L.A ကားပြပွဲတွင် ပြသခဲ့သည့် Hyundai ၏ Sonta Cruz Compact Pickup အား မြောက်အမေရိကဈေးကွက်တွင် ရောင်းချမည်ဖြစ်ပြီး 2021 တွင် စတင်ထုတ်လုပ်မည်ဖြစ်သည်။ ၎င်းအား Hyundai Sonata နှင့် Elantra တို့ကို ထုတ်လုပ်သည်။ အမေရိကန်၊ Alabama ရှိ Montgomery Plant တွင် တပ်ဆင်ထုတ်လုပ်ပါမည်။ အဆိုပါ Compact Pickup သည် Uni body Pickup ပုံစံဖြစ်ပြီး နေစဉ်အသုံးပြုရန်အတွက် ဘက်စုံသုံးအနေအထားရှိပြီး Compact Utility Vehicle ၏ အရည်အသွေး အပြည့်အဝရရှိနိုင်ရန် စီစဉ်ထားပါသည်။ ၎င်းတွင် Crossover ကဲ့သို့ စွမ်းဆောင်ရည်နှင့် အသုံးဝင်မှုတို့ ပါရှိမည်ဖြစ်ကာ Compact ဖြစ်သည့်အနေအထားရှိသည့်အတွက် ကျစ်လစ်ပြီးပေါ့ပါးသည့် ကိုယ်ထည်သည် လမ်းနေရာမျိုးစုံအတွက် သင့်တော်မည်ဖြစ်သည်။ Santa Cruz ကဲ့သို့ Compact Pickup များအနေဖြင့် USA တွင် ထင်ရှားသည့် Model များမှာ – Ridgeling ၊ Colorado ၊ Tacoma ၊ Ranger တို့ဖြစ်သည်။ Hyundai သည် Santa Cruz Pickup ၏ Concept Model အား 2015 Detroit ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့ပါသည်။

09 Dec 2019
0
Hyundai ၏ Compact Pickup Sonata Cruz အား အမေရိကန် Alabama ရှိ စက်ရုံတွင် တပ်ဆင်မည်
Zawgyi Version…
Hyundai ၏ Compact Pickup Sonata Cruz အား အေမရိကန္ Alabama ရွိ စက္ရံုတြင္ တပ္ဆင္မည္
L.A ကားျပပြဲတြင္ ျပသခဲ့သည့္ Hyundai ၏ Sonta Cruz Compact Pickup အား ေျမာက္အေမရိကေစ်းကြက္တြင္ ေရာင္းခ်မည္ျဖစ္ၿပီး 2021 တြင္ စတင္ထုတ္လုပ္မည္ျဖစ္သည္။ ၎အား Hyundai Sonata ႏွင့္ Elantra တို႔ကို ထုတ္လုပ္သည္။ အေမရိကန္၊ Alabama ရွိ Montgomery Plant တြင္ တပ္ဆင္ထုတ္လုပ္ပါမည္။ အဆိုပါ Compact Pickup သည္ Uni body Pickup ပံုစံျဖစ္ၿပီး ေနစဥ္အသံုးျပဳရန္အတြက္ ဘက္စံုသံုးအေနအထားရွိၿပီး Compact Utility Vehicle ၏ အရည္အေသြး အျပည့္အ၀ရရွိႏိုင္ရန္ စီစဥ္ထားပါသည္။ ၎တြင္ Crossover ကဲ့သို႔ စြမ္းေဆာင္ရည္ႏွင့္ အသံုး၀င္မႈတို႔ ပါရွိမည္ျဖစ္ကာ Compact ျဖစ္သည့္အေနအထားရွိသည့္အတြက္ က်စ္လစ္ၿပီးေပါ့ပါးသည့္ ကိုယ္ထည္သည္ လမ္းေနရာမ်ိဳးစံုအတြက္ သင့္ေတာ္မည္ျဖစ္သည္။ Santa Cruz ကဲ့သို႔ Compact Pickup မ်ားအေနျဖင့္ USA တြင္ ထင္ရွားသည့္ Model မ်ားမွာ – Ridgeling ၊ Colorado ၊ Tacoma ၊ Ranger တို႔ျဖစ္သည္။ Hyundai သည္ Santa Cruz Pickup ၏ Concept Model အား 2015 Detroit ကားျပပြဲတြင္ မိတ္ဆက္ျပသခဲ့ပါသည္။