နာမည်ကျော် Sport Car Brand ဖြစ်သည့် McLaren အနေဖြင့် New Hybrid Series အား 2021 တွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး Artura ဟု သတ်မှတ်ထားသည်။ Artura သည် McLaren မှ ပထမဆုံးထုတ်လုပ်သည့် Gasoline-Electric Model ဖြစ်ပြီး High-Performance Hybrid အမျိုးအစားကားလည်းဖြစ်သည်။ ၎င်းတွင် Twin-turbo V6 Engine နှင့် လျှပ်စစ်စနစ်တို့ ပေါင်းစပ်ထားမည်ဖြစ်ကာ လျှပ်စစ်မော်တာ (၂)ခု အနည်းဆုံးပါဝင်မည်ဖြစ်ကာ ( lithium-ion Battery Pack ) လည်းပါဝင်ပါမည်။ McLaren သည် ပေါ့ပါးသည့် ကားကိုယ်ထည် အခင်းအကျင်း ကို အဓိကထားဖန်တီးသည့် Brand ဖြစ်သည့်အတွက် ပုံမှန်ထက် Weight ပိုများသည့် Hybrid Model အတွက် အလေးချိန်ကို ကျစ်လစ်စေရန် ကားကိုယ်ထည်တွင် Carbon Fiber များစွာ ပေါင်းစပ်ထားသည့်အပြင် အလေးချိန် လျော့ချနိုင်သည့် နည်းပညာများအား Chassis / Body / Powertrain / တို့တွင် ထည့်သွင်းဖန်တီးထားပါသည်။ Mid – Engine Super Carအမျိုးအစားတွင် ပါလေ့ရှိသည့် Dual Exhaust နှင့် အခြားအစိတ်အပိုင်းများစွာကိုလည်း Artura တွင် ထည့်သွင်း ထားမည်ဖြစ်သည်။ New Artura သည် အင်ဂျင်အနေဖြင့်သာ ထူးခြားမည်ဖြစ်ပြီး ကား၏ အတွင်းခန်း ဒီဇိုင်း ၊ အခင်းအကျင်းနှင့် ပါဝင်မှုများကိုမူ ပုံမှန် McLaren Model များအတိုင်းသာ ဖန်တီးမည်ဖြစ်သည်။ McLaren သည် Artura အား 2021 နှစ်လည်ခန့်တွင် စတင်ထုတ်လုပ်မည် ဖြစ်သည့်အတွက် 2022 ခန့်မှသာ ရောင်းချနိုင်ပါမည်။ ယခု Artura Model သည် 2012 တွင် မိတ်ဆက်ခဲ့သည့် McLaren P1 Concept ကိုအခြေခံကာ ဖန်တီးခြင်းဖြစ်ပါသည်။

08 Dec 2020
0