားသည့် LED DRL Headlight နှင့် New Grille Design ကဲ့သို့ဆန်းသစ်မှုများအပြင် ကား၏တုန်ခါမှုနှင့် ဆူညံသံများကိုလျော့ချပေးသည့် New Bridgestone 18-inch Run-Flat Tires များလည်း ပါဝင်ပါမည်။ သပ်ရပ်လှပစွာ ခင်းကျင်းထားသည့်အတွင်းခန်းတွင် – အရွယ်ကြီးမားသည့် – 12.3 inch Infotainment Screen နှင့်အတူ Modern Lexus Steering တို့ဖြင့်ခမ်းခမ်းနားနား ခင်းကျင်းထားပါသည်။

 

ထို့အပြင် Digital App-Based Key , New Voice Active Assistant Feature ကဲ့သို့ နည်းပညာအသစ်အဆန်းများလည်း ပါဝင်ပါမည်။ 2023 UXh တွင် Luxury Grade အပြင် Sporty ဦးစားပေးသည့် UX250h F Sport Grade လည်းပါဝင်မည်ဖြစ်ကာ Black Roof , Painted Wheel Arches တို့လည်းပေါင်းစပ်ပါဝင်မည်။ ထို့အပြင်- Active Variable Suspension Ventilated  F-Sport Seats , Aluminum Pedals စသည့် Features များကိုလည်း Optional မှာယူနိုင်ပါမည်။  2023 UXh အတွက် – Moon roof , Rain-Sensing Wipers , Automotive Headlamp Leveling စသည့် Features များကို Optional အနေဖြင့် ထည့်သွင်းထားပါသည်။ 2023 Lexus UXh အား ( USD 36800 ) ခန့်မှစ၍ ( U.S.A ) တွင်ရောင်းချမည်ဖြစ်ပြီး ယခုနှစ်နွေရာသီအကုန်တွင် စတင်ရောင်းချပါမည်။

#DriveMediaMyanmar